ထို့ကြောင့် အကျွန်ုပ်၏သားကို ချက်ပြုတ်၍စားကြပါ၏။ နောက်နေ့ရောက်သောအခါ အကျွန်ုပ်က သူ့အား ‘ငါတို့စားဖို့ သင့်သားကိုပေးပါ’ဟုဆိုလျှင် သူက သားကိုမပေးဘဲ ဝှက်ထားပါ၏”ဟု လျှောက်တင်လေ၏။
ယေဇကျေလ 5:10 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ထဲတွင် မိဘတို့သည် သားသမီးအသား စားကြလိမ့်မည်။ သားသမီးတို့သည်လည်း မိဘအသား စားကြလိမ့်မည်။ ငါသည် သင့်ကို အပြစ်ဒဏ်ပေးမည်။ ကြွင်းကျန်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်စေမည်’ဟု မိန့်တော်မူ၏။ Common Language Bible ထို့ကြောင့်ယေရုရှလင်မြို့ရှိမိဘသည်သား သမီးတို့ကိုစားကြလိမ့်မည်။ သားသမီး တို့သည်လည်းမိဘတို့ကိုစားကြလိမ့်မည်။ သင်တို့အနက်အသက်မသေဘဲကျန်ရစ် သူတို့ကိုလည်း ငါသည်အပြစ်ဒဏ်ခတ် လျက်အရပ်တကာသို့ပျံ့လွင့်စေမည်။'' Garrad Bible သင့် အ တွင်း တွင် အ ဖ တို့ သည် သား များ ကို လည်း ကောင်း၊ သား တို့ သည် အ ဖ များ ကို လည်း ကောင်း၊ စား ရ ကြ လျက်၊ ငါ စီ ရင် ဒဏ် ခတ် သ ဖြင့် အ ကြွင်း အ ကျန် အ ပေါင်း တို့ ကို၊ အ ရပ် လေး မျက် နှာ လေ၌ လွှင့် မည် ဟု မိန့် ဆို၏။ Judson Bible သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်မည်။ |
ထို့ကြောင့် အကျွန်ုပ်၏သားကို ချက်ပြုတ်၍စားကြပါ၏။ နောက်နေ့ရောက်သောအခါ အကျွန်ုပ်က သူ့အား ‘ငါတို့စားဖို့ သင့်သားကိုပေးပါ’ဟုဆိုလျှင် သူက သားကိုမပေးဘဲ ဝှက်ထားပါ၏”ဟု လျှောက်တင်လေ၏။
ကိုယ်တော်၏အစေအပါးမောရှေအား ‘သင်တို့ သစ္စာမဲ့လျှင် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
သင့်ကို နိုင်ထက်စီးနင်းပြုသောသူတို့အား ကိုယ့်အသားကိုယ်ပြန်စားစေမည်။ စပျစ်ဝိုင်ကဲ့သို့ ကိုယ့်သွေးကိုယ်ပြန်သောက်စေမည်။ သို့ဖြစ်၍ ငါထာဝရဘုရားသည် သင့်ကိုကယ်တင်သောအရှင်၊ သင့်ကိုရွေးနုတ်သောအရှင်၊ ယာကုပ်အမျိုး၏တန်ခိုးကြီးသောအရှင် ဖြစ်ကြောင်း လူအပေါင်းတို့သိကြရလိမ့်မည်”ဟု မိန့်တော်မူ၏။
လူတိုင်းမိမိလက်မောင်းအသားကို စားကြရ၏။ လက်ယာဘက်ကို ခုတ်ဖြတ်သော်လည်း ဆာလောင်သေး၏။ လက်ဝဲဘက်ကို စားသော်လည်း မဝကြ။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
ကောင်းကင်အရပ်လေးမျက်နှာမှ လေလေးမျိုးကို ဧလံပြည်သို့ဆောင်ခဲ့၍ ဧလံပြည်သားတို့ကို ထိုလေတို့နှင့်အတူ ကွဲလွင့်ပါသွားစေမည်။ နှင်ထုတ်ခံရသောဧလံပြည်သားများ မရောက်သည့်တိုင်းနိုင်ငံဟူ၍ ရှိမည်မဟုတ်’ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးသည် ခြင်္သေ့တို့အလိုက်ခံရ၍ တကွဲတပြားဖြစ်နေသောသိုးကဲ့သို့ဖြစ်၏။ ဦးစွာ အဆီးရီးယားဘုရင်သည် ကိုက်စား၏။ နောက်ဆုံးမှာ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် သူ့အရိုးတို့ကို ဝါးမျိုလေ၏။
သူတို့နှင့်သူတို့၏ဘိုးဘေးများမသိဖူးသော လူမျိုးခြားတို့တွင် သူတို့ကို ကွဲလွင့်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်”ဟု မိန့်တော်မူ၏။
အို ထာဝရဘုရား၊ ကြည့်ရှု၍ဆင်ခြင်တော်မူပါ။ ကိုယ်တော်သည် မည်သူ့ကို ဤကဲ့သို့ပြုတော်မူခဲ့သနည်း။ အလိုလေး၊ မိန်းမတို့သည် မိမိရင်ခွင်ပိုက်ကလေးငယ်၏အသားကို စားရတော့မည်လော။ ယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့လည်း ဘုရားရှင်၏သန့်ရှင်းရာဌာနတော်၌ ကွပ်မျက်ခံရတော့မည်လော။
သနားကြင်နာတတ်သောမိန်းမများပင်လျှင် မိမိရင်သွေးများ၏အသားကို ချက်ပြုတ်စားကြပြီ။ ငါ့လူမျိုးသမီးပျိုသည် ဆင်းရဲဒုက္ခရောက်သောကာလ၌ သူတို့ရင်သွေးသည် သူတို့အတွက် စားစရာဖြစ်လေပြီ။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
ခွေးအတို့ပင်လျှင် သားပေါက်ကို နို့တိုက်တတ်၏။ ငါ့လူမျိုးသမီးပျိုတို့မူကား ကန္တာရငှက်ကုလားအုတ်ကဲ့သို့ ရက်စက်တတ်ပါသည်တကား။
သူ့အပါး၌ ခစားသောမှူးမတ်များ၊ စစ်တပ်များကိုလည်း လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သူတို့နောက်သို့လိုက်မည်။
သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
ထွက်ပြေးသောစစ်သည်အပေါင်းတို့သည် ဓားဖြင့်သေကြရလိမ့်မည်။ ကြွင်းကျန်သောသူတို့သည်လည်း လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်ကြရလိမ့်မည်။ ထိုသို့ ငါထာဝရဘုရားမိန့်ဆိုခဲ့ကြောင်း သင်တို့သိကြရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။
သင့်ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အရပ်ရပ်သို့ ပျံ့နှံ့စေမည်။ သင်၏အညစ်အကြေးကို သင့်ထံမှ အကုန်အစင်ဖယ်ရှားပစ်မည်။
ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေပြီ။ သူတို့၏အပြုအမူအကျင့်အကြံအတိုင်း သူတို့ကို ငါစီရင်ပြီ။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
မြို့ကိုဝိုင်းထားသောနေ့စေ့သောအခါ ထိုအထဲမှ သုံးပုံတစ်ပုံကို မြို့ထဲတွင် မီးရှို့ပစ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို မြို့ထဲလှည့်လည်၍ ဓားဖြင့်ခုတ်ဖြတ်လော့။ နောက်ထပ်သုံးပုံတစ်ပုံကို လေထဲသို့လွှင့်ပစ်လိုက်လော့။ ငါသည် ထိုအစုနောက်သို့ ဓားကိုလွှတ်လိုက်မည်။
သို့သော် အပြည်ပြည်သို့ သင်တို့ကွဲလွင့်သွားသောအခါ လူမျိုးခြားတို့အလယ်တွင် ဓားဘေးမှလွတ်မြောက်သောသူကို ငါကြွင်းကျန်စေမည်။
အို ဘုရားရှင်၊ ကိုယ်တော်သည် ဖြောင့်မတ်တော်မူပါ၏။ ကိုယ်တော်အား သစ္စာမဲ့မှုကြောင့် ရပ်နီးရပ်ဝေးရှိ အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်သွားသော ယုဒလူမျိုးများ၊ ဂျေရုဆလင်မြို့သူမြို့သားများမှစ၍ အစ္စရေးအမျိုးသားများဖြစ်သည့် အကျွန်ုပ်တို့မူကား ယနေ့တိုင် အရှက်ကွဲ၍မျက်နှာပျက်ကြရပါပြီ။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
“ကြည့်ရှုလော့။ ငါမိန့်ဆိုပြီ။ လူမျိုးတကာတို့အလယ်တွင် အစ္စရေးအမျိုးအနွယ်ကို ဆန်ခါခါသကဲ့သို့ ခါချမည်။ ဆန်တစ်စေ့မျှ မြေကြီးပေါ် မကျရ။
ထာဝရဘုရားက “ထွက်ပြေးကြ၊ ထွက်ပြေးကြ၊ မြောက်အရပ်မှ ထွက်ပြေးကြ။ မိုးကောင်းကင် လေးမျက်နှာသို့ သင်တို့ကို ငါကွဲလွင့်စေပြီ”ဟု မိန့်တော်မူ၏။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
သူတို့သည် ဓားဘေးဖြင့်ကျဆုံး၍ အခြားသောပြည်အရပ်ရပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြလိမ့်မည်။ လူမျိုးခြားတို့သည်လည်း မိမိတို့အချိန်အခါများပြည့်စုံသည်အထိ ဂျေရုဆလင်မြို့ကို နင်းချေကြလိမ့်မည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
“ငါသည် သူတို့ကိုကွဲလွင့်စေမည်။ သူတို့၏အမှတ်ရစရာကို လူတို့ကြားမှ ကွယ်ပျောက်စေမည်”ဟု ငါမိန့်ဆို၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။