Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 18:21 - Common Language Bible

21 ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 လူ ဆိုး သည်၊ ပြု ဖူး သ မျှ သော ပြစ် မှု များ မှ ကြဉ် ရှောင် လျက်၊ ထုံး ဖွဲ့ တော် မူ ချက် အ လုံး စုံ ကို စောင့် ရှောက် ၍၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သို့​ရာ​တွင်၊ မ​တ​ရား​သော​သူ​သည် မိ​မိ​ပြု​မိ​သ​မျှ​သော ဒု​စ​ရိုက်​တို့​ကို ကြဉ်​ရှောင်​လျက်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​သ​မျှ​တို့​ကို စောင့်​ရှောက်၍၊ တ​ရား​သော​အ​မှု၊ ဟုတ်​မှန်​သော​အ​မှု​တို့​ကို ပြု​လျှင်၊ သေ​ခြင်း​နှင့်​လွတ်၍ စင်​စစ် အ​သက်​ရှင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သို့သော် ဆိုးယုတ်​သော​သူ​သည် မိမိ​ပြု​ခဲ့​သော​အပြစ်​ရှိသမျှ​တို့​ကို စွန့်လွှတ်​လျှင်​၊ ငါ​၏​ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို စောင့်ထိန်း​လျှင်​၊ တရားမျှတ​၍ ဖြောင့်မတ်​သော​အမှု​တို့​ကို​ပြု​လျှင် သူ​သည် အမှန်ပင် အသက်ချမ်းသာ​ရာ​ရ​လိမ့်မည်​၊ သေ​ရ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 18:21
33 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​သည်​ငါ​၏​စကား​ကို​နား​ထောင်​၍​ငါ ၏​ပ​ညတ်​နှင့်​အ​မိန့်​ရှိ​သ​မျှ​တို့​ကို​စောင့်​ထိန်း သော​ကြောင့် ငါ​သည်​သင့်​အား​ကောင်း​ချီး​ပေး မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လှောက် လက် အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​သက်​ရှင်​လှုပ်​ရှား သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


ကွန်​တော်​မျိုး​သည်​သေ​သည့်​တိုင်​အောင် ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​ရန်​သန္နိ​ဋ္ဌာန် ပြု​ပါ​ပြီ။


ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော် တို့​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လှောက်​သ​ဖြင့် အ​ရေး​ရှုံး​နိမ့်​၍​အ​ရှက်​ကွဲ​မှု​နှင့် ကင်း​လွတ်​ပါ​စေ​သော။


မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။


ထို​လူ​မျိုး​သည်​နောင်​တ​ရ​ပါ​မူ​ငါ​၏​စိတ် ပြောင်း​လဲ​လျက် ယ​ခင်​မြွက်​ဆို​ခဲ့​သည့်​အ​မှု များ​ကို​မ​ပြု​ဘဲ​ငါ​နေ​မည်။-


လူ​တို့​သည်​နား​ထောင်​၍​မိ​မိ​တို့​၏​အ​ကျင့် ဆိုး​များ​ကို​စွန့်​ပစ်​ကောင်း​စွန့်​ပစ်​ကြ​လိမ့်​မည်။ အ​ကယ်​၍​သူ​တို့​သည်​ဤ​သို့​စွန့်​ပစ်​ကြ​ပါ မူ​ငါ​သည်​သူ​တို့​၏​ယုတ်​မာ​မှု​များ​အ​တွက် သုတ်​သင်​ဖျက်​ဆီး​ရန်​အ​ကြံ​အ​စည်​တော် နှင့်​ပတ်​သက်​၍​စိတ်​တော်​ပြောင်း​လဲ​တော်​မူ မည်'' ဟု​မိန့်​တော်​မူ​၏။


``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-


သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-


``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-


``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-


``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။-


သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။


သင်​သည်​ဖြောင့်​မတ်​သော​သူ​တစ်​စုံ​တစ်​ယောက် အား အ​ပြစ်​မ​ကူး​လွန်​စေ​ရန်​သ​တိ​ပေး​၍ သူ​သည်​လည်း​သင့်​စ​ကား​ကို​နား​ထောင်​ကာ အ​ပြစ်​မ​ကူး​လွန်​ဘဲ​နေ​ပါ​မူ​သူ​သည်​သေ ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​လည်း​အ​သက် ချမ်း​သာ​ရာ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဆိုး​ယုတ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​စွန့် လွှတ်​၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​သော အ​ခါ အ​သက်​ရှင်​ခွင့်​ကို​ရ​ရှိ​လိမ့်​မည်။-


ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-


ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။


ထို​သူ​နှစ်​ဦး​လုံး​ပင်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​သူ​ကောင်း​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား ၏​ပ​ညတ်​တော်​ရှိ​သ​မျှ​နှင့်​ညွှန်​ကြား​တော်​မူ ချက်​များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​၏။-


နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-


သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-


အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-


ငါ့​ညီ​အစ်​ကို​တို့၊ လူ​တစ်​စုံ​တစ်​ယောက်​သည် ယုံ​ကြည်​ပါ​သည်​ဟု​ဆို​သော်​လည်း အ​ကျင့် အား​ဖြင့်​သက်​သေ​မ​ပြ​နိုင်​ပါ​မူ​အ​ဘယ် အ​ကျိုး​ရှိ​မည်​နည်း။ ထို​ယုံ​ကြည်​ခြင်း​က သူ့​အား​ကယ်​တင်​နိုင်​မည်​လော။-


ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ