Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 4:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ဗာရက်​သည် ဟာရောရှက်​ဟာဂေါအိမ်​မြို့​တိုင်အောင် သိသရ​၏​စစ်ရထား​၊ စစ်သည်​တို့​နောက်သို့​လိုက်​၍ စစ်သည်​တို့​ကို တစ်ယောက်မကျန်​ဓား​ဖြင့် သတ်​ပစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ဗာ​ရက်​သည်​လည်း​သူ​၏​ရ​ထား​များ​နှင့်​တပ် သား​တို့​ကို လူ​မျိုး​ခြား​တို့​နေ​ရာ​ဟာ​ရော​ရှက် မြို့​သို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက်​ရာ သိ​သ​ရ ၏​တပ်​သား​တို့​သည်​တစ်​ယောက်​မျှ​မ​ကျန် သေ​ဆုံး​ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ဗာ ရက် မူ ကား၊ ရ ထား တပ် နှင့် အ လုံး အ ရင်း တို့ ကို လူ မျိုး ခြား တို့ နေ ရာ ဟာ ရော ရှက် မြို့ တိုင် လိုက် လံ၍ သိ သ ရ၏ အ လုံး အ ရင်း တစ် ယောက် မ ကျန် ဓား ဖြင့် ကျ ဆုံး ကြ ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ဗာ​ရက်​သည် ရ​ထား​များ၊ ဗိုလ်​ပါ​စစ်​သည်​များ​ကို ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​တိုင်​အောင် လိုက်၍၊ သိ​သ​ရ​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် တစ်​ယောက်​မျှ မ​ကျန်​ကြွင်း ဓား​နှင့် သေ​ကြ​ကုန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 4:16
13 ပူးပေါင်းရင်းမြစ်များ  

အပြစ်သား​တို့​သည် ကမ္ဘာမြေကြီး​ပေါ်မှ ပျောက်ကွယ်​သွား​ကြ​ပါစေသော​။ ဆိုးယုတ်​သော​သူ​တို့​သည်​လည်း ဆက်၍​မ​ရှိ​ကြ​ပါစေ​နှင့်​။ အို ငါ​၏​စိတ်ဝိညာဉ်​၊ ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​လော့​။ ဟာလေလုယ​။


သူ​တို့​သည် အင်္ဒေါရ​အရပ်​တွင် ဖျက်ဆီး​ခြင်း​ခံရ​၍ မြေကြီး​ပေါ်မှ မြေဆွေး​ဖြစ်​ကြ​ပါ​ပြီ​။


မိဒျန်​လူမျိုး​အပေါ်​၌​လည်းကောင်း​၊ ကိရှုန်​ချောင်း​နားတွင် သိသရ​နှင့်​ယာဘိန်​မင်းကြီး​တို့​အပေါ်​၌​လည်းကောင်း ကိုယ်တော်​ပြု​သကဲ့သို့ သူ​တို့​အပေါ်​၌ ပြု​တော်မူ​ပါ​။


အစ္စရေး​အမျိုးသား​တို့​နောက်မှ ပင်လယ်​ထဲသို့​လိုက်ဝင်​ကြ​သော စစ်ရထား​များ​နှင့်​မြင်းစီးသူရဲ​များ စသည့် ဖာရော​မင်းကြီး​၏​စစ်တပ်​တစ်တပ်လုံး​အပေါ်​သို့ ရေ​ပြန်စီး​လာ​ပြီး သူ​တို့​ကို ဖုံးလွှမ်း​သဖြင့် တစ်စုံတစ်ယောက်​မျှ မ​ကျန်ရစ်​ပေ​။


ရထား​နှင့် မြင်း​၊ စစ်သည်​နှင့်​အင်အားကြီးမား​သော​သူ​တို့​ကို ထုတ်ဆောင်​၍ သူ​တို့​ကို မ​ထ​နိုင်​အောင် အတူတကွ​လဲ​စေ​ပြီး မီးစာ​ကို​ငြှိမ်း​သကဲ့သို့ ငြိမ်း​သွား​စေ​တော်မူ​သော ထာဝရဘုရား​က


ပညတ်​တရား​မ​ပါ​ဘဲ အပြစ်​ပြု​သော​သူ​ရှိသမျှ​သည် ပညတ်​တရား​မ​ပါ​ဘဲ ပျက်စီး​ကြ​လိမ့်မည်။ ပညတ်​တရား​အောက်၌​ရှိ​လျက် အပြစ်​ပြု​သော​သူ​ရှိသမျှ​သည်​လည်း ပညတ်​တရား​အားဖြင့် စီရင်​ခြင်း​ခံရ​ကြ​လိမ့်မည်။


အဘယ်ကြောင့်​ဆိုသော် ကရုဏာ​မ​ရှိ​သော​သူ​သည် ကရုဏာ​ကင်း​သော​တရား​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။ ကရုဏာ​သည် တရား​စီရင်​ခြင်း​အပေါ်​အောင်ပွဲ​ခံ​တတ်​၏။


ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။


ထာဝရဘုရား​သည် ရန်သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​လက်​သို့ အပ်​တော်မူ​သဖြင့် အစ္စရေး​စစ်သည်​တို့​သည် ဆီဒုန်​မြို့​ကြီး​၊ မိသရဖောသမိမ်​မြို့​၊ အရှေ့ဘက်​အရပ်​ရှိ မိဇပါ​ချိုင့်ဝှမ်း​တိုင်အောင် လိုက်လံ​တိုက်ခိုက်​လေ​၏​။ အသက်ရှင်​ကျန်ရစ်​သူ​တစ်ယောက်မျှ​မ​ရှိ​သည့်​တိုင်အောင် လုပ်ကြံ​လေ​၏​။


ဟာဇော်​ဘုရင်​ယာဘိန်​မင်းကြီး​နှင့် ကေနိ​လူမျိုး ဟေဗာ​၏​မိသားစု​တို့​သင့်မြတ်​ကြ​သောကြောင့် သိသရ​သည် ကေနိ​လူမျိုး ဟေဗာ​၏​မယား ယေလ​၏​တဲ​သို့ ခြေကျင်​ဖြင့် ထွက်ပြေး​လေ​၏​။


ထို့ကြောင့် ထာဝရဘုရား​သည် သူ​တို့​ကို ဟာဇော်​မြို့​၌​စိုးစံ​သော ခါနာန်​ဘုရင်​ယာဘိန်​မင်းကြီး​လက်​သို့ ရောင်းလိုက်​လေ​၏​။ ထို​ဘုရင်​၏​စစ်သူကြီး​မှာ ဟာရောရှက်​ဟာဂေါအိမ်​မြို့​၌​နေထိုင်​သော သိသရ​ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ