Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 22:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 နှိမ့်ချ​ခံ​နေ​ရ​သူ​တို့​အဖို့ သင်​က ‘​သူ​တို့​ကို ချီးမြှောက်​တော်မူ​ပါ​’​ဟု ဆုတောင်း​ပေး​လျှင် ကိုယ်တော်​သည် နိမ့်ကျ​သော​သူ​တို့​ကို ကယ်တင်​တော်မူ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 သူတပါးတို့သည် နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို ကယ်တင်တော်မူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 သင့် ကို နှိမ့် ချ ကြ သော အ ခါ၊ သင် က၊ မာ န ကြီး သည် ဟု မြည် တမ်း လျှင်၊ နိမ့် ကျ သော သင့် ကို ကယ် တင် တော် မူ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 သူ​တစ်​ပါး​တို့​သည် နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ သင်​က ချီး​မြှောက်​သော​အ​ခွင့်​ရှိ​သည်​ဟု ဆို​ရ​လိမ့်​မည်။ စိတ်​နှိမ့်​ချ​သော​သူ​ကို ကယ်​တင်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 22:29
17 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​တို့​ကို မျက်နှာလွှဲ​တော်​မ​မူ​။ သူ​တို့​ကို ရှင်ဘုရင်​တို့​နှင့်အတူ ပလ္လင်​ပေါ်တွင် အစဉ်​စံမြန်း​စေ​၍ ချီးမြှောက်​တော်မူ​၏​။


နိမ့်ကျ​သော​သူ​တို့​ကို မြှင့်တင်​၍ ဝမ်းနည်းပူဆွေး​သော​သူ​တို့​ကို ကူမ​ကယ်တင်​တော်မူ​၏​။


အကယ်စင်စစ် ထာဝရဘုရား​သည် မြင့်မြတ်​တော်မူ​သော်လည်း နှိမ့်ချ​သော​သူ​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ဘဝင်မြင့်​သော​သူ​တို့​ကို​ကား အဝေး​ကပင် သိ​တော်မူ​၏​။


လူ​၏​မာန်မာန​သည် သူ့​ကို​နိမ့်ကျ​စေ​တတ်​၏​။ စိတ်နှိမ့်ချ​သော​သူ​မူကား ဂုဏ်သရေ​ကို​ရ​လိမ့်မည်​။


မြင့်မြတ်​၍​ချီးမြှောက်​ခြင်း​ခံ​တော်မူ​သော​၊ ထာဝရ​အသက်ရှင်​တော်မူ​သော​၊ သန့်ရှင်း​ခြင်း​ဟု နာမ​ရှိ​တော်မူ​သော​အရှင်​က “​ငါ​သည် စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​၊ စိတ်နှိမ့်ချ​သော​သူ​တို့​နှင့်အတူ အထွတ်အမြတ်​ထား​ရာ​အရပ်​၊ သန့်ရှင်း​သော​အရပ်​၌ ကိန်းဝပ်​၏​။ စိတ်အားငယ်​သော​သူ​၊ စိတ်နှလုံး​ကျိုးပဲ့ကြေမွ​သော​သူ​တို့​ကို အားဖြည့်ပေး​ရန် သူ​တို့​တွင် ငါ​ကိန်းဝပ်​၏​။


ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။


မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်။


ရှင်ဘုရင်​တို့​ကို နန်း​ချ​၍ နှိမ့်ချ​သော​သူ​တို့​ကို ချီးမြှောက်​တော်မူ​၏။


အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။


ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ