Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 22 - Garrad Bible

1 ထို အ ခါ၊ တေ မန့် အ မျိုး သား ဧ လိ ဖတ် တုံ့ ပြန် မြွက် ဆို သည် ကား။

2 လူ သည် ဘု ရား သ ခင် ရှေ့၌ အ သုံး ဝင် နိုင် သ လော။ လိ မ္မာ သူ သည်၊ ကိုယ်၌ သာ လျှင် မု ချ အ သုံး ကျ လိမ့် မည်။

3 သင် ဖြောင့် မတ် ကြောင်း ကို၊ အ န န္တ တန် ခိုး ရှင် အာ ရုံ ပြု တော် မူ သ လော။ အ ကျင့် အ ကြံ စုံ လင် ခြင်း အ ကြောင်း ကြောင့် လည်း၊ အ ကျိုး ရှိ တော် မူ သ လော။

4 သင် ရို သေ ခန့် ညား ခြင်း အ တွက် ဆုံး မ၍၊ သင် နှင့် တ ရား ဆိုင် တော် မူ ပါ သ လော။

5 သင် ဆိုး သွမ်း ခြင်း များ ပြား လှ သည် မ ဟုတ် လော။ ဒု စ ရိုက် လည်း၊ မ ကုန် မ ဆုံး ချေ။

6 အ သို့ ဆို သော်၊ သင် သည် ညီ အစ် ကို ထံ အ ချည်း အ နှီး အ ပေါင်း ခံ သည့် ပြင်၊ အ ဝတ် မဲ့ သူ တို့၏ ခြုံ စောင် ကို ပင် ခွာ ယူ ခဲ့ လေ ပြီ။

7 မော ပန်း သူ အား ရေ ကို မ တိုက်။ မွတ် သိပ် သူ့ အား လည်း အ စာ ကို မ ကျွေး။

8 လက် ရုံး ကောင်း သူ သည် နေ ပြည် ကို ပိုင် ရ၍၊ မျက် နှာ ကြီး သူ လည်း တည် နေ ခွင့် ရ ရှိ လျက် ပင်၊

9 မု ဆိုး မ တို့ ကို သင် လက် ချည်း လွှတ် လျက်၊ ဖ သက် ဆိုး တို့၏ လက် ရုံး များ ကို လည်း ချိုး ဖဲ့ ခဲ့ လေ ပြီ။

10 ထို ကြောင့် ထောင် သော ကိုင်း များ သည်၊ သင့် ကို ဝိုင်း ရံ လျက်၊ ရုတ် ခြင်း ဘေး လည်း ချောက် လှန့် လေ ပြီ။

11 မှောင် ကျ သော ဘေး ကို လည်း ကောင်း၊ လွှမ်း မိုး စီး သွား သော ရေ ဘေး ကို လည်း ကောင်း၊ မ သိ မ မြင် သ လော။

12 ဘု ရား သ ခင် သည် ကောင်း ကင် ဘ ဝဂ် ဝယ် ရှိ တော် မူ သည် မ ဟုတ် လော။ ကြယ် များ၏ အ ထွဋ် အ ထိပ် မြင့် လှ သည် ကို ကြည့် လော။

13 သင် က၊ ဘု ရား သ ခင် မည် သည် ကို သိ သ နည်း။ မိုး သား အ ပေါ် မှ စီ ရင် ဆုံး ဖြတ် နိုင် သ လော။

14 ကိုယ် တော် ကြည့်၍ မ မြင် နိုင် ရန် တိမ် တိုက် ကို ခြုံ ရုံ လျက်၊ ကောင်း ကင် ပိ တာန့် အ ပေါ် တွင် စက် တော် ဖြန့် သည် ဟု ဆို၏။

15-16 အ မြစ် အ ခြေ သည် မြစ် ရေ သ ဖွယ် စီး သွန်၍၊ အ ချိန် မ စေ့ မီ၊ သိမ်း သွား ခံ ရ သူ ဒု စ ရိုက် သား တို့ လျှောက် လိုက် သော ရှေး လမ်း ကို၊ သင် လျှောက် သွား မည် လော။

17-18 ၎င်း တို့ အိမ် များ ကို အ ကောင်း နှင့် ပြည့် စေ တော် မူ သော် လည်း၊ ဘု ရား သ ခင် အား ထို သူ တို့ က၊ ထွက် ကြွ တော် မူ ပါ။ အ န န္တ တန် ခိုး ရှင် သည် ငါ တို့၌ မည် သို့ ပြု လုပ် နိုင် တော် မူ သ နည်း ဟု မေး ကြ ကုန်၏။ အ ကျွန်ုပ် နှင့် လူ ဆိုး တို့ အ ကြံ အ စည် ကင်း ဝေး စွ တ ကား။

19-20 ဖြောင့် မတ် သူ တို့ သည် ထို သို့ မြင် ရ၍ ဝမ်း မြောက် ကြ သည့် ပြင်၊ အ ပြစ် ကင်း သူ တို့ က၊ အ ကျွန်ုပ် တို့ နှင့် ဆန့် ကျင် ဘက် ထ ကြွ သူ တို့ ကို ပယ် ရှင်း၍၊ ကြွင်း သ မျှ ကို လည်း မီး သင့် လောင် ပြီ ဟု ကဲ့ ရဲ့ ကြ၏။

21 သင် ကား၊ ကိုယ် တော် နှင့် ကျွမ်း ဝင်၍ မိတ် သ ဟာ ယ ဖွဲ့ လော့။ သို့ မှ ကောင်း စား ခွင့် ရ လိမ့် မည်။

22 နှုတ် တော် ထွက် တ ရား ကို ခံ ယူ၍၊ မု က္ခ ပတ် တော် ကို လည်း နှ လုံး သွင်း လော့။

23 အ န န္တ တန် ခိုး ရှင် ထံ တော် သို့ ပြန် လာ၍၊ မ တ ရား မှု ကို သင့် တဲ များ မှ ကင်း ဝေး စေ လျှင်၊ တည် ဆောက် ခွင့် ရ ဦး မည်။

24 သင့် ရ တ နာ ကို မြေ တွင်လည်း ကောင်း၊ ဩ ဖိ ရ ရွှေ ကို ချိုင့် ရှိ ကျောက် များ တွင်လည်း ကောင်း၊ ထား ခဲ့ လျှင်၊ အ န န္တ တန် ခိုး ရှင် သည်။

25 သင့် ရ တ နာ မြတ်၊ ဘော် စင် အ ရာ၌ ဖြစ် တော် မူ ပါ လိမ့် မည်။

26 ထို အ ခါ သင် သည် အ န န္တ တန် ခိုး ရှင်၌ မွေ့ လျော်၍၊ ဘု ရား သ ခင် ရှေ့ တော် တွင် မော် ကြည့် ခွင့် ရ သည့် ပြင်၊

27 တောင်း ပန်၍ နား ညောင်း တော် မူ သ ဖြင့်၊ သင်၏ သ စ္စာ ဝတ် ကို ဖြေ ရ လ တံ့။

28 သင် ပြ ဋ္ဌာန်း သော အ ချက် သည် တည်၍၊ သွား ရာ လမ်း တွင် လည်း၊ အ လင်း ထွန်း တောက် လိမ့် မည်။

29 သင့် ကို နှိမ့် ချ ကြ သော အ ခါ၊ သင် က၊ မာ န ကြီး သည် ဟု မြည် တမ်း လျှင်၊ နိမ့် ကျ သော သင့် ကို ကယ် တင် တော် မူ လ တ္တံ့။

30 အ ပြစ် မ ကင်း သူ့ ကို ပင် လွတ် မြောက် စေ တော် မူ၍၊ ထို သူ လွတ် မြောက် ရ ခြင်း ကား၊ သင့် လက် စင် ကြယ် သော ကြောင့် တည်း ဟု မြွက် ဆို လေ၏။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ