တရားဟော 4:9 - မြန်မာ့စံမီသမ္မာကျမ်း9 သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible9 သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible9-10 သို့ ဖြစ် ၍၊ ဟော ရပ် တောင်၌ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ခ စား ကြ သော နေ့ ရက် ကာ လ၊ ဒိ ဋ္ဌ မြင် ရ သော အ ချက် များ ကို မ မေ့ မ လျော့၊ တစ် သက် ပတ် လုံး စိတ် နှ လုံး နှင့် မ ကွေ မ ကွာ စေ ခြင်း ငှါ၊ စိတ် ပါ ကိုယ် ရောက် သ တိ ပြု လျက်၊ သား မြေး တို့ အား သွန် သင် ကြ လော့။ ထို ကာ လ ထာ ဝ ရ ဘု ရား က ဤ လူ မျိုး ကို ငါ့ ရှေ့ တွင် စု ရုံး စေ လော့။ မြေ ပေါ်၌ အ သက် တည် သ မျှ ကာ လ ပတ် လုံး ငါ့ ကို ခန့် ညား ရန် သင် ကြား ရ မည့် ပြင်၊ သား သ မီး တို့ အား လည်း သွန် သင် ခြင်း ငှါ၊ ဗျာ ဒိတ် တော် ချက် ကို ကြား နာ စေ မည် ဟု ငါ့ အား မိန့် တော် မူ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible9 သင်တို့သည်၊ ဟောရပ်အရပ်မှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြသောအခါ၊ ကိုယ်တိုင်မြင်သော အမှုအရာတို့ကို မမေ့မလျော့။ နောက်တစ်သက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကိုယ်သတိပြုကြလော့။ ကိုယ်စိတ်နှလုံးကိုကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့အားလည်း သွန်သင်ကြလော့။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။