ယေရမိ 49:32 - မြန်မာ့စံမီသမ္မာကျမ်း32 ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။ အခန်းကိုကြည့်ပါ။Common Language Bible32 ``သူတို့၏ကုလားအုတ်မှစ၍တိရစ္ဆာန် အပေါင်းကိုယူကြလော့။ ငါသည်ဆံပင် ဖြတ်သူတို့ကိုအရပ်တကာသို့ကွဲလွင့်စေ၍ အရပ်ရပ်မှဘေးအန္တရာယ်ဆိုးနှင့်တွေ့ကြုံ စေမည်။- အခန်းကိုကြည့်ပါ။Garrad Bible32 ချင်း တို့၏ မြောက် မြား သော နွား၊ သိုး၊ ဆိတ် နှင့် ကု လား အုပ် တို့ သည်၊ လက် ရ သိမ်း ယူ ရာ ဖြစ် လျက်၊ န ဖူး ထိပ် ဆံ ရိတ် သော ထို လူ မျိုး အ ပေါ် တွင်၊ ဘေး ဥ ပဒ် ကို အ ဘက် ဘက် က ငါ သင့် စေ သ ဖြင့်၊ လေး မျက် နှာ သို့ ကွဲ လွင့် စေ မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible32 သူတို့ကုလားအုတ် အစရှိသောတိရစ္ဆာန်အပေါင်းတို့သည် လုယူရာ ဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ်သော လူမျိုးကို အရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ်တို့မှ သူတို့၌ ဘေးဥပဒ်ကို ငါရောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။