ဇာခရိ 14:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထို့နောက် ထာဝရဘုရားသည် စစ်တိုက်ရာကာလတွင် တိုက်ခိုက်သကဲ့သို့ ထိုလူမျိုးတို့ကို ချီတက်တိုက်ခိုက်တော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible3 ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။- အခန်းကိုကြည့်ပါ။Garrad Bible3 ထာ ဝ ရ ဘု ရား သည်၊ စစ် တိုက် လေ့ ရှိ သည့် နည်း တူ၊ ထို နေ့ ရက် ကာ လ ချီ ထွက်၍ ဆို ခဲ့ သည့် လူ မျိုး ခြား တို့ နှင့် တိုက် ခိုက် ရာ။ အခန်းကိုကြည့်ပါ။Judson Bible3 ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ငါသည် အခြေအနေသုံးသပ်ကြည့်ပြီးနောက် ခေါင်းဆောင်များ၊ ကြီးကြပ်သူများနှင့် ကျန်လူတို့အား “ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ကြောက်ရွံ့ရိုသေရသောဘုရားသခင်ကို သတိရကြလော့။ သင်တို့၏ညီအစ်ကို၊ သားသမီး၊ ဇနီးများ စသောကိုယ့်အိမ်သားများအတွက် တိုက်ပွဲဝင်ကြလော့”ဟု ဆို၏။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။