Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 28:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ထာဝရဘုရား​သည် ပေရဇိန်​တောင်​ပေါ်မှာ ထ​တော်မူ​သကဲ့သို့​၊ ဂိဗောင်​ချိုင့်ဝှမ်း​မှာ အမျက်ထွက်​တော်မူ​သကဲ့သို့ ထူးဆန်း​သော​အမှု​တော်​ကို လုပ်ဆောင်​တော်မူ​မည်​။ ဆန်းသစ်​သော​အမှု​တော်​ကို ပြု​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ထာ​ဝ​ရ​ဘု​ရား​သည်​ပေ​ရ​ဇိမ်​တောင်​နှင့် ဂိ​ဗောင်​ချိုင့်​ဝှမ်း​တွင် ပြု​တော်​မူ​ခဲ့​သည့်​နည်း တူ​စစ်​ချီ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည် မိ​မိ​ပြု​ရန်​ရှိ​သည့်​အ​မှု​ကို​ပြီး​ပြတ်​အောင် ဆောင်​ရွက်​တော်​မူ​လိမ့်​မည်။ ထို​အ​မှု​ကား နက်​နဲ​သိမ်​မွေ့​သည့်​အ​ရာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ထာ ဝ ရ ဘု ရား သည်၊ အ မှု တော် ကို ပြု ခြင်း ငှာ လည်း‌ ကောင်း၊ အ လုပ် တော် ကို လုပ် ခြင်း ငှာ လည်း‌ ကောင်း၊ ပေ ရ ဇိမ် တောင် ပေါ် နှင့် ဂိ ဗောင် ချိုင့် များ မှာ ကဲ့ သို့ ထ ကြွ ပေါ် ထွန်း တော် မူ လိမ့် မည်။ အ မှု တော် ကား၊ ထူး ဆန်း ဖွယ်၊ အ လုပ် တော် ကား၊ အံ့ အား သင့် ဖွယ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 28:21
21 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီသွား​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ထာဝရဘုရား​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​ရှေ့​တွင် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​လူမျိုး​တို့​ကို ဂေဗ​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ဗာလပေရဇိမ်​အရပ်​သို့ ချီတက်​၍ ထို​နေရာ​တွင် သူ​တို့​ကို တိုက်ခိုက်​လေ​၏​။ ဒါဝိဒ်​မင်းကြီး​က “​ဘုရားသခင်​သည် ငါ့​ရန်သူ​ကို ရေကာတာ​ကျိုးပေါက်​ပျက်စီး​သွား​သကဲ့သို့ ငါ့​လက်​ဖြင့် ပျက်စီး​စေ​လေ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​နေရာ​ကို ဗာလပေရဇိမ် ဟု​အမည်​မှည့်ခေါ်​လေ​၏​။


ဒါဝိဒ်​မင်းကြီး​သည် ဘုရားသခင်​မိန့်​တော်မူ​သည့်​အတိုင်း ပြု​၍ ဖိလိတ္တိ​တပ်​ကို ဂိဗောင်​မြို့​မှ ဂေဇာ​မြို့​တိုင်အောင် တိုက်ခိုက်ချေမှုန်း​လေ​၏​။


မည်သူ​သည် ဆိုးညစ်​သော​အမှု​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက်​ထ​မည်နည်း​။ မည်သူ​သည် အပြစ်ဒုစရိုက်​ပြု​သော​သူ​တို့​ကို ဆန့်ကျင်​ပြီး ငါ့​အတွက် ရပ်တည်​မည်နည်း​။


ဘုရားရှင်​သည် ဇိအုန်​တောင်​နှင့်​ဂျေရုဆလင်​မြို့​၌ ပြု​ရ​မည့်​အမှု​ရှိသမျှ​ကို ပြု​ပြီး​သောအခါ စိတ်နှလုံး​ခက်ထန်​သော​၊ မျက်နှာ​ထောင်လွှား​သော အဆီးရီးယား​ဘုရင်​ကို အပြစ်ဒဏ်​ပေး​မည်​။


ဖြတ်သွား​သည့်​အခါတိုင်း သင်​တို့​ကို​ယူဆောင်​သွား​မည်​။ နံနက်တိုင်း​၊ နေ့တိုင်း​၊ ညတိုင်း​ဖြတ်သွား​မည်​။ သတင်း​ကြား​ရုံ​ဖြင့် ထိတ်လန့်​ခြင်း​ကို ဖြစ်စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​ကို​အံ့ဩ​စေ​မည့် အံ့ဖွယ်​အမှု​တစ်​ခု​ပြီး​တစ်​ခု ပြု​မည်​။ သူ​တို့​ထဲမှ ပညာရှိ​တို့​၏​ဉာဏ်ပညာ​သည် ပျက်စီး​သွား​မည်​။ အသိဉာဏ်​ရှိ​သူ​တို့​၏​အသိဉာဏ်​သည်​လည်း ကွယ်ပျောက်​သွား​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​ပြု​သော​အမှု​ကြောင့် သူ့​သားသမီး​တို့​သည် သူ​နှင့်အတူ​ရှိ​နေ​သည်​ကို မြင်​သောအခါ ငါ့​နာမ​ကို​သန့်ရှင်း​စေ​လိမ့်မည်​။ ယာကုပ်​၏​သန့်ရှင်း​သော​အရှင်​ကို ရိုသေ​၍ အစ္စရေး​တို့​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။


မီး​သည် သစ်ခက်​တို့​ကို​လောင်​သကဲ့သို့​၊ မီး​သည် ရေ​ကို​ပွက်ပွက်ဆူ​စေ​သကဲ့သို့ ဖြစ်​လိမ့်မည်​။ ကိုယ်တော့်​ကို​ရန်ပြု​သော​သူ​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​သိ​၍ လူမျိုးတကာ​တို့​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ ထိတ်လန့်တုန်လှုပ်​ကြ​လိမ့်မည်​။


တောင်ကြီး​များ​ပေါ်တွင် နံ့သာပေါင်း​ကို​မီးရှို့​၍ တောင်ငယ်​များ​ပေါ်တွင် ငါ့​ကို​စော်ကားပြုမူ​ကြ​သော သင်​တို့​၏​ဒုစရိုက်​များ​နှင့် သင်​တို့​ဘိုးဘေး​တို့​၏​ဒုစရိုက်​များ​ကို အတူတကွ ငါ​ပြန်ပေးဆပ်​စေ​မည်​။ ထို့ကြောင့် ငါ​သည် သူ​တို့​၏​ယခင်​လုပ်ရပ်​တို့​ကို အကုန်အစင်​စစ်ဆေး​မည်​”​ဟု မိန့်​တော်မူ​၏​။


သင့်​ကို​ချစ်ခင်​သော​သူ​အပေါင်း​တို့​သည် သင့်​ကို​မေ့လျော့​ကြ​ပြီ​။ သင့်​ကို ဂရု​မ​စိုက်​ကြ​။ အကြောင်းမူကား သင်​၏​အပြစ်​များပြား​၍ သင်​၏​ဒုစရိုက်​ကြီးမား​သောကြောင့် ရန်သူ​၏​တိုက်ခိုက်​ခြင်း​အားဖြင့်​လည်းကောင်း​၊ ကြမ်းကြုတ်​သော​သူ​၏​ဆုံးမ​ခြင်း​အားဖြင့်​လည်းကောင်း သင့်​ကို ငါ​ဒဏ်ခတ်​လေ​ပြီ​။


လမ်းသွားလမ်းလာ​အားလုံး သင့်​ကို​လက်ခုပ်တီး​၍ ကဲ့ရဲ့​ကြ​ပြီ​။ ထို​သူ​တို့​သည် ခေါင်း​ကို​ခါယမ်း​လျက် ဂျေရုဆလင်​သမီးပျို​အား “​လှပမှု​အပေါင်း​စုံလင်​ရာ​မြို့​၊ မြေကြီးသား​အားလုံး​ဝမ်းမြောက်​ရာ​မြို့​ကား ဤ​မြို့​ပေလော​”​ဟု ဆို​ကြ​ပြီ​။


ကိုယ်တော်​သည် လူသား​တို့​ကို ဒုက္ခဝေဒနာ​ခံစား​စေ​လို​သော​သဘော​၊ ဝမ်းနည်းကြေကွဲ​စေ​လို​သော​သဘော​ရှိ​တော်​မ​မူ​။


ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး တစ်ဆယ့်​နှစ်​နှစ်​မြောက်​၊ ဒသမ​လ​၊ ငါး​ရက်​နေ့​တွင် ဂျေရုဆလင်​မြို့​မှ ထွတ်ပြေး​လွတ်မြောက်​လာ​သူ​တစ်ဦး ငါ့​ထံသို့​ရောက်လာ​၍ “မြို့​တော်​ကြီး​တိုက်ခိုက်​ခံရ​လေ​ပြီ”​ဟု ကြားပြော​လေ​၏​။


“လူမျိုးတကာ​တို့​ကို ကြည့်ရှု​၍ ဆင်ခြင်​ကြ​လော့​။ အံ့အားသင့်​လျက်​နေ​လော့​။ အကြောင်းမူကား သင်​တို့​ကြား​၍ မ​ယုံ​နိုင်​သော​အမှု​ကို သင်​တို့​လက်ထက်​တွင် ငါ​ဖြစ်ပျက်​စေ​မည်​။


ထာဝရဘုရား​သည် ထို​သူ​တို့​ကို အစ္စရေး​စစ်သည်​တို့​ရှေ့​၌ ကစဥ့်ကလျား​ဖြစ်စေ​တော်မူ​၏​။ အစ္စရေး​စစ်သည်​တို့​သည် ဂိဗောင်​မြို့​၌ ရန်သူ​အမြောက်အမြား​ကို တိုက်ခိုက်​သတ်ဖြတ်​ပြီး ဗေသောရုန်​မြို့​သို့​တက်သွား​သော​လမ်း​အတိုင်း အဇေကာ​မြို့​၊ မက္ကဒါ​မြို့​တိုင်အောင် လိုက်လံ​တိုက်ခိုက်​ကြ​၏​။


ထို​သူ​တို့​သည် အစ္စရေး​စစ်သည်​တို့​ရှေ့​မှ ထွက်ပြေး​ကြ​၍ ဗေသောရုန်​မြို့​မှ ဆင်းသွား​ရာ​လမ်း​တွင် အဇေကာ​မြို့​တိုင်အောင် ထာဝရဘုရား​သည် ကောင်းကင်​မှ မိုးသီးလုံးကြီး​များ​ကို သူ​တို့​အပေါ် ကျ​စေ​တော်မူ​သဖြင့် သူ​တို့​သေ​ကုန်​၏​။ အစ္စရေး​အမျိုးသား​တို့​၏​ဓား​ဖြင့်​သေ​သော​သူ​ထက် မိုးသီး​ကြောင့်​သေ​သော​သူ​ပိုများ​၏​။


အာမောရိ​လူမျိုး​တို့​ကို အစ္စရေး​အမျိုးသား​တို့​လက်​သို့ ထာဝရဘုရား​အပ်​တော်မူ​သော​နေ့​၌ ယောရှု​သည် ထာဝရဘုရား​ထံ ဆုတောင်း​ပြီးလျှင် အစ္စရေး​အမျိုးသား​တို့​၏​ရှေ့မှောက်​တွင် “​အို နေ​၊ ဂိဗောင်​မြို့​ပေါ် တန့်​နေ​လော့​။ အို လ​၊ အာယလုန်​ချိုင့်ဝှမ်း​ပေါ် တန့်​နေ​လော့​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ