အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ယေဇကျေလ 18:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဆိုးယုတ်သောသူသည် မိမိပြုခဲ့သောအပြစ်ရှိသမျှတို့ကို စွန့်လွှတ်လျှင်၊ ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်၊ တရားမျှတ၍ ဖြောင့်မတ်သောအမှုတို့ကိုပြုလျှင် သူသည် အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်၊ သေရမည်မဟုတ်။ Common Language Bible ``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။- Garrad Bible လူ ဆိုး သည်၊ ပြု ဖူး သ မျှ သော ပြစ် မှု များ မှ ကြဉ် ရှောင် လျက်၊ ထုံး ဖွဲ့ တော် မူ ချက် အ လုံး စုံ ကို စောင့် ရှောက် ၍၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။ Judson Bible သို့ရာတွင်၊ မတရားသောသူသည် မိမိပြုမိသမျှသော ဒုစရိုက်တို့ကို ကြဉ်ရှောင်လျက်၊ ငါစီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍၊ တရားသောအမှု၊ ဟုတ်မှန်သောအမှုတို့ကို ပြုလျှင်၊ သေခြင်းနှင့်လွတ်၍ စင်စစ် အသက်ရှင်ရလိမ့်မည်။ |
အကြောင်းမူကား အာဗြဟံသည် ငါ့စကားကိုနားထောင်ပြီး ငါ၏ညွှန်ကြားချက်မှစ၍ ငါ၏ပညတ်ချက်များ၊ ငါ၏ပြဋ္ဌာန်းချက်များနှင့် ငါ၏တရားများကို စောင့်ထိန်းသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို အဆုံးတိုင်အောင် အစဉ်အမြဲလိုက်နာရန် အကျွန်ုပ်၏စိတ်နှလုံးကိုပြင်ဆင်ထားပါ၏။
အကျွန်ုပ်သည် အရှက်ကွဲခြင်းနှင့် ကင်းလွတ်မည့်အကြောင်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့နှင့်ပတ်သက်၍ အပြစ်တင်စရာကင်းပါစေသော။
မိမိကျူးလွန်သောအပြစ်များကို ဖုံးကွယ်ထားသောသူသည် ကြီးပွားမည်မဟုတ်။ ထိုအပြစ်များကိုဖော်ပြဝန်ခံ၍ စွန့်ပယ်သောသူမူကား ကရုဏာတော်ကိုခံစားရလိမ့်မည်။
သတိပေးခံရသောလူမျိုးသည် မိမိပြုသောမကောင်းမှုမှ နောင်တရလျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်။
သူတို့သည် နားထောင်၍ သူတို့၏မကောင်းသောလမ်းမှ အသီးသီးပြန်လှည့်ကောင်းပြန်လှည့်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဆိုးညစ်သောလုပ်ရပ်များကြောင့် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ဆင်းရဲသားကိုမဖိနှိပ်၊ သူတို့ထံမှ အတိုးအမြတ်မယူ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်း၍ ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်လျှင် သူသည် မိမိဖခင်၏အပြစ်ကြောင့် သေရမည်မဟုတ်။ အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်။
သို့သော် သင်တို့က ဖခင်၏အပြစ်အတွက် သားသည် အဘယ်ကြောင့်မခံရသနည်းဟူ၍ မေးကြ၏။ သားသည် တရားမျှတ၍ဖြောင့်မတ်သောအမှုကိုပြုလျက် ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းသောကြောင့် သူသည် အမှန်ပင်အသက်ချမ်းသာရာရလိမ့်မည်။
သို့ဖြစ်၍ အို အစ္စရေးအမျိုး၊ သင်တို့နည်းလမ်းအတိုင်း သင်တို့တစ်ဦးစီကို ငါစီရင်မည်။ သင်တို့ အပြစ်ကျူးလွန်ရာမှ နောင်တရ၍ ပြန်လာလော့။ သို့ပြုလျှင် သင်တို့ပြုသောအပြစ်သည် သင်တို့အဖို့ ခလုတ်တံသင်း ဖြစ်မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်ပြီး စီရင်ထုံးဖွဲ့ချက်တို့ကို သစ္စာရှိစွာစောင့်ထိန်းလျက် ဖြောင့်မတ်သောသူဖြစ်လျှင် သူသည် အမှန်ပင်အသက်ချမ်းသာရာရမည်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
ဆိုးယုတ်သောသူသည်လည်း ဆိုးယုတ်မှုမှပြန်လှည့်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြုလျှင် ထိုအမှုကြောင့် သူအသက်ရှင်ရမည်။
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
သူတို့နှစ်ဦးစလုံးသည် ထာဝရဘုရား၏ပညတ်တော်နှင့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို တစ်သဝေမတိမ်းလိုက်လျှောက်လျက် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်ကြ၏။
ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။
အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။