Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 12:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သူ့​အပါး​၌ ခစား​သော​မှူးမတ်​များ​၊ စစ်တပ်​များ​ကို​လည်း လေနှင်ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သူ​တို့​နောက်သို့​လိုက်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​သည်​သူ​၏​မှူး​မတ်​များ၊ အ​ကြံ​ပေး​အ​ရာ ရှိ​များ​နှင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​သွား​စေ​မည်။ လူ တို့​သည်​သူ​တို့​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ရန် လိုက်​လံ​ရှာ​ဖွေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 ခြံ ရံ စစ် ကူ သူ အ ပေါင်း တို့ ကို၊ တပ် များ နှင့် တ ကွ၊ အ ရပ် လေး မျက် နှာ လေ၌ လွှင့် ပြီး နောက်၊ ဓား တော် ကို ထုတ် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သူ့​ကို​မ​စ​ခြင်း​ငှာ ဝိုင်း​သော​သူ​တို့​နှင့် တပ်​သား​အ​ပေါင်း​တို့​ကို အ​ရပ်​ရပ်​သို့ ဖြန့်​ကြဲ​မည်။ သူ​တို့​နောက်၌​လည်း ဓား​ကို​လွှတ်​လိုက်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 12:14
10 ပူးပေါင်းရင်းမြစ်များ  

ထို​အီဂျစ်​ပြည်​၌ပင် သင်​တို့​ကြောက်ရွံ့​သော​ဓားဘေး​သည် သင်​တို့​ကို​မီ​လိမ့်မည်​။ သင်​တို့​ထိတ်လန့်​သော ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​သည်​လည်း အီဂျစ်​ပြည်​အထိပင် သင်​တို့​နောက်သို့ ကပ်လိုက်​လာ​လိမ့်မည်​။ ထို​အရပ်​၌​ပင် သင်​တို့​သေ​ရ​လိမ့်မည်​။


ထို့ကြောင့် သင်​တို့​သွားရောက်​နေထိုင်​မည့်​ပြည်​၌ သင်​တို့​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ကြ​ရ​မည်​ကို အသေအချာ​မှတ်​ထား​ကြ​လော့​”​ဟု ပြောဆို​လေ​၏​။


ထာဝရဘုရား​က “​သူ​တို့​၏​ကုလားအုတ်​များ​ကို လုယူ​၍ တိရစ္ဆာန်​အလုံးအရင်း​ကို သိမ်းယူ​သွား​မည်​။ နားသယ်မွေး​ရိတ်​သော​သူ​တို့​ကို လေနှင်​ရာ​အရပ်ရပ်​သို့ ငါ​ကွဲလွင့်​စေ​မည်​။ လေးဘက်လေးတန်​မှ​ဘေးဒုက္ခ​ကို သူ​တို့​ထံ ငါ​ရောက်​စေ​မည်​။


“သို့မဟုတ် တိုင်းပြည်​တွင် ဓားဘေး​ကျရောက်​စေ”​ဟု ငါ​အမိန့်ပေး​သဖြင့် ဓားဘေး​ကျရောက်​၍ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​ဆို​ပါစို့​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ဂျေရုဆလင်​မြို့​ထဲသို့ ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ သားရဲတိရစ္ဆာန်​ဘေး​၊ ကပ်ရောဂါ​ဘေး စသော ဘေးဆိုး​လေး​မျိုး​ဖြင့်​ဒဏ်ခတ်​ပြီး လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​သောအခါ ပို၍​ဆိုးဝါး​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ထွက်ပြေး​သော​စစ်သည်​အပေါင်း​တို့​သည် ဓား​ဖြင့်​သေ​ကြ​ရ​လိမ့်မည်​။ ကြွင်းကျန်​သော​သူ​တို့​သည်​လည်း လေနှင်ရာ​အရပ်ရပ်​သို့ ကွဲလွင့်​ကြ​ရ​လိမ့်မည်​။ ထိုသို့ ငါ​ထာဝရဘုရား​မိန့်ဆို​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


မြို့​ကို​ဝိုင်း​ထား​သော​နေ့​စေ့​သောအခါ ထို​အထဲ​မှ သုံးပုံတစ်ပုံ​ကို မြို့​ထဲ​တွင် မီးရှို့​ပစ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို မြို့​ထဲ​လှည့်လည်​၍ ဓား​ဖြင့်​ခုတ်ဖြတ်​လော့​။ နောက်ထပ်​သုံးပုံတစ်ပုံ​ကို လေ​ထဲသို့​လွှင့်ပစ်​လိုက်​လော့​။ ငါ​သည် ထို​အစု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်​။


ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ