Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 17:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယခု​တစ်ဖန် ဖိလိတ္တိ​လူမျိုး​တို့​သည် စစ်တိုက်​ရန် စစ်သည်​တို့​ကို စုစည်း​ကြ​၏​။ သူ​တို့​သည် စောခေါ​မြို့​တွင် စုဝေး​၍ ယုဒ​ပြည်​၊ စောခေါ​မြို့​နှင့် အဇေကာ​မြို့​ကြား​ရှိ​ဧဖက်ဒမိမ်​အရပ်​တွင် စခန်းချ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​ယု​ဒ​ပြည်​ရှော​ခေါ မြို့​တွင်​စု​ရုံး​ကာ ထို​မြို့​နှင့်​အ​ဇေ​ကာ​မြို့​စပ် ကြား​ဧ​ဖက်​ဒ​မိမ်​အ​ရပ်​တွင်​တပ်​ချ​ထား ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထို နောက် စစ် တိုက် ရန် ယု ဒ နယ်၊ စော ခေါ မြို့ တွင် ဖိ လိ တ္တိ အ လုံး အ ရင်း တို့ စု ရုံး စည်း ဝေး ပြီး လျှင် ၎င်း မြို့ နှင့် အ ဇေ ကာ မြို့ ကြား၊ ဧ ဖက် ဒ မ္မိမ် အ ရပ်၌ စွဲ ရပ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဖိ​လိ​တ္တိ လူ​တို့​သည် ဗိုလ်​ခြေ​များ​ကို​နှိုး​ဆော်၍ ယု​ဒ​ခ​ရိုင် ရှော​ခေါ​မြို့၌ စု​ဝေး​သ​ဖြင့်၊ ရှော​ခေါ​မြို့​နှင့် အ​ဇေ​ကာ​မြို့​စပ်​ကြား ဒ​မိမ်​အ​ရပ်​မှာ​တပ်​ချ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 17:1
11 ပူးပေါင်းရင်းမြစ်များ  

ဧလာဇာ​သည် ဒါဝိဒ်​မင်းကြီး​နှင့်အတူ ပါသဒမ္မိမ်​အရပ်​ရှိ မုယောစပါး​အပြည့်​စိုက်​ထား​သော​လယ်ကွက်​၌​နေ​စဉ် ဖိလိတ္တိ​လူမျိုး​တို့ စစ်တိုက်​ရန် စုဝေး​ချီတက်​လာ​ကြ​၏​။ ကျန်စစ်သည်​များ ဖိလိတ္တိ​လူမျိုး​တို့​ရှေ့​မှ ထွက်ပြေး​ကုန်​သော်လည်း


ဗက်ဇုရ​မြို့​၊ စောခေါ​မြို့​၊ အဒုလံ​မြို့​၊


ထို့ပြင် ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မြေနိမ့်ဒေသ​ရှိ​မြို့ရွာ​များ​နှင့် ယုဒ​ပြည်​နေဂေ့​အရပ်​ကို ဝင်ရောက်​တိုက်ခိုက်​ပြီး ဗက်ရှေမက်​မြို့​၊ အာယလုန်​မြို့​၊ ဂေဒရုတ်​မြို့​၊ စောခေါ​မြို့​နှင့်​ဝန်းကျင်​ရှိ​မြို့ရွာ​များ​၊ တိမနတ်​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​၊ ဂိမဇော​မြို့​နှင့်​ဝန်းကျင်​မြို့ရွာ​များ​ကို သိမ်းပိုက်​ကာ ထို​နေရာ​တို့​၌ နေထိုင်​ကြ​၏​။


ထို​အချိန်​ကား ဘေဘီလုံ​ဘုရင်​နှင့် သူ​၏​စစ်သည်​များ​က ဂျေရုဆလင်​မြို့​နှင့် ယုဒ​ပြည်​၌​ကျန်ရှိ​သော​မြို့​များ​ဖြစ်​သည့် လာခိရှ​မြို့​၊ အဇေကာ​မြို့​တို့​ကို တိုက်ခိုက်​နေ​သော​အချိန်​ဖြစ်​၏​။ ဤ​ကျန်ရှိ​သော​မြို့​တို့​သည် ယုဒ​ခံတပ်​မြို့​များ​ဖြစ်​၏​။


ယာမုတ်​မြို့​၊ အဒုလံ​မြို့​၊ စောခေါ​မြို့​၊ အဇေကာ​မြို့​၊


ဖိလိတ္တိ​မင်း ငါး​ပါး​အပါအဝင် ခါနာန်​လူမျိုး​အားလုံး​၊ ဆီဒုန်​လူမျိုး​နှင့် ဗာလဟေရမုန်​တောင်​မှ လီဘိုဟာမတ်​တိုင်အောင် လက်ဘနွန်​တောင်​တစ်လျှောက်​တွင် နေထိုင်​ကြ​သော​ဟိဝိ​လူမျိုး တို့​ဖြစ်​ကြ​၏​။


ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို ပြန်လည်​တိုက်ခိုက်​ရန် စုဝေး​ကြ​ပြီးလျှင် စစ်ရထား​သုံးသောင်း​၊ မြင်းစီးသူရဲ​ခြောက်​ထောင်​၊ ပင်လယ်​ကမ်းခြေ​ရှိ​သဲလုံး​နှင့်အမျှ​များပြား​သော​စစ်သည်​တို့​နှင့်တကွ ချီတက်​လာ​၍ ဗေသဝင်​မြို့​အရှေ့ဘက် မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။


ရှောလု​မင်းကြီး​လည်း ဖိလိတ္တိ​လူမျိုး​တို့​ကို လိုက်လံတိုက်ခိုက်​ရာ​မှ​ပြန်လာ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​သည်​လည်း မိမိ​တို့​နေရပ်​သို့ ပြန်သွား​ကြ​လေ​၏​။


ရှောလု​မင်းကြီး​လက်ထက်​ကာလ​ပတ်လုံး ဖိလိတ္တိ​လူမျိုး​တို့​နှင့် တိုက်ပွဲ​ပြင်းပြင်းထန်ထန်​ဆင်နွှဲ​ခဲ့​ရ​၏​။ သူ​သည် ခွန်အားကြီး​သူ​၊ ရဲစွမ်းသတ္တိ​ရှိ​သူ​တို့​ကို ခေါ်ယူ​စုဆောင်း​ထား​တတ်​၏​။


အစ္စရေး​အမျိုးသား​တို့​သည် မိဇပါ​မြို့​၌ စုဝေး​ကြ​ကြောင်း​ကို ဖိလိတ္တိ​လူမျိုး​တို့​ကြား​သောအခါ ဖိလိတ္တိ​မင်း​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို​တိုက်ခိုက်​ရန် ချီလာ​ကြ​၏​။ ထို​သတင်း​ကို အစ္စရေး​အမျိုးသား​တို့ ကြားသိ​သောအခါ ဖိလိတ္တိ​လူမျိုး​တို့​ကို ကြောက်ရွံ့​ကြ​ကုန်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ