တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ယောရှု 22:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။ Common Language Bible သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။- Garrad Bible သို့ ရာ တွင်၊ ထာ ဝ ရ ဘု ရား၏ ကျွန် တော် ရင်း မော ရှေ ထား ခဲ့ သော အ မိန့် တော် နှင့် ပ ညတ် တ ရား တော် အ တိုင်း ပြု ကျင့် ၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချစ် ကြည် မြတ် နိုး ခြင်း၊ နည်း လမ်း တော် တိုင်း၌ လိုက် လျှောက် ခြင်း၊ အ မိန့် တော် ကို စောင့် ထိန်း ခြင်း၊ ကိုယ် တော် ထံ ဆည်း ကပ် ခြင်း၊ စိတ် နှ လုံး အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ ဝတ် ပြု ခြင်း များ ကို သ တိ မူ ကြ လော့ ဟု မှာ ထား လျက် Judson Bible သို့ရာတွင် ထာဝရဘုရား၏ကျွန် မောရှေမှာထားသော ပညတ်တရားအတိုင်း ကျင့်၍၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်ခြင်း၊ လမ်းတော်အလုံးစုံတို့၌ လိုက်သွားခြင်း၊ ပညတ်တော်တို့ကို စောင့်ရှောက်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်းငှာကြိုးစား၍ သတိပြုကြလော့ဟုမှာထားလျက်၊ |
တရားမျှတသောအမှုကိုစောင့်ထိန်း၍ ဖြောင့်မတ်သောအမှုကို အစဉ်အမြဲပြုကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။
ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
သင်တို့အား ငါမိန့်ဆိုထားသောအရာရှိသမျှတို့ကို အလေးထားရမည်။ အခြားဘုရားများ၏နာမကို မမြွက်ဆိုရ။ သင့်နှုတ်မှမြွက်ဆိုသည်ကို မကြားရစေနှင့်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဝတ်ပြုရမည်။ ကိုယ်တော်သည်လည်း သင်၏မုန့်နှင့်ရေကို ကောင်းချီးပေးတော်မူ၍ သင့်အထဲမှ အနာရောဂါကို ဖယ်ရှားတော်မူမည်။
သင်၏စိတ်နှလုံးကို သတိဝီရိယရှိသမျှနှင့် ထိန်းသိမ်းစောင့်ရှောက်လော့။ အကြောင်းမူကား ၎င်းသည် အသက်၏အရင်းအမြစ်ဖြစ်၏။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ထာဝရဘုရားက “ဗာလဘုရားကို တိုင်တည်ကျိန်ဆိုရန် ငါ့လူမျိုးကို သူတို့သင်ကြားပေးသကဲ့သို့ ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ငါ့နာမကိုတိုင်တည်ကျိန်ဆို၍ ငါ့လူမျိုး၏နည်းလမ်းကို သူတို့ကြိုးစားသင်ယူမည်ဆိုလျှင် သူတို့ကို ငါ့လူမျိုးထဲတွင် တည်နေခွင့်ပြုမည်။
ကိုယ်တော်ကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံးနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်။’
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။
မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်ကိုပိုင်သတော်မူသည့် အကျွန်ုပ်ဝတ်ပြုသောဘုရားသခင်၏ကောင်းကင်တမန်သည် လွန်ခဲ့သောညက အကျွန်ုပ်အနီး၌ရပ်လျက်
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
ဘုရားသခင်ကိုချစ်သောသူများတည်းဟူသော အကြံအစည်တော်အတိုင်း ခေါ်ယူတော်မူခြင်းခံရသောသူများအတွက် ဘုရားသခင်သည် ခပ်သိမ်းသောအမှုအရာတို့ကို ပူးပေါင်းလုပ်ဆောင်စေ၍ ကောင်းကျိုးဖြစ်စေတော်မူကြောင်းကို ငါတို့သိကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ဝတ်ပြုရမည်။ ဆည်းကပ်ရမည်။ နာမတော်ကိုတိုင်တည်၍ကျိန်ဆိုရမည်။
သို့ဖြစ်၍ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏ညွှန်ကြားချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်၊ ပညတ်ချက် တို့ကို အစဉ်အမြဲစောင့်ထိန်းရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုလော့။ ယနေ့ သင်တို့အား ငါဆင့်ဆိုသည့် ပညတ်တော်တို့ကို သေချာစွာနားထောင်လော့။
သင်တို့အားငါဆင့်ဆိုသော ဤပညတ်တော်ရှိသမျှတို့ကို ကြိုးစား၍လိုက်နာစောင့်ထိန်းရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ လမ်းတော်ရှိသမျှတို့ကို လိုက်လျှောက်ရမည်။ ကိုယ်တော်ကို ဆည်းကပ်ရမည်။
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်ရမည်။ ကိုယ်တော်ကိုကြောက်ရွံ့၍ ပညတ်တော်ကိုစောင့်ထိန်းရမည်။ စကားတော်ကိုနားထောင်ရမည်။ ကိုယ်တော်ကိုဝတ်ပြု၍ ကိုယ်တော်၌ဆည်းကပ်ရမည်။
သို့သော် ထိုအရပ်၌ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့်ရှာလျှင် တွေ့ရကြလိမ့်မည်။
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
လိုက်နာစောင့်ထိန်းကြလော့။ သို့ပြုလျှင် ဤပြဋ္ဌာန်းချက်ရှိသမျှကိုကြားသိသောလူမျိုးရှေ့၌ သင်တို့သည်ဉာဏ်ပညာရှိသူ၊ အမြော်အမြင်ရှိသူဟု ထင်ရှားလိမ့်မည်။ သူတို့ကလည်း ‘အကယ်စင်စစ် ဤလူမျိုးသည် ပညာရှိသော၊ အမြော်အမြင်ရှိသောလူမျိုးကြီးဖြစ်၏’ဟု ဆိုကြလိမ့်မည်။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ငါ့ကိုချစ်၍ ငါ၏ပညတ်များကိုစောင့်ထိန်းသောသူတို့ကိုကား မျိုးဆက်အထောင်အသောင်းတိုင်အောင် မေတ္တာကရုဏာပြသောဘုရား ဖြစ်၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားသည့် ပညတ်ချက်၊ သက်သေခံချက်၊ ပြဋ္ဌာန်းချက် တို့ကို ကြိုးစားစောင့်ထိန်းရမည်။
မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
ယနေ့တိုင်အောင် သင်တို့ပြုကျင့်ခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားတစ်ပါးတည်းကိုသာ ဆည်းကပ်ရမည်။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ရှမွေလကလည်း လူတို့အား “သင်တို့မကြောက်ကြပါနှင့်။ ဤမကောင်းမှုအလုံးစုံကို ပြုမိခဲ့ကြသော်လည်း ယခုမှာ ထာဝရဘုရားနောက်တော်သို့လိုက်ခြင်းမှ မလွှဲသွားကြပါနှင့်။ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြပါလော့။
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။