မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့အား ကွဲလွင့်စေတော်မူ၏။ လျှပ်စီးကိုလက်စေ၍ သူတို့အား ကစဥ့်ကလျားဖြစ်စေတော်မူ၏။
ယောရှု 10:10 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။ Common Language Bible ထာဝရဘုရားသည်ရန်သူတို့အားဖရို ဖရဲထွက်ပြေးစေတော်မူ၏။ ထိုအခါ ဣသရေလတပ်သားတို့သည်ဂိဗောင်မြို့ တွင်ရန်သူအမြောက်အမြားကိုသတ်ဖြတ် ၍ ဗေသောရုံတောင်ကြားကိုလွန်လျက်တောင် ဘက်အဇေကာမြို့နှင့်မက္ကဒါမြို့များသို့ တိုင်အောင်လိုက်လံတိုက်ခိုက်ကြလေသည်။- Garrad Bible ရုတ် တ ရက် တိုက် ခိုက် သော်၊ ဣ သ ရေ လ တပ် ရှေ့ ထာ ဝ ရ ဘု ရား က စဉ့် က ရဲ ပြေး စေ တော် မူ သ ဖြင့် ဂိ ဗောင် မြို့ အ နီး လုပ် ကြံ သတ် ဖြတ်၍ ဗေ သော ရုန် မြို့ အ တက် လမ်း ဖြင့် အ ဇေ ကာ၊ မ က္က ဒါ မြို့ များ တိုင် အောင် လိုက် လံ လုပ် ကြံ လေ၏။ Judson Bible ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားရှေ့မှာရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသောလုပ်ကြံခြင်းအားဖြင့်သတ်၍၊ ဗေသောရုံမြို့သို့သွားသောလမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။ |
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့အား ကွဲလွင့်စေတော်မူ၏။ လျှပ်စီးကိုလက်စေ၍ သူတို့အား ကစဥ့်ကလျားဖြစ်စေတော်မူ၏။
ရှောလမုန်မင်းကြီးသည် ဂေဇာမြို့အပါအဝင် အောက်ဗေသောရုန်မြို့ကိုလည်း ပြန်လည်တည်ဆောက်၏။
ထာဝရဘုရားသည် အီသီယိုးပီးယားလူမျိုးကို အာသမင်းကြီးနှင့်ယုဒလူမျိုးတို့ရှေ့၌ ရှုံးနိမ့်စေသဖြင့် အီသီယိုးပီးယားလူမျိုးတို့ ထွက်ပြေးကြလေ၏။
စစ်ကူတိုက်ခွင့်မပေးဘဲ အာမဇိမင်းကြီး ပြန်လွှတ်လိုက်သောစစ်သူရဲတို့သည် ရှမာရိမြို့မှ ဗေသောရုန်မြို့တိုင်အောင် ယုဒမြို့ရွာများကို ဝင်ရောက်တိုက်ခိုက်ပြီး လူသုံးထောင်ကိုသတ်ကာ တိုက်ရာပါပစ္စည်းများစွာကိုလည်း သိမ်းယူသွားကြ၏။
မြားတို့ကို ပစ်လွှတ်၍ ရန်သူတို့ကို ကွဲလွင့်စေတော်မူ၏။ လျှပ်စီးလက်စေ၍ သူတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။
အနန္တတန်ခိုးရှင်သည် ရှင်ဘုရင်တို့ကို ထိုအရပ်တွင် ကွဲလွင့်စေတော်မူသောအခါ ဇာလမုန်တောင်ပေါ်၌နှင်းပွင့်ကျလေ၏။
ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။
ထာဝရဘုရားသည် ပေရဇိန်တောင်ပေါ်မှာ ထတော်မူသကဲ့သို့၊ ဂိဗောင်ချိုင့်ဝှမ်းမှာ အမျက်ထွက်တော်မူသကဲ့သို့ ထူးဆန်းသောအမှုတော်ကို လုပ်ဆောင်တော်မူမည်။ ဆန်းသစ်သောအမှုတော်ကို ပြုတော်မူမည်။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။
ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။
သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့ အပ်တော်မူမည်။ သူတို့ဖျက်ဆီးခြင်းမခံရမချင်း သူတို့ကို ကြီးမားသော ထိတ်လန့်ချောက်ချားဖွယ်ရာများနှင့် ကြုံတွေ့စေတော်မူမည်။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
ထိုနေ့မှာပင် ယောရှုသည် မက္ကဒါမြို့ကို သိမ်းပိုက်ပြီး မြို့သူမြို့သားနှင့် ရှင်ဘုရင်ကို ဓားဖြင့်လုပ်ကြံ၏။ သူတို့ကို တစ်ယောက်မကျန်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မျှမရှိ။ ဂျေရိခေါဘုရင်ကို ပြုသကဲ့သို့ မက္ကဒါဘုရင်ကို ပြုလေ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ဂေဒရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့နှင့်ရွာများ ပါ၏။
အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။
ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။
ကိဗဇိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗေသောရုန်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသောမြို့လေးမြို့ကို ပေး၏။
ထာဝရဘုရားသည် သိသရမှစ၍ စစ်ရထား၊ စစ်သည်ရှိသမျှတို့ကို ဗာရက်၏ဓားသွားဖြင့် မရှုမလှရှုံးနိမ့်စေတော်မူသောကြောင့် သိသရသည် သူ၏စစ်ရထားပေါ်မှဆင်းပြီး ခြေကျင်ဖြင့် ထွက်ပြေးလေ၏။
ဗာရက်သည် ဟာရောရှက်ဟာဂေါအိမ်မြို့တိုင်အောင် သိသရ၏စစ်ရထား၊ စစ်သည်တို့နောက်သို့လိုက်၍ စစ်သည်တို့ကို တစ်ယောက်မကျန်ဓားဖြင့် သတ်ပစ်၏။
ကြယ်တို့သည် ကောင်းကင်မှစစ်တိုက်ကြပြီ။ မိမိတို့ပတ်လမ်းမှ သိသရကိုစစ်တိုက်ကြပြီ။
နောက်တစ်ကြောင်းမှာ ဗေသောရုန်မြို့သို့သွားသောလမ်းအတိုင်းသွား၏။ ကျန်တစ်ကြောင်းမှာ ဇေဘိုင်ချိုင့်ဝှမ်းကိုအပေါ်စီးမှမြင်ရသောနယ်စပ်လမ်းအတိုင်း တောကန္တာရဘက်သို့ သွား၏။
ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။