ယောရှု 23:8 - မြန်မာ့စံမီသမ္မာကျမ်း8 ယနေ့တိုင်အောင် သင်တို့ပြုကျင့်ခဲ့သည့်အတိုင်း သင်တို့၏ဘုရားသခင်ထာဝရဘုရားတစ်ပါးတည်းကိုသာ ဆည်းကပ်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible8 သင်တို့သည်ယနေ့အထိထာဝရဘုရား ၏သစ္စာတော်ကိုစောင့်ထိန်းသကဲ့သို့ဆက် လက်စောင့်ထိန်းကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible8 နာ မ ကို မျှ သ တိ မ မူ၊ သ စ္စာ မ ဆို ဘဲ ယ နေ့ တိုင် အောင် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဆည်း ကပ် သည့် နည်း တူ၊ ဆည်း ကပ် ကြ ဦး။ အခန်းကိုကြည့်ပါ။Judson Bible8 ယနေ့တိုင်အောင်ကျင့်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၌ ဆည်းကပ်မှီဝဲခြင်းငှာလည်းကောင်း၊ အလွန်ရဲရင့်သောစိတ်ရှိကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားကိုချစ်ရမည်၊ တရားလမ်းတော်ရှိသမျှအတိုင်းလိုက်လျှောက်ရမည်၊ ပညတ်တော်များကိုစောင့်ထိန်းရမည်၊ ကိုယ်တော်၌ဆည်းကပ်ရမည်၊ သင်တို့၏စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ကိုယ်တော်ကိုဝတ်ပြုရမည်ဟူ၍ သင်တို့အား ထာဝရဘုရား၏အစေအပါးမောရှေမိန့်မှာထားသည့် ပညတ်တော်၊ တရားတော်တို့ကိုစောင့်ထိန်းမည့်အကြောင်း အထူးသတိပြုကြလော့”ဟု မှာကြားလေ၏။