ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ယောဘဝတ္တု။ 22:30 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်မကင်းသောသူကိုပင်လျှင် လွတ်မြောက်ခွင့်ပေးတော်မူလိမ့်မည်။ စင်ကြယ်သောသင့်လက်ကြောင့် သူ့ကို လွတ်မြောက်စေတော်မူမည်”ဟု ဆိုလေ၏။ Common Language Bible အပြစ်မကင်းသောသူကိုပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။ Garrad Bible အ ပြစ် မ ကင်း သူ့ ကို ပင် လွတ် မြောက် စေ တော် မူ၍၊ ထို သူ လွတ် မြောက် ရ ခြင်း ကား၊ သင့် လက် စင် ကြယ် သော ကြောင့် တည်း ဟု မြွက် ဆို လေ၏။ Judson Bible အပြစ်မကင်းသောသူကိုပင် ကယ်နုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်ဟု မြွက်ဆို၏။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
ထိုအခါ တေမန်အမျိုးသား ဧလိဖတ်၊ ရှုအာအမျိုးသား ဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖာတို့သည် ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သွား၍ပြုကြ၏။ ထာဝရဘုရားသည်လည်း ယောဘ၏မျက်နှာကိုထောက်၍ လက်ခံတော်မူ၏။
ထာဝရဘုရားသည် ငါဖြောင့်မတ်သည်နှင့်အညီ ငါ့ကို ကျေးဇူးပြုတော်မူ၏။ ငါ့လက်သန့်ရှင်းသည်နှင့်အညီ ငါ့ကို ချီးမြှောက်တော်မူ၏။
ထာဝရဘုရား၏တောင်တော်ပေါ်သို့ မည်သူတက်ရမည်နည်း။ ကိုယ်တော်၏သန့်ရှင်းသောနေရာတွင် မည်သူရပ်ရမည်နည်း။
ထိုသူကား အပြစ်ကင်းသောလက်နှင့် ဖြူစင်သောစိတ်နှလုံးရှိသူ၊ အချည်းနှီးသောအရာ၌ စိတ်ဝိညာဉ်မှီဝဲဆည်းကပ်ခြင်းမရှိသူ၊ လိမ်လည်လှည့်ဖြား၍ကျိန်ဆိုခြင်းမပြုသူပင် ဖြစ်၏။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
“ယခုမှာ အကျွန်ုပ်တို့ကိုသနားတော်မူပါဟူ၍ ဘုရားသခင်ကို တိုးလျှိုးတောင်းပန်ကြလော့။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို လက်ခံတော်မူမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
သို့ဖြစ်၍ အမျိုးသားတို့သည် အမျက်ထွက်ခြင်းနှင့်ငြင်းခုံခြင်းတို့မရှိဘဲ အရပ်ရပ်တို့၌ သန့်ရှင်းသောလက်ကိုမြှောက်ချီ၍ဆုတောင်းကြရန် ငါအလိုရှိ၏။