ဟေရှာယ 30:30 - မြန်မာ့စံမီသမ္မာကျမ်း30 ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible30 ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible30 ထာ ဝ ရ ဘု ရား သည် ဒေါ သ အ မျက် ထွက် ခြင်း၊ မီး လျှံ ကျွမ်း လောင် ခြင်း၊ မိုး သား ကွဲ ခြင်း၊ မိုး ကြီး ရွာ ခြင်း၊ မိုး သီး ကျ ခြင်း များ နှင့် တ ကွ၊ ကြီး ကျယ် သော အ သံ တော် ကို ကြား စေ၍၊ ဒဏ် နှက် သော လက် ရုံး တော် ကို ထင် ရှား စေ တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible30 ထာဝရဘုရားသည်လည်း ဘုန်းကြီးသောအသံတော်ကို လွှတ်တော်မူလိမ့်မည်။ လက်ရုံးတော် သက်ရောက်ခြင်း၊ ပြင်းစွာအမျက်ထွက်ခြင်း၊ မီးလျှံလောင်ခြင်း၊ မိုးသီးပါလျက်၊ မိုးသက်မုန်တိုင်းများတို့ကို ပြတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ထာဝရဘုရားက “ခြင်္သေ့ကြီးနှင့် ခြင်္သေ့ပျိုက သားကောင်ကို မာန်ဖီသောအခါ သိုးထိန်းအပေါင်းတို့ကိုခေါ်၍ ခြောက်လှန့်စေသော်လည်း သိုးထိန်းတို့၏အသံကိုမကြောက်၊ သူတို့၏ဆူဆူညံညံအသံကို မလန့်။ ထိုနည်းတူ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်တိုက်ရန် ဇိအုန်တောင်၊ ဇိအုန်တောင်ကုန်းပေါ်၌ဆင်းသက်တော်မူမည်။
ထိုသူတို့သည် အစ္စရေးစစ်သည်တို့ရှေ့မှ ထွက်ပြေးကြ၍ ဗေသောရုန်မြို့မှ ဆင်းသွားရာလမ်းတွင် အဇေကာမြို့တိုင်အောင် ထာဝရဘုရားသည် ကောင်းကင်မှ မိုးသီးလုံးကြီးများကို သူတို့အပေါ် ကျစေတော်မူသဖြင့် သူတို့သေကုန်၏။ အစ္စရေးအမျိုးသားတို့၏ဓားဖြင့်သေသောသူထက် မိုးသီးကြောင့်သေသောသူပိုများ၏။
ထိုသို့ ရှမွေလသည် မီးရှို့ရာယဇ်ကို ပူဇော်နေစဉ် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်ရန် စစ်ချီလာကြ၏။ ထိုအချိန်တွင် ထာဝရဘုရားသည် ကျယ်လောင်စွာမိုးချုန်းစေ၍ ဖိလိတ္တိလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူ၏။ ဤသို့ဖြင့် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။