Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 8:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ကိုယ်တော်​သည် သန့်ရှင်းရာဌာန​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ သို့သော် အစ္စရေး​အမျိုးအနွယ်​နှစ်မျိုးစလုံး​အတွက် ခလုတ်တိုက်စရာ​ကျောက်​၊ ထိမိ​၍​လဲစရာ​ကျောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​အတွက် ကျော့ကွင်း​၊ ထောင်ချောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​မှု​သည်​ထိတ်​လန့်​အံ့​သြ ဖွယ်​ဖြစ်​သ​ဖြင့်၊ ငါ​သည်​လူ​တို့​တိုက်​မိ​၍​လဲ စ​ရာ​ကျောက်​နှင့်​တူ​၏။ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့​အား ထောင်​ဖမ်း​မည့်​ကျော့​ကွင်း နှင့်​လည်း​တူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သို့ ပြု လျှင် ကိုယ် တော် သည်၊ သင် တို့ ခို လှုံ ရာ ဖြစ် လေ အံ့။ ဣ သ ရေ လ လူ မျိုး နှစ် မျိုး တွင် မူ ကား၊ တိုက် လဲ ရာ ကျောက်၊ ထိ လဲ ရာ ကျောက် ဖြစ် သည့် ပြင်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့၌၊ ထောင် ကိုင်း နှင့် ညွတ် ကွင်း သ ဖွယ် ဖြစ် တော် မူ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ထို​သို့​ပြု​လျှင်၊ ထို​ဘု​ရား​သည် သင်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင် ဣ​သ​ရေ​လ​လူ​နှစ်​မျိုး​တို့ ထိ​မိ၍​လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၌ ကျော့​ကွင်း​နှင့် ထောင်​ချောက် ဖြစ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 8:14
24 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။


မောက်မာ​သော​သူ​တို့​သည် ကြိုး​များ​ဖြင့် အကျွန်ုပ်​အတွက်​ကျော့ကွင်း​ကို လျှို့ဝှက်​စွာ​ထောင်​ထား​ကြ​ပါ​၏​။ သူ​တို့​သည် လမ်း​ပေါ်တွင်​ပိုက်ကွန်​ကို​ဖြန့်​ထား​လျက် အကျွန်ုပ်​အတွက် ထောင်ချောက်​များ​ဆင်​ထား​ကြ​ပါ​၏​။(​စေလာ)


သူ​တို့​ရှေ့​၌​ရှိ​သော​စားပွဲ​သည် ကျော့ကွင်း​သော်​လည်းကောင်း​၊ လက်တုံ့ပြန်စရာ​သော်​လည်းကောင်း​၊ ထောင်ချောက်​သော်​လည်းကောင်း ဖြစ်​ပါစေ​။


ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။


အကြောင်းမူကား ကိုယ်တော်​သည် ဆင်းရဲသား​တို့​မှီခို​ရာ​၊ ဒုက္ခ​ရောက်​နေ​သော​နွမ်းပါး​သူ​တို့​မှီခို​ရာ​၊ မုန်တိုင်း​ထဲမှ ခိုလှုံ​ရာ​၊ အပူရှိန်​မှ​ကာကွယ်​ပေး​သော အရိပ်အာဝါသ ဖြစ်​တော်မူ​၏​။ ကြမ်းကြုတ်​သော​သူ​တို့​၏​ဒေါသ​သည် နံရံ​ကို​တိုက်ဖြို​သော​မုန်တိုင်း​ကဲ့သို့​ဖြစ်​၏​။


ငါ့​လူမျိုး​တော်​တို့​၊ သွား​လော့​။ သင့်​အခန်း​ထဲသို့​ဝင်​၍ တံခါး​ကို ပိတ်​ထား​လော့​။ အမျက်​တော်​ပြေ​သည့်​တိုင်အောင် ခေတ္တ​ခဏ​ပုန်း​နေ​လော့​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ အစစ်ခံ​ပြီး​သော​ကျောက်​၊ တည်​ထား​သော​အုတ်မြစ်​အတွက် အဖိုးတန်​သော​ထောင့်ချုပ်ကျောက်​ကို ဇိအုန်​တောင်​ပေါ်တွင် ငါ​ချ​ထား​၏​။ ထို​ကျောက်​ကို ယုံကြည်​သော​သူ​သည် စိုးရိမ်​တုန်လှုပ်​မည်​မ​ဟုတ်​။


နေ့​အချိန် အပူရှိန်​ကို​ကာကွယ်​ပေး​သော​အရိပ်​၊ မိုးသက်မုန်တိုင်း​ဘေး​မှ ခိုလှုံ​ရာ​၊ ကွယ်ကာ​ရာ​အဖြစ် တဲ​လည်း​ရှိ​မည်​။


ငါ​တို့​သည် မျက်မမြင်​ကဲ့သို့ နံရံ​ကို​လိုက်စမ်း​ရ​၏​။ မျက်စိ​မ​ပါ​သော​သူ​ကဲ့သို့ လိုက်စမ်း​ရ​၏​။ မှောင်ရီပျိုး​ချိန်​၌ ခလုတ်တိုက်​သကဲ့သို့ မွန်းတည့်ချိန်​မှာပင် ခလုတ်တိုက်​ကြ​၏​။ သန်မာ​သော​သူ​များ​ကြား​၌ လူသေ​ကဲ့သို့​ဖြစ်​ကြ​၏​။


အကြောင်းမူကား ထို​သူငယ်​သည် အဆိုး​ကို​ပယ်​၍ အကောင်း​ကို​မ​ရွေးချယ်​တတ်​မီ သင်​တို့​ကြောက်ရွံ့​သော​ရှင်ဘုရင်​နှစ်​ပါး​၏​ပြည်​သည် စွန့်ပစ်​ခြင်း​ခံရ​လိမ့်မည်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ရှေ့​တွင် ခလုတ်တံသင်း​ကို​ချထား​မည်​။ အဖေ​နှင့်​သား​တို့​သည် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။ အိမ်နီးနားချင်း​နှင့်​အပေါင်းအဖော်​တို့​သည် ပျက်စီး​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ‘ဘုရားရှင်​ထာဝရဘုရား​က ငါ​သည် သူ​တို့​ကို လူမျိုးခြား​တို့​နေရာ ရပ်ဝေး​သို့​ပို့​၍ အရပ်ရပ်​သို့​ကွဲလွင့်​စေ​သော်လည်း သူ​တို့​ရောက်ရှိ​ရာ​အရပ်ရပ်​တွင် ငါ​သည် သူ​တို့​အဖို့ ယာယီ​သန့်ရှင်းရာဌာန​ဖြစ်​မည်​ဟူ၍ မိန့်​တော်မူ​သည်’​ဟု ပြောကြား​လော့​။


ထိုနည်းတူ ဖြောင့်မတ်​သော​သူ​သည် ဖောက်ပြန်​၍ မကောင်းမှု​ကို​ပြု​လျှင် ငါ​သည် သူ့​ရှေ့​၌ ခလုတ်တံသင်း​ချ​ထား​မည်​။ သူ​သေ​ရ​မည်​။ သူ​ဖြောင့်မတ်​ခဲ့​သည်​များ​ကို ပြန်​မ​အောက်မေ့​။ သူ့​အပြစ်​အတွက် သူ​သေ​ရ​မည်​ဖြစ်​သော်လည်း သင်​သည် သူ့​ကို​သတိ​မ​ပေး​သောကြောင့် သူ့​အသက်​ကို သင့်​ထံမှ ပြန်တောင်း​မည်​။


ကိုယ်တော်​အပေါ် ဘဝင်မကျ​ဖြစ်​ကြ​၏။ ယေရှု​က​လည်း“ပရောဖက်​သည် မိမိ​၏​နေရင်း​မြို့​နှင့် မိမိ​၏​အိမ်​တို့​မှတစ်ပါး မည်သည့်​အရပ်​၌​မျှ ဂုဏ်သရေ​မဲ့​သည်​ဟူ၍​မ​ရှိ”​ဟု မိန့်​တော်မူ​၏။


[ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်]”​ဟု မိန့်​တော်မူ​၏။


ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။


အကြောင်းမူကား ထို​နေ့ရက်​သည် မြေ​တစ်ပြင်လုံး​၌​နေထိုင်​သူ​အပေါင်း​တို့​အပေါ်သို့ သက်ရောက်​လာ​လိမ့်မည်။


မိမိ​အပေါ် ကိုယ်တော်​ကျေးဇူး​တုံ့ပြန်​ရ​လေ​အောင် မည်သူ​သည် ကိုယ်တော်​အား ဦးစွာ​ကျေးဇူးပြု​ဖူး​သနည်း။”


ယောရှု​သည်​လည်း ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သူရဲ​အပေါင်း​တို့​နှင့်တကွ စစ်တပ်​တစ်တပ်လုံး​ကို​ခေါ်​၍ ဂိလဂါလ​အရပ်​မှ စစ်ချီထွက်​လေ​၏​။


“​ခလုတ်တံသင်း​ဖြစ်​သော​ကျောက်၊ မှားယွင်း​စေ​သော​ကျောက်” ဖြစ်​၏။ သူ​တို့​သည် နှုတ်ကပတ်​တရား​ကို မ​ယုံကြည်​သောကြောင့် ခလုတ်တိုက်​ကြ​၏။ ထိုသို့​ဖြစ်​ရန် သူ​တို့​ကို သတ်မှတ်​ထား​ခြင်း​လည်း​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ