ဆာလံ 78:55 - မြန်မာ့စံမီသမ္မာကျမ်း55 ထို့နောက် လူမျိုးခြားတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသောနယ်မြေအလိုက် သူတို့ကိုခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible55 မိမိ၏လူစုတော်ရှေ့သို့ချီတက်လာကြသောအခါ ချဉ်းနင်းဝင်ရောက်မည့်ပြည်၌နေထိုင်ကြသူတို့ကို နှင်ထုတ်တော်မူ၏။ ဣသရေလအနွယ်တို့အားထိုပြည်ကိုခွဲဝေ သတ်မှတ် ပေးတော်မူပြီးလျှင် ထိုအရပ်အသီးသီးတွင်အတည်တကျ နေထိုင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible55 လူ မျိုး ခြား တို့ ကို ရှေ့ မှ နှင် ထုတ် ပြီး လျှင်၊ ဣ သ ရေ လ အ နွယ် များ၏ အ ပိုင် အ ဖြစ်၊ တာ ထိုး ဝေ ပေး လျက်၊ တဲ များ တွင် နေ ရာ ချ တော် မူ ခြင်း များ တည်း။ အခန်းကိုကြည့်ပါ။Judson Bible55 သူတို့ရှေ့မှာလည်း၊ တစ်ပါးအမျိုးသားတို့ကိုနှင်ထုတ်ပြီးလျှင်၊ ဣသရေလအမျိုးအနွယ် အသီးအသီးတို့သည် အမွေခံရသောမြေကိုတာထိုး၍ ပိုင်းခြားလျက် နေရာချတော်မူ၏။ အခန်းကိုကြည့်ပါ။ |
အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။