ယေရမိ 5:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။ အခန်းကိုကြည့်ပါ။Common Language Bible1 ယေရုရှလင်မြို့သားတို့၊သင်တို့၏လမ်းများတစ်လျှောက်သွားရောက်၍လှည့်လည်ရှာဖွေကြလော့။ ဆင်ခြင်သုံးသပ်ကြလော့။ သုစရိုက်ကိုပြုကျင့်သူ၊သစ္စာစောင့်ရန်ကြိုးစားသူကိုတွေ့ရှိနိုင်ရန်စျေးရပ်ကွက်များတွင်ရှာဖွေကြလော့။ အကယ်၍ထိုသူကိုသင်တို့ရှာဖွေတွေ့ရှိနိုင်ပါက ထာဝရဘုရားသည်ယေရုရှလင်မြို့ကိုအပြစ်လွှတ်တော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible1 ယေ ရု ရှ လင် မြို့ ရှိ လမ်း မ လမ်း ကြား များ ၌၊ ခေါက် တုံ့ ခေါက် ပြန် သွား ကြ လော့။ တ ရား စောင့် ၍ သ စ္စာ တည် သူ တစ် စုံ တစ် ယောက် ကို၊ လိုက် ရှာ တွေ့ မြင် သိ မှတ် လျှင်၊ ထို မြို့ ကို ငါ ချမ်း သာ ပေး မည်။ အခန်းကိုကြည့်ပါ။Judson Bible1 ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း၊ တရားသဖြင့်ကျင့်သော မြို့သား၊ သစ္စာစောင့်သော မြို့သား တစ်စုံတစ်ယောက်မျှရှိလျှင်၊ ထိုသူကိုတွေ့အံ့သောငှာ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။ အခန်းကိုကြည့်ပါ။ |
အစေအပါးသည် ပြန်လာ၍ ထိုအကြောင်းအရာများကို မိမိသခင်အားကြားလျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍ မိမိအစေအပါးအား ‘မြို့ထဲရှိ လမ်းမ၊ လမ်းကြားများထဲသို့ အမြန်သွား၍ ဆင်းရဲသားများ၊ အင်္ဂါချို့တဲ့သူများ၊ ခြေမသန်စွမ်းသူများနှင့် မျက်မမြင်များကို ဤနေရာသို့ခေါ်ခဲ့လော့’ဟု ဆို၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ငါသည် အာရုံစိုက်၍ နားထောင်၏။ မှန်မှန်ကန်ကန်မပြောကြ။ “ငါအဘယ်အမှု ပြုခဲ့မိပါသနည်း”ဟု ဆိုလျက် မိမိဆိုးညစ်မှုအတွက် နောင်တရသောသူတစ်ယောက်မျှမရှိ။ တိုက်ပွဲထဲသို့ ဒုန်းစိုင်းပြေးဝင်သောမြင်းကဲ့သို့ အသီးသီး မိမိတို့၏လမ်းသို့ပြေးလိုက်သွားကြ၏’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။
ထိုအခါ ထာဝရဘုရားက ငါ့အား “အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့ကျူးလွန်သောအပြစ်သည် အလွန်တရာကြီးမား၏။ ပြည်သည် လူသတ်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ မြို့သည်လည်း ဖောက်လှဲဖောက်ပြန်မှုများနှင့် ပြည့်နှက်လျက်နေ၏။ သူတို့က ‘ထာဝရဘုရားသည် ပြည်ကို စွန့်တော်မူပြီ။ ထာဝရဘုရား မြင်တော်မမူ’ဟု ဆိုကြ၏။