Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 18:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 တစ် နည်း၊ ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန်၍၊ လူ ဆိုး ပြု သ မျှ သော ရွံ ရှာ ဖွယ် မှု များ အ လိုက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ အ သက် ချမ်း သာ ရ မည် လော၊ ပြု ဖူး သော ဖြောင့် မတ် မှု များ ကို၊ အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ သ စ္စာ တော် ကို ဖောက် ကျော် ၍ ပြစ် မှား သော ပြစ် မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 သို့​ရာ​တွင် တ​ရား​သော​သူ​သည် ဖောက်​ပြန်၍၊ အ​ဓ​မ္မ​အ​မှု​ကို​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​ပြု​သ​မျှ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ် အ​မှု​တို့​ကို​လည်း​ကောင်း​ပြု​လျှင်၊ အ​သက်​ရှင်​ရ​မည်​လော။ အ​ရင်​ပြု​သ​မျှ​သော ဖြောင့်​မတ်​ခြင်း​အ​မှု​တို့​ကို မ​မှတ်၊ သူ​သည် လွန်​ကျူး​သော​အ​မှု၊ ပြစ်​မှား​သော​အ​ပြစ်​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 18:24
42 ပူးပေါင်းရင်းမြစ်များ  

ယောရှ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ယောယဒ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​ရှေ့​တော်​တွင် ဖြောင့်မှန်​စွာ​ပြုကျင့်​၏​။


မိမိ​တို့​၏​ကောက်ကျစ်​သော​လမ်း​များ​ဘက်​သို့ လှည့်သွား​သော​သူ​တို့​ကို​ကား ထာဝရဘုရား​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​နှင့်အတူ နှင်ထုတ်​တော်မူ​လိမ့်မည်​။ အစ္စရေး​လူမျိုး​၌ ငြိမ်သက်​ခြင်း​ရှိ​ပါစေသော​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​သော​မကောင်းမှု​ထဲ၌ လဲကျ​လိမ့်မည်​။ ဖြောင့်မတ်​သော​သူ​မူကား သူ​၏​သေ​ခြင်း​ထဲ၌ပင် ခိုလှုံ​ရာ​ကို​တွေ့​လိမ့်မည်​။


ပညာသတိ​လမ်း​မှ​လွဲသွား​သော​သူ​သည် သေသူ၏ဝိညာဉ်​အစုအဝေး​ထဲ၌ နေရာ​ကျ​လိမ့်မည်​။


ထို့နောက်မှ သင်​တို့​စိတ်ပြောင်း​၍ ငါ့​နာမ​ကို ရှုတ်ချ​ကြ​၏​။ သင်​တို့​အားလုံး​သည် ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​တို့​ကို သူ​တို့​သဘော​အတိုင်း လွတ်မြောက်​ခွင့်​ပေး​ပြီးမှ သူ​တို့​ကို​ပြန်ခေါ်​၍ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ကျွန်​ပြန်​ပြု​စေ​ကြ​၏’​ဟု မိန့်​တော်မူ​၏​။


ငါ​သည် သူ့​ကို​ပိုက်ကွန်​နှင့်​အုပ်​သဖြင့် သူ​သည် ပိုက်ကွန်​၌​မိ​လိမ့်မည်​။ သူ့​ကို ဘေဘီလုံ​ပြည်​သို့​ခေါ်ဆောင်​သွား​မည်​။ သူ​သည် ဖောက်ပြန်​၍ ငါ့​ကို​ပြစ်မှား​သောကြောင့် ထို​အရပ်​၌​ပင် သူ့​ကို ငါ​စစ်ကြောစီရင်​မည်​။


သူ​၏​ဖခင်​သည် ညီအစ်ကို​တို့​ကို ရက်ရက်စက်စက်​နှိပ်စက်​၍ သူ​တို့​၏​ဥစ္စာ​ကို မတရား​လုယူ​ပြီး မိမိ​လူမျိုး​တို့​တွင် မ​ကောင်း​သော​အမှု​ကို​ပြုကျင့်​သောကြောင့် ကြည့်ရှု​လော့​။ သူ​သည် မိမိ​အပြစ်​အတွက်​သေ​ရ​လိမ့်မည်​။


သူ​ကျူးလွန်​ခဲ့​သော​အပြစ်​များ​ကို မှတ်ထား​မည်​မ​ဟုတ်​။ ဖြောင့်မတ်​စွာ​ပြုကျင့်​သောကြောင့် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။


ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထိုသို့​ပြု​သောကြောင့် သေ​ရ​မည်​။ စင်စစ် သူ​ပြု​ခဲ့​သော​မကောင်းမှု​ကြောင့် သူ​သေ​ရ​မည်​။


ထို့ကြောင့် အချင်း​လူသား​၊ သင်​သည် အစ္စရေး​အမျိုးအနွယ်​အား ‘​ဘုရားရှင်​ထာဝရဘုရား​က သင်​တို့​၏​ဘိုးဘေး​တို့​သည် ဤနည်းဖြင့် ဖောက်ပြန်မှားယွင်း​၍ ငါ့​အား​စော်ကားပြောဆို​ကြ​ပြီ​။


ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ခြင်း​လမ်း​မှ​လွဲ​၍ မကောင်းမှု​ကို​ပြု​လျှင် ထို​အမှု​ကြောင့် သူ​သေ​ရ​မည်​။


သို့သော် ကင်းစောင့်​သည် ဓားဘေး​ကျရောက်​မည်​ကို သိမြင်​သော်လည်း တံပိုး​ကို​မ​မှုတ်​ဘဲ​နေ​၍ ပြည်သား​တို့​သည် သတိပေး​ခြင်း​မ​ခံရ​သဖြင့် ဓားဘေး​ကျရောက်​၍ သူ​တို့​အသက်ဆုံး​သွား​လျှင် သူ​သည် အပြစ်​ကြောင့် သေသွား​ရ​သော်လည်း သူ့​အသက်​ကို ကင်းစောင့်​ထံ ငါ​ပြန်တောင်း​မည်’​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​နောက်​တော်​သို့​မ​လိုက်​ဘဲ လှည့်ပြန်​သော​သူ​များ​၊ ထာဝရဘုရား​ကို မ​ရှာဖွေ မ​စူးစမ်း​သော​သူ​များ​ကို ငါ​ဖျက်ဆီး​ပစ်​မည်​။”


လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


တစ်ဖန် ကိုယ်တော်​က“ငါ​သည်​သွား​ရ​တော့မည်။ သင်​တို့​ကား ငါ့​ကို​ရှာ​လျက် ကိုယ့်​အပြစ်​၌​သေ​ကြ​လိမ့်မည်။ ငါ​သွား​ရာ​အရပ်​သို့ သင်​တို့​မ​လာ​နိုင်​ကြ”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သင်​တို့​သည် ဤမျှလောက် မိုက်မဲ​ကြ​သလော။ ဝိညာဉ်​တော်​အားဖြင့်​အစပြု​ခဲ့​ပြီးမှ ယခု သွေးသား​ဇာတိ​အားဖြင့် အဆုံးသတ်​လို​ကြ​သလော။


သင်​တို့​သည် ဤမျှလောက် များစွာ​သော​ဒုက္ခ​ဝေဒနာ​ကို အချည်းနှီး​ခံစား​ခဲ့​ကြ​ပြီ​လော။ ၎င်း​သည် အမှန်ပင် အချည်းနှီး​ဖြစ်​သလော။


သင်​တို့​သည် ကောင်း​စွာ​ပြေး​ခဲ့​ကြ​၏။ သမ္မာတရား​ကို​မ​လိုက်နာ​စေရန် မည်သူ​က သင်​တို့​ကို အနှောင့်အယှက်​ပေး​သနည်း။


ထို​သူ​တို့​သည် ငါ​တို့​ထံမှ ထွက်သွား​ကြ​၏။ သို့သော် သူ​တို့​သည် ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်။ ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မှန်လျှင် ငါ​တို့​နှင့်အတူ​နေ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့ရာတွင် သူ​တို့​ထွက်သွား​ကြ​သည်မှာ သူ​တို့​အားလုံး ငါ​တို့​နှင့်​စပ်ဆိုင်​သူ​မ​ဟုတ်​ကြောင်း ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်​၏။


သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။


သူ​တို့​သည် သင်​တို့​နှင့်အတူ​စား​သောက်​သောအခါ ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ မိမိ​တို့​အတွက်​သာ ဂရုစိုက်​လျက် သင်​တို့​၏​မေတ္တာ​ပွဲ​၌ အစွန်းအထင်း​များ​ဖြစ်​ကြ​၏။ သူ​တို့​သည် လေ​၌​လွင့်ပါ​သွား​သော မိုးရေ​မ​ပါ​သည့်​မိုးတိမ်​များ၊ အမြစ်​ပါ​မကျန်​ဆွဲနုတ်​ခံရ​၍ နှစ်​ကြိမ်​သေ​သည့် အသီး​မ​သီး​သော ဆောင်းဦး​ကာလ​သစ်ပင်​များ၊


သင်​ခံစား​ရ​တော့မည့် ဒုက္ခ​ဝေဒနာ​များ​ကို မ​ကြောက်​နှင့်။ ကြည့်ရှု​လော့။ သင်​သည် စမ်းသပ်​စစ်ဆေး​ခြင်း​ကို​ခံရ​မည့်​အကြောင်း မာရ်နတ်​သည် သင်​တို့​အထဲမှ အချို့​တို့​ကို ထောင်​ထဲ၌​ထည့်​ထား​တော့မည်။ သင်​တို့​သည် ဆယ်​ရက်​ပတ်လုံး ဆင်းရဲ​ဒုက္ခ​ကို​ခံ​ကြ​ရ​လိမ့်မည်။ အသေခံ​ရ​သည့်​တိုင်အောင် သစ္စာ​စောင့်​လော့။ သို့ပြုလျှင် အသက်​သရဖူ​ကို သင့်​အား ငါ​ပေး​မည်။


ငါ​သည် အလျင်အမြန်​လာ​မည်။ သင်​၏​သရဖူ​ကို မည်သူမျှ​မ​လုယူ​စေရန် သင်​၌​ရှိ​သော​အရာ​ကို စွဲကိုင်​ထား​လော့။


“​ရှောလု​ကို ဘုရင်​တင်မြှောက်​မိ​၍ ငါ​ဝမ်းနည်း​၏​။ သူ​သည် ငါ့​စကား​ကို မ​နာခံ​၊ ငါ့​ထံ​မှ​လမ်းလွဲ​သွား​ပြီ​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ ရှမွေလ​သည် စိတ်မချမ်းမသာ​ဖြစ်​၍ ထာဝရဘုရား​ထံ တစ်ညလုံး​အော်ဟစ်​ဆုတောင်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ