တရားဟော 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။'' အခန်းကိုကြည့်ပါ။Garrad Bible4 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဆည်း ကပ် သ မျှ သော သူ တို့ မှာ မူ၊ ယ နေ့ တိုင် အောင် ရှင် နေ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့ဘုရားသခင်ထာဝရဘုရား၌ မှီဝဲသမျှသောသင်တို့မူကား၊ ယနေ့တိုင်အောင် အသက်ရှင်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။