Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 2:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထို့နောက် ရှိမောင်​သည် သူ​တို့​ကို​ကောင်းချီး​ပေး​၍ မယ်တော်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေး​လူမျိုး​ထဲမှ လူ​များစွာ​တို့​ကို လဲ​စေ​သည့်​အကြောင်း​နှင့် ထ​စေ​သည့်​အကြောင်း​ဖြစ်​ပြီး ဆန့်ကျင်​ပြောဆို​ခြင်း​ခံရ​မည့်​အမှတ်​လက္ခဏာ​ဖြစ်​ရန် ခန့်အပ်​ထား​ခြင်း​ခံရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 သူ တို့ ကို ကောင်း ကြီး ပေး ပြီး လျှင် မယ် တော် မာ ရိ အား ရှု မောင် က၊ နား ထောင် လော့။ ဤ သူ ငယ် တော် သည် ဣ သ ရေ လ လူ မျိုး တွင် အ များ တို့ လဲ ကျ စေ ရာ၊ အ များ တို့ ထ မြောက် စေ ရာ အ ဖြစ် ငြင်း ပယ် ကြ မည့် နိ မိတ် လ က္ခ ဏာ အ ဖြစ် ထား သူ နေ သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

34 ထို့နောက် ရှိမောင်​သည် သူတို့​ကို ကောင်းချီးပေး​၍ မိခင်​မာရိ​အား “ဤ​သူငယ်​သည် အစ္စရေးလူမျိုး​ထဲမှ လူ​များစွာ​ကို လဲ​စေရန်​သော်လည်းကောင်း၊ များစွာ​ကို ထ​စေရန်​သော်လည်းကောင်း ခန့်အပ်ခြင်း​ခံရသော​သူ​ဖြစ်၏။ ဆန့်ကျင်ခြင်း​ခံရမည့် နိမိတ်​လက္ခဏာ​အဖြစ် စေလွှတ်ခံရသော​သူလည်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

34 ရှု​မောင်​သည်​လည်း သူ​တို့​ကို ကောင်း​ကြီး​ပေး၍ မယ်​တော်​မာ​ရိ​အား၊ ဤ​သူ​ငယ်​ကား ဣ​သ​ရေ​လ​လူ​အ​များ လဲ​မည်​အ​ကြောင်း၊ အ​များ ထ​မည်​အ​ကြောင်း၊ လူ​အ​များ​တို့၏​အ​ကြံ​အ​စည်​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငြင်း​ခုံ​စ​ရာ​ဖြစ်​မည်​အ​ကြောင်း ခန့်​ထား​သော​သူ​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 2:34
38 ပူးပေါင်းရင်းမြစ်များ  

သူ​သည် အာဗြံ​ကို​ကောင်းချီးပေး​လျက် “​ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​၊ အမြင့်ဆုံး​သော​ဘုရားသခင်​သည် အာဗြံ​ကို​ကောင်းချီးပေး​တော်မူ​ပါစေသော​။


ထို့နောက် ယောသပ်​သည် မိမိ​ဖခင်​ယာကုပ်​ကို​ခေါ်ဆောင်​လာ​၍ ဖာရော​မင်းကြီး​၏​ရှေ့​၌​ရပ်​စေ​၏​။ ယာကုပ်​သည်​လည်း ဖာရော​မင်းကြီး​ကို​ကောင်းချီးပေး​လေ​၏​။


မောရှေ​သည် အစ္စရေး​အမျိုးသား​တို့ လုပ်ဆောင်​သော​အလုပ်​အားလုံး​ကို စစ်ဆေးကြည့်​သောအခါ သူ​တို့​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း လုပ်ဆောင်​ကြ​သည်​ကို မြင်​လေ​၏​။ ထို့ကြောင့် မောရှေ​သည် သူ​တို့​ကို​ကောင်းချီးပေး​လေ​၏​။


ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။


မည်သူ​သည် ပညာရှိ​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို နားလည်​ပါစေ​။ မည်သူ​သည် ပိုင်းခြား​သိမြင်​နိုင်​သနည်း​၊ သူ​သည် ထို​အရာ​တို့​ကို သိနားလည်​ပါစေ​။ ထာဝရဘုရား​၏​နည်းလမ်း​တော်​သည် ဖြောင့်မတ်​သည်​ဖြစ်၍ ဖြောင့်မတ်​သော​သူ​တို့​သည် ထို​လမ်း​တော်​၌ လိုက်လျှောက်​ကြ​လိမ့်မည်​။ မတရား​သော​သူ​တို့​မူကား ထို​လမ်း​တော်​တွင် ခလုတ်တိုက်​လဲကျ​ကြ​လိမ့်မည်​။


လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။


ကိုယ်တော်​သည် လူထု​ပရိသတ်​တို့​အား မြွက်ဆို​တော်မူ​စဉ် ကိုယ်တော်​၏​မယ်တော်​နှင့်​ညီ​တော်​တို့​သည် ကိုယ်တော်​နှင့်​စကား​ပြော​လို​၍ အပြင်​၌ ရပ်​နေ​ကြ​၏။


[ထို​ကျောက်​ပေါ်သို့​ကျ​သော​သူ​သည် အပိုင်းပိုင်း​ကျိုး​လိမ့်မည်။ ထို​ကျောက်​သည် တစ်စုံတစ်ဦး​အပေါ်သို့​ကျ​လျှင် ထို​သူ​သည် ညက်ညက်ကြေ​လိမ့်မည်]”​ဟု မိန့်​တော်မူ​၏။


“အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။


ဤသည်ကား များစွာ​သော​သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​များ​သည် ထင်ရှား​လာ​မည့်​အကြောင်း​တည်း။ သင်​၏​နှလုံး​ကို​လည်း သန်လျက်​သည်​ထိုးဖောက်​လိမ့်မည်”​ဟု ဆို​လေ​၏။


ဆိုးညစ်​သော​အမှု​များ​ကို ပြုကျင့်​သော​သူ​တိုင်း အလင်း​ကို​မုန်း​လျက် မိမိ​ပြု​သော​အမှု​များ ဖော်ပြ​ခြင်း​ခံရ​မည်​ကို​စိုးရိမ်​သဖြင့် အလင်း​ထံသို့​မ​ချဉ်းကပ်​ကြ။


ထို​အတွက်​ကြောင့် ဂျူး​လူမျိုး​တို့​သည် ကိုယ်တော်​ကို​သတ်​ရန် ပို၍​ကြိုးစား​ရှာကြံ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ယေရှု​သည် ဥပုသ်နေ့​ကို​ဖောက်ဖျက်​သည်​သာမက ဘုရားသခင်​ကို​မိမိ​၏​ခမည်းတော်​ဟု​ခေါ်​လျက် မိမိကိုယ်ကို ဘုရားသခင်​နှင့်​တန်းတူ​ထား​သောကြောင့်​ဖြစ်​၏။


သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။


သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍


ပြဿနာ​ကို​သာ​ဖန်တီး​လေ့​ရှိ​သော​ဤ​သူ​သည် ကမ္ဘာ​အရပ်ရပ်​ရှိ ဂျူး​လူမျိုး​အပေါင်း​တို့​၌ ဆူပူ​အုံကြွ​မှု​များ​ဖြစ်ပေါ်​အောင် လှုံ့ဆော်​နေ​သူ​ဖြစ်​ပြီး နာဇရက်​ဂိုဏ်းကွဲ​၏​ခေါင်းဆောင်​တစ်​ဦး​လည်း​ဖြစ်ကြောင်း တွေ့ရှိ​ရ​ပါ​သည်။


သို့သော် ဤ​ဂိုဏ်း​နှင့်​ပတ်သက်၍ အရပ်ရပ်​တို့​၌ ဆန့်ကျင်​ပြောဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်၍ သင်​မည်သို့​စိတ်သဘော​ရှိ​သည်​ကို သင့်​ထံမှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။


ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် ထ​ကြ​၍ အုပ်ချုပ်​သူ​တို့​သည် အတူတကွ​စုဝေး​ကြ​ကာ ထာဝရ​ဘုရား​နှင့် ကိုယ်တော်​၏​ခရစ်တော်​ကို ဆန့်ကျင်​ကြ​၏’​ဟု မိန့်​တော်မူ​ခဲ့​၏။


ဤသို့ဖြင့် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​သည်​ပျံ့နှံ့​သွား​၍ ဂျေရုဆလင်​မြို့​၌ တပည့်​တော်​တို့​၏​အရေအတွက်​သည် အလွန်​တိုးပွား​လာ​၏။ ယဇ်ပုရောဟိတ်​အစုအဝေး​ကြီး​သည်​လည်း ယုံကြည်​ခြင်း​တရား​ကို​နာခံ​လာ​ကြ​၏။


အဘယ်ကြောင့် မ​ပေါက်ရောက်​သနည်း။ ယုံကြည်​ခြင်း​အားဖြင့်​မ​ဟုတ်​ဘဲ အကျင့်​အားဖြင့်​ရရှိ​နိုင်​သကဲ့သို့ ကြိုးစား​သောကြောင့်​ဖြစ်​၏။ သူ​တို့​သည် ခလုတ်တံသင်း​ဖြစ်​သော​ကျောက်​ကို တိုက်​မိ​ကြ​ပြီ။


ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။


ဤ​မေလခိဇေဒက်​ကား ဆလင်​ဘုရင်​ဖြစ်​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​၏​ယဇ်ပုရောဟိတ်​ဖြစ်​၏။ သူ​သည် ဘုရင်​များ​ကို​ချေမှုန်း​ရာ​မှ​ပြန်လာ​သော အာဗြဟံ​ကို ကြိုဆို​လျက် ကောင်းချီး​ပေး​လေ​၏။


ကြီးသောသူ​သည် ငယ်သောသူ​အား ကောင်းချီး​ပေး​တတ်​သည်​ကို ငြင်းဆို​ဖွယ်​မ​ရှိ။


သင်​တို့​သည် ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျှင် မင်္ဂလာရှိ​ကြ​၏။ အဘယ်ကြောင့်​ဆိုသော် ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော​ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် သင်​တို့​အပေါ်​၌ ကိန်းဝပ်​တော်မူ​၏။


ဧလိ​က​လည်း ဧလကာန​နှင့်​သူ့​မယား​အား “​ထာဝရဘုရား​ထံ အပ်နှံ​ထား​သော​ဤ​သား​အစား ထာဝရဘုရား​သည် သင့်​အား ဤ​မိန်းမ​အားဖြင့် သားသမီး​များ ထပ်၍​ပေးသနား​တော်မူ​ပါစေသော​”​ဟု ကောင်းချီးပေးပြီးမှ သူ​တို့​သည်​လည်း မိမိ​တို့​အိမ်​သို့​ပြန်သွား​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ