Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 24:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 အ​ကျင့်​သီ​လ​ကောင်း​၍​စိတ်​နှ​လုံး​ဖြူ​စင်​လျက် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​သူ၊လိမ် လည်​၍ သစ္စာ​က​တိ​မ​ပျက်​တတ်​သူ​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 သန့် စင် သော လက်၊ စင် ကြယ် သော စိတ် ရှိ လျက်၊ အ န တ္တ ကို မ စွဲ မ လမ်း၊ လှည့် ဖြား ၍ သ စ္စာ မ မူ သူ ပေ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 သန့်​ရှင်း​သော​လက်​နှင့် ဖြူ​စင်​သော​နှ​လုံး​ရှိ​သော​သူ၊ မု​သား​ကို​မ​မှီ​ဝဲ မ​ဆည်း​ကပ်၊ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို မ​ပြု​သော​သူ​သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 24:4
32 ပူးပေါင်းရင်းမြစ်များ  

မြေကြီး​ပေါ်တွင် လူ​၏​မကောင်းမှု​များပြား​၍ လူ့​စိတ်နှလုံး​၏​တွေးတော​ကြံစည်မှု​ရှိသမျှ​တို့​သည် အစဉ်အမြဲ​ဆိုးညစ်ခြင်း​သက်သက်​သာ​ဖြစ်ကြောင်း​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။


ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။


ငါ​သည် နှင်းရည်​ဖြင့် ရေချိုး​၍ ငါ့​လက်​ကို ပြာရည်​ဖြင့် စင်ကြယ်​အောင်​ဆေးကြော​လျှင်​လည်း


နံနက်အချိန်​၌ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အကြောင်း​ကို အကျွန်ုပ်​အား​ကြား​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​၏​။ အကျွန်ုပ်​သွား​ရ​မည့်​လမ်း​ကို အကျွန်ုပ်​အား သိ​စေ​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


ဆိုးယုတ်​သော​သူ​ကို အယုတ်​ဟု​မြင်​သော​သူ​၊ ထာဝရဘုရား​ကို​ကြောက်ရွံ့​သော​သူ​အား ရိုသေလေးမြတ်​သော​သူ​၊ မိမိ​အကျိုး​ထိခိုက်​လျှင်ပင် ကျိန်ဆို​ထား​သော​ကတိ​ကို​မ​ဖျက်​သော​သူ​၊


ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို မှီဝဲဆည်းကပ်​ပါ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် အပြစ်ကင်း​ခြင်း​ထဲ၌ အကျွန်ုပ်​၏​လက်​ကို​ဆေးကြော​၍ ကိုယ်တော်​၏​ယဇ်ပလ္လင်​ကို​လှည့်ပတ်​ကာ


အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။


ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော ရွှင်မြူး​ခြင်း​ကို အကျွန်ုပ်​အား ပြန်လည်ခံစား​စေ​၍ စေတနာထက်သန်​သော​ဝိညာဉ်​တော်​ဖြင့် အကျွန်ုပ်​ကို ထောက်မ​တော်မူ​ပါ​။


အကယ်စင်စစ် ဘုရားသခင်​သည် အစ္စရေး​လူမျိုး​တို့​အပေါ်​၊ စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​အပေါ် ကောင်းမြတ်​တော်မူ​၏​။


“​ငါ​သည် ငါ​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​ပြီ​၊ ငါ​သည် အပြစ်​မှ​စင်ကြယ်​ပြီ​”​ဟု မည်သူ​ပြောဆို​နိုင်​သနည်း​။


အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။


သူ​တို့​က ‘ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်’​ဟု ဆို​ကြ​လျက်ပင် မဟုတ်မမှန်​ကျိန်ဆို​တတ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။


သူ​သည် တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊


တောင်​များ​ပေါ်တွင်​ပူဇော်​သော​အစာ​ကို မ​စား​၊ အစ္စရေး​အမျိုးအနွယ်​၏​ရုပ်တု​တို့​ကို မ​ကိုးကွယ်​၊ မိမိ​အိမ်နီးချင်း​၏​မယား​ကို မ​ပြစ်မှား​၊ ဓမ္မတာလာ​သော​မိန်းမ​ထံ မ​ချဉ်းကပ်​၊


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။


“မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။


ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။


ချစ်​ရ​သော​သူ​တို့၊ ငါ​တို့​၌ ဤသို့​သော ကတိ​တော်​များ​ရှိ​ကြ​သောကြောင့် ကိုယ်ကာယ​နှင့်​စိတ်​ဝိညာဉ်​တို့​၏​အညစ်အကြေး​ရှိသမျှ​တို့​မှ မိမိတို့ကိုယ်ကို​စင်ကြယ်​စေ​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​အားဖြင့် မြင့်မြတ်​သန့်ရှင်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​ကုန်စို့။


မိုးကောင်းကင်​သို့​မျှော်ကြည့်​၍ နေ​၊ လ​၊ ကြယ်​စသော ကောင်းကင်​တန်ဆာ​ရှိသမျှ​တို့​ကို​မြင်​သောအခါ သင်​တို့​သည် သွေးဆောင်​ခံရ​၍ မိုးကောင်းကင်​တစ်ပြင်လုံး​အောက်​ရှိ လူမျိုး​အပေါင်း​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား စီရင်​ပေး​ထား​သော​ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။


တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


သို့ဖြစ်၍ အမျိုးသား​တို့​သည် အမျက်ထွက်​ခြင်း​နှင့်​ငြင်းခုံ​ခြင်း​တို့​မ​ရှိ​ဘဲ အရပ်ရပ်​တို့​၌ သန့်ရှင်း​သော​လက်​ကို​မြှောက်ချီ​၍​ဆုတောင်း​ကြ​ရန် ငါ​အလိုရှိ​၏။


ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။


မစင်ကြယ်​သော​အရာ​တစ်စုံတစ်ခု​မျှ ထို​မြို့​ထဲသို့​ဝင်​ရ​လိမ့်မည်​မ​ဟုတ်။ ရွံရှာ​ဖွယ်​သော​အမှု​နှင့်​လိမ်လည်​မှု​တို့​ကို​ပြုကျင့်​သော​သူ​သည်​လည်း ဝင်ရ​လိမ့်မည်​မဟုတ်။ သိုးသငယ်​တော်​၏​အသက်​စာစောင်​တွင် စာရင်း​ဝင်​သော​သူ​တို့​သာ ဝင်​ရ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ