ယေဇကျေလ 18:19 - မြန်မာ့စံမီသမ္မာကျမ်း19 သို့သော် သင်တို့က ဖခင်၏အပြစ်အတွက် သားသည် အဘယ်ကြောင့်မခံရသနည်းဟူ၍ မေးကြ၏။ သားသည် တရားမျှတ၍ဖြောင့်မတ်သောအမှုကိုပြုလျက် ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းသောကြောင့် သူသည် အမှန်ပင်အသက်ချမ်းသာရာရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible19 ``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible19 သင် တို့ က၊ သား သည် အ ဘ၏ ဒု စ ရိုက် ဝန် ကို၊ အ ဘယ့် ကြောင့် မ ထမ်း ရ သ နည်း ဟု ဆို လေ့ ရှိ ကြ သည် တ ကား။ သား သည် တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျက်၊ ထုံး ဖွဲ့ တော် မူ ချက် ဟူ သ မျှ ကို စောင့် ရှောက် ပြု ကျင့် ခဲ့ လျှင်၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible19 သင်တို့ကလည်း၊ အဘယ်သို့နည်း။ သားသည် အဘ၏အပြစ်ကို မခံရသလောဟု မေးကြသော်၊ သားသည် တရားသောအမှု၊ ဟုတ်မှန်သောအမှုကိုပြု၍၊ ငါစီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်စောင့်လျှင်၊ စင်စစ် အသက်ရှင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |