တရားဟော 13:4 - မြန်မာ့စံမီသမ္မာကျမ်း4 သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်ရမည်။ ကိုယ်တော်ကိုကြောက်ရွံ့၍ ပညတ်တော်ကိုစောင့်ထိန်းရမည်။ စကားတော်ကိုနားထောင်ရမည်။ ကိုယ်တော်ကိုဝတ်ပြု၍ ကိုယ်တော်၌ဆည်းကပ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။- အခန်းကိုကြည့်ပါ။Garrad Bible4 သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက် ၍၊ ကိုယ် တော် ကို ခန့် ညား စွာ ဝတ် ပြု ဆည်း ကပ် လျက်၊ မိန့် မှာ တော် မူ ချက် များ ကို လည်း နာ ယူ စောင့် ရှောက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့၏ ဘုရားသခင်ထာဝရဘုရား နောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ရှင်ဘုရင်သည် တိုင်နားတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြုလျှင် လူအပေါင်းတို့ကလည်း ကတိသစ္စာပြုကြ၏။
ထိုပြည်ကို သင်၏ဘိုးဘေးများဖြစ်သော အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင်နေထိုင်နိုင်မည့်အကြောင်း အသက်ရှင်ခြင်းနှင့်တကွ အသက်တာရှည်ခြင်းကိုပေးတော်မူသော သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ စကားတော်ကိုနားထောင်လော့၊ ကိုယ်တော်၌ဆည်းကပ်လော့”ဟု ဆိုလေ၏။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။