ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယေဇကျေလ 3:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။ Common Language Bible ``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။- Garrad Bible သူ တော် ကောင်း သည် ကိုယ့် ကောင်း မှု မှဖောက် ပြန်၍၊ မ တ ရား ပြု မိ သ ဖြင့်၊ ခ လုတ် ကို ငါ ထား သည့် အ လျောက် သေ ဒဏ် ခံ သော်၊ သင် ဆုံး မ ပြီ မ ဟုတ် က၊ ပြု ဖူး သော ကောင်း မှု များ ကို အ ရေး ယူ တော် မူ ခွင့် မ ရ ဘဲ၊ ကိုယ့် အ ပြစ် ကြောင့် သေ ဒဏ် ခံ ရ လျက် ပင်၊ အ သွေး ကို ကား၊ သင့် ထံ ငါ တောင်း ဆို မည်။ Judson Bible တစ်ဖန်တုံ၊ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ ဒုစရိုက်ကိုပြုလျှင်လည်းကောင်း၊ ထိမိ၍ လဲစရာအကြောင်းကို သူ့ရှေ့မှာ ငါထားလျှင်လည်းကောင်း သူသည် သေလိမ့်မည်။ သင်သည် သတိမပေးသောကြောင့်၊ သူသည် မိမိအပြစ်၌ သေလိမ့်မည်။ သူကျင့်ဖူးသော တရားကို ပမာဏမပြုရ။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။ |
ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။
ကိုယ်တော်၏တရားကိုမြတ်နိုးသောသူတို့၌ ကြီးစွာသောငြိမ်သက်ခြင်းရှိပါ၏။ မည်သည့်အရာမျှ သူတို့အတွက် ခလုတ်တံသင်းဖြစ်မည်မဟုတ်ပါ။
မိမိတို့၏ကောက်ကျစ်သောလမ်းများဘက်သို့ လှည့်သွားသောသူတို့ကိုကား ထာဝရဘုရားသည် အပြစ်ဒုစရိုက်ပြုသောသူတို့နှင့်အတူ နှင်ထုတ်တော်မူလိမ့်မည်။ အစ္စရေးလူမျိုး၌ ငြိမ်သက်ခြင်းရှိပါစေသော။
သူ၏နှုတ်ထွက်စကားတို့သည် ယုတ်ညံ့၍လိမ်လည်လှည့်ဖြားတတ်၏။ သူသည် ပညာသတိရှိခြင်းနှင့် ကောင်းသောအမှုပြုခြင်းကို စွန့်လေပြီ။
ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။
ထို့နောက်မှ သင်တို့စိတ်ပြောင်း၍ ငါ့နာမကို ရှုတ်ချကြ၏။ သင်တို့အားလုံးသည် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သူတို့သဘောအတိုင်း လွတ်မြောက်ခွင့်ပေးပြီးမှ သူတို့ကိုပြန်ခေါ်၍ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ကျွန်ပြန်ပြုစေကြ၏’ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ဤလူမျိုးရှေ့တွင် ခလုတ်တံသင်းကိုချထားမည်။ အဖေနှင့်သားတို့သည် ခလုတ်တိုက်လဲကျကြလိမ့်မည်။ အိမ်နီးနားချင်းနှင့်အပေါင်းအဖော်တို့သည် ပျက်စီးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ ဤလူတို့သည် သူတို့စိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ သူတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ငါ့အားမေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။
‘ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ရာလမ်းမှလွဲ၍ ဆိုးယုတ်သောသူတို့ကဲ့သို့ မတရားမှု၊ စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ပြုလျှင် သူသည် အသက်ချမ်းသာရာရမည်လော။ သူပြုခဲ့သောဖြောင့်မတ်ခြင်းအမှုတို့ကို အမှတ်ရမည်မဟုတ်။ သူသည် ဖောက်ပြန်၍ အပြစ်ပြုသောကြောင့် သေရမည်။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုသို့ပြုသောကြောင့် သေရမည်။ စင်စစ် သူပြုခဲ့သောမကောင်းမှုကြောင့် သူသေရမည်။
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
ဖြောင့်မတ်သောသူသည် ဖြောင့်မတ်ခြင်းလမ်းမှလွဲ၍ မကောင်းမှုကိုပြုလျှင် ထိုအမှုကြောင့် သူသေရမည်။
သို့သော် ကင်းစောင့်သည် ဓားဘေးကျရောက်မည်ကို သိမြင်သော်လည်း တံပိုးကိုမမှုတ်ဘဲနေ၍ ပြည်သားတို့သည် သတိပေးခြင်းမခံရသဖြင့် ဓားဘေးကျရောက်၍ သူတို့အသက်ဆုံးသွားလျှင် သူသည် အပြစ်ကြောင့် သေသွားရသော်လည်း သူ့အသက်ကို ကင်းစောင့်ထံ ငါပြန်တောင်းမည်’ဟု မိန့်တော်မူ၏။
သူတို့၏ငွေကို လမ်းများပေါ်သို့ လွှင့်ပစ်ကြလိမ့်မည်။ ရွှေသည်လည်း မစင်ကြယ်သောအရာကဲ့သို့ ဖြစ်လိမ့်မည်။ ထာဝရဘုရား၏အမျက်တော်နေ့၌ သူတို့၏ရွှေငွေသည် သူတို့ကိုမကယ်တင်နိုင်ပါ။ ရွှေငွေတို့သည် သူတို့စိတ်အလိုကို ပြည့်စုံစေနိုင်မည်မဟုတ်။ ဝမ်းကို ဖြည့်ပေးနိုင်မည်မဟုတ်။ အကြောင်းမူကား ရွှေငွေသည် သူတို့ကို အပြစ်နွံထဲ လဲကျစေသောအကြောင်းရင်း ဖြစ်၏။
အို ဘုရားသခင်၊ နားတော်ကို လှည့်၍ ကြားတော်မူပါ။ မျက်စိတော်ကို ဖွင့်၍ ပျက်စီးသွားသောအကျွန်ုပ်တို့နေရာ၊ နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်တော်မူသောမြို့တော်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်မဟုတ်ဘဲ ကြီးမားသောကရုဏာတော်ကိုသာ မျှော်ကိုးလျက် ရှေ့တော်၌ အသနားတော်ခံပါ၏။
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
ထာဝရဘုရားနောက်တော်သို့မလိုက်ဘဲ လှည့်ပြန်သောသူများ၊ ထာဝရဘုရားကို မရှာဖွေ မစူးစမ်းသောသူများကို ငါဖျက်ဆီးပစ်မည်။”
သင်၏ညီအစ်ကိုသည် သင့်အားပြစ်မှားလျှင် သွား၍ နှစ်ကိုယ်ကြား သူ့ကိုဆိုဆုံးမလော့။ သူသည် သင်၏စကားကိုနားထောင်လျှင် သင်၏ညီအစ်ကိုကို သင်ရရှိပြီ။
ထို့နောက် ရှိမောင်သည် သူတို့ကိုကောင်းချီးပေး၍ မယ်တော်မာရိအား “ဤသူငယ်သည် အစ္စရေးလူမျိုးထဲမှ လူများစွာတို့ကို လဲစေသည့်အကြောင်းနှင့် ထစေသည့်အကြောင်းဖြစ်ပြီး ဆန့်ကျင်ပြောဆိုခြင်းခံရမည့်အမှတ်လက္ခဏာဖြစ်ရန် ခန့်အပ်ထားခြင်းခံရ၏။
ကောင်းသောမြေ၌ကျသည်ဆိုသည်မှာ ကြည်လင်ကောင်းမြတ်သောစိတ်နှလုံးဖြင့် တရားစကားကိုကြား၍ ၎င်းကိုစွဲကိုင်ထားကာ သည်းခံသောအားဖြင့် အသီးသီးသောသူတို့ကိုဆိုလို၏။
ဒါဝိဒ်ကလည်း “သူတို့၏စားပွဲသည် သူတို့အတွက် ကျော့ကွင်းသော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း၊ မှားယွင်းစေသောအရာသော်လည်းကောင်း၊ လက်တုံ့ပြန်စရာသော်လည်းကောင်း ဖြစ်ပါစေ။
ငါတို့မူကား လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည် ဂျူးလူမျိုးတို့အတွက် မှားယွင်းစရာအကြောင်းဖြစ်ပြီး လူမျိုးခြားတို့အတွက် မိုက်မဲသောအရာဖြစ်၏။
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ သူ၏စကားတို့ကို နားမထောင်နှင့်။ အကြောင်းမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်သည်၊ မချစ်သည်ကိုသိရှိတော်မူရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို စမ်းသပ်တော်မူ၏။
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်”ဟူ၍ ဖော်ပြထား၏။
သင်တို့၏ခေါင်းဆောင်များသည် ဖြေရှင်းချက်ပေးရမည့်သူအဖြစ် သင်တို့၏စိတ်ဝိညာဉ်အတွက် နိုးနိုးကြားကြားရှိနေကြသည်ဖြစ်၍ သူတို့သည် ညည်းတွားခြင်းမရှိဘဲ ဝမ်းမြောက်စွာဖြင့် ထိုအမှုကိုဆောင်ရွက်နိုင်ရန် သူတို့စကားကိုနားထောင်လျက် ကျိုးနွံနာခံကြလော့။ သို့မဟုတ်လျှင် သင်တို့အတွက် အကျိုးရှိလိမ့်မည်မဟုတ်။
“ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်” ဖြစ်၏။ သူတို့သည် နှုတ်ကပတ်တရားကို မယုံကြည်သောကြောင့် ခလုတ်တိုက်ကြ၏။ ထိုသို့ဖြစ်ရန် သူတို့ကို သတ်မှတ်ထားခြင်းလည်းဖြစ်၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။