ယေဇကျေလ 18:30 - မြန်မာ့စံမီသမ္မာကျမ်း30 သို့ဖြစ်၍ အို အစ္စရေးအမျိုး၊ သင်တို့နည်းလမ်းအတိုင်း သင်တို့တစ်ဦးစီကို ငါစီရင်မည်။ သင်တို့ အပြစ်ကျူးလွန်ရာမှ နောင်တရ၍ ပြန်လာလော့။ သို့ပြုလျှင် သင်တို့ပြုသောအပြစ်သည် သင်တို့အဖို့ ခလုတ်တံသင်း ဖြစ်မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။- အခန်းကိုကြည့်ပါ။Garrad Bible30 သို့ ဖြစ် ၍၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည်။ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် မ ဖြစ် စေ ခြင်း ငှာ၊ လွန် ကျူး မှု ရှိ သမျှ မှ ကြဉ် ရှောင် လျက် ပြန် လာ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible30 သို့ဖြစ်၍၊ အို ဣသရေလအမျိုး၊ သင်တို့ အသီးအသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကို ငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။ အခန်းကိုကြည့်ပါ။ |
ငါ့အစေအပါးပရောဖက်တို့ကို သင်တို့ထံ အကြိမ်ကြိမ်စေလွှတ်၍ သင်တို့နှင့် သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့နေထိုင်ရမည့်အကြောင်း သင်တို့အသီးသီး ဆိုးညစ်သောလမ်းမှ ပြန်လာကြ။ သင်တို့၏အကျင့်စရိုက်များကို ပြုပြင်ကြ။ အခြားဘုရားများနောက်သို့မလိုက်နှင့်၊ ဝတ်မပြုနှင့်ဟု ဆင့်ဆိုစေခဲ့သော်လည်း သင်တို့ဂရုမစိုက်၊ နားမထောင်ကြ။
ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဆိုးယုတ်သောသူတို့ သေရမည်ကို ငါအလိုမရှိ။ သူတို့သည် ဆိုးယုတ်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကိုသာ ငါအလိုရှိ၏။ ပြန်လှည့်ကြ။ ဆိုးယုတ်သောလမ်းမှ ပြန်လှည့်ကြ။ အို အစ္စရေးအမျိုးတို့၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း’ဟု မိန့်တော်မူကြောင်း သူတို့အား ဆင့်ဆိုလော့။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့၏ဘိုးဘေးများကဲ့သို့ သင်တို့မပြုကြနှင့်။ ရှေးပရောဖက်တို့က သူတို့အား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏မကောင်းသောအပြုအမူ၊ မကောင်းသောအကျင့်အကြံတို့ကို စွန့်ပစ်ပြီး ပြန်လှည့်လာကြလော့ဟု မိန့်တော်မူသော်လည်း သူတို့ နားမထောင်ကြ၊ အာရုံမစိုက်ကြ’ဟု မိန့်တော်မူ၏။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။