ဟေရှာယ 1:15 - မြန်မာ့စံမီသမ္မာကျမ်း15 သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible15 သင် တို့ လက် အုပ် ချီ သော အ ခါ၊ ငါ မျက် ကွယ် ထား မည်။ များ စွာ ဆု တောင်း သော် လည်း၊ အ သွေး သွန်း သော လက် ကြောင့်၊ နား ညောင်း မည် မ ဟုတ်။ ဆိုး သွမ်း မှု ကိုငါ့ မျက် မှောက် မှ လွဲ ဖယ် ၍ အခန်းကိုကြည့်ပါ။Judson Bible15 သင်တို့သည်လက်ဝါးတို့ကို ဖြန့်ကြသောအခါ၊ ငါသည်မျက်စိကိုလွှဲမည်။ များစွာသောပတ္ထနာကိုပြုကြသောအခါ၊ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့် ပြည့်ကြ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးအမျိုးသားတို့သည် သူတို့ပြုသောအပြစ်ကြောင့် ဖမ်းခေါ်သွားခြင်းခံရကြောင်း လူမျိုးတကာတို့ သိရကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ငါ့အပေါ်သစ္စာမဲ့၍ ငါသည် သူတို့ထံမှမျက်နှာလွှဲသဖြင့် သူတို့ကို ရန်သူတို့လက်သို့ အပ်လိုက်၍ သူတို့အားလုံး ရန်သူ့ဓားကြောင့် သေဆုံးရကြ၏။