ဆာလံ 44:3 - မြန်မာ့စံမီသမ္မာကျမ်း3 အမှန်စင်စစ် ဘိုးဘေးတို့သည် ထိုပြည်ကို မိမိတို့ဓားလက်နက်ဖြင့် သိမ်းယူခဲ့ကြသည်မဟုတ်ပါ။ သူတို့အောင်ပွဲရသည်မှာ သူတို့၏လက်ရုံးကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်၏လက်ယာလက်တော်၊ ကိုယ်တော်၏လက်ရုံးတော်နှင့် ကိုယ်တော်၏ မျက်နှာတော်အလင်းကြောင့်သာဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် သူတို့ကိုနှစ်သက်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ကိုယ်တော်ရှင်၏လူစုတော်သည်ထိုပြည်ကို ဋ္ဌားလက်နက်ဖြင့်သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ မိမိတို့၏ကိုယ်ပိုင်စွမ်းရည်အားဖြင့်လည်း သိမ်းပိုက်နိုင်ကြသည်မဟုတ်ပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော် အားဖြင့်လည်းကောင်း၊ ကိုယ်တော်သည်သူတို့အားချစ်တော်မူသဖြင့် သူတို့နှင့်အတူကိုယ်တော်ရှင်ရှိတော်မူခြင်း အားဖြင့်လည်းကောင်း သူတို့သည်ထိုပြည်ကိုသိမ်းပိုက်နိုင်ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ကိုယ့် ဓား ဖြင့် နေ ပြည် ကို ပိုင် ရ ခွင့်၊ ကိုယ့် လက် ရုံး ဖြင့် အောင် မြင် ခွင့် ကို ရ ကြ သည် မ ဟုတ် ပါ။ မျက် နှာ တော် ရောင် ခြည် ကျေး ဇူး ကို ခံ စား၍၊ ညာ လက် ရုံး တော် အား ဖြင့် ရ ကြ လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible3 သူတို့သည် ကိုယ်ဓားဖြင့် ထိုမြေကိုအစိုးရကြသည် မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြသည် မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ယာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ်တင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပါပြီ။ အီဂျစ်ပြည်၊ လူမျိုးခြားတို့နှင့် သူတို့၏ဘုရားများထံမှ ရွေးနုတ်တော်မူခဲ့သောလူမျိုးတော်၏ရှေ့မှောက်မှာပင် ပြည်တော်အဖို့ ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို ထင်ရှားစေခဲ့ပါပြီ။