ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
မဿဲ 5:5 - မြန်မာ့စံမီသမ္မာကျမ်း နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။ Common Language Bible ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။ Garrad Bible စိတ် သိမ် မွေ့ သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် မြေ ကြီး ကို အ ပိုင် ရ လ တ္တံ့။ Judson Bible စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။ မြန်မာ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- |
ထာဝရဘုရားသည် စိတ်နှိမ့်ချသောသူတို့ကို စောင်မတော်မူ၏။ ဆိုးယုတ်သောသူတို့ကို မြေပြင်အထိနိမ့်ကျစေတော်မူ၏။
အကြောင်းမူကား ထာဝရဘုရားသည် မိမိ၏လူမျိုးတော်ကို နှစ်သက်တော်မူ၏။ ကိုယ်တော်သည် စိတ်နှိမ့်ချသောသူတို့ကို ကယ်တင်ခြင်းနှင့်တင့်တယ်စေတော်မူ၏။
ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့သည် ဝလင်စွာစားရကြလိမ့်မည်။ ထာဝရဘုရားကိုရှာသောသူတို့သည် ကိုယ်တော်ကိုချီးမွမ်းကြလိမ့်မည်။ သင် တို့စိတ်နှလုံးသည် ထာဝစဉ်ရှင်သန်ပါစေ။
သူ၏စိတ်ဝိညာဉ်သည် ကောင်းမွန်စွာနေထိုင်ရ၍ သူ၏သားစဉ်မြေးဆက်တို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရ၍ ကြွယ်ဝသောငြိမ်းချမ်းခြင်း၌ မွေ့လျော်ရကြလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏ကောင်းချီးမင်္ဂလာကို ခံစားရသောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။ ကိုယ်တော်၏ကျိန်ခြင်းကိုခံရသောသူတို့မူကား ဖယ်ရှားခြင်းခံရကြလိမ့်မည်။
ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကိုအမွေဆက်ခံရ၍ ၎င်းတွင် ထာဝစဉ်နေထိုင်ရကြလိမ့်မည်။
ထာဝရဘုရားကိုစောင့်မျှော်၍ ကိုယ်တော်၏လမ်းကို စောင့်ထိန်းလော့။ သို့ပြုလျှင် သင်သည် ပြည်တော်ကိုအမွေဆက်ခံရရန် ကိုယ်တော်သည် သင့်ကိုချီးမြှောက်တော်မူလိမ့်မည်။ ဆိုးယုတ်သောသူတို့ဖယ်ရှားခြင်းခံရသည်ကို သင်မြင်ရလိမ့်မည်။
အကြောင်းမူကား ဆိုးညစ်သောအမှုကိုပြုသောသူတို့သည် ဖယ်ရှားခြင်းခံကြရလိမ့်မည်။ ထာဝရဘုရားကိုစောင့်မျှော်သောသူတို့မူကား ပြည်တော်ကိုအမွေဆက်ခံရကြလိမ့်မည်။
စိတ်နှိမ့်ချသောသူတို့သည် ထိုအမှုကိုမြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုရှာသောသူတို့၊ သင်တို့၏စိတ်နှလုံးသည် ရှင်သန်ပါစေသော။
ဆင်းရဲသောသူတို့ကို ဖြောင့်မတ်စွာတရားစီရင်မည်။ နိမ့်ကျသောမြေကြီးသားတို့အတွက် တရားမျှတစွာဆုံးဖြတ်မည်။ မြေကြီးကို သူ၏နှုတ်ကြိမ်လုံးဖြင့် ရိုက်နှက်၍ ဆိုးယုတ်သောသူတို့ကို နှုတ်ထွက်လေဖြင့် ကွပ်မျက်မည်။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
(မောရှေသည် ကမ္ဘာမြေပေါ်ရှိလူအားလုံးတို့ထက် စိတ်အနှိမ့်ချဆုံးသူဖြစ်၏။)
ငါသည် နူးညံ့သိမ်မွေ့လျက် နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့် ငါ့ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံ၌နည်းခံကြလော့။ ထိုအခါ သင်တို့၏စိတ်ဝိညာဉ်သည် သက်သာရာရလိမ့်မည်။
ကမ္ဘာလောကကိုအမွေဆက်ခံသူဖြစ်မည်ဟု အာဗြဟံ၊ သို့မဟုတ် သူ၏အမျိုးအနွယ်အား ပေးတော်မူသောကတိတော်သည် ပညတ်တရားကိုထောက်၍ ပေးတော်မူသည်မဟုတ်ဘဲ ယုံကြည်ခြင်းနှင့်ဆိုင်သောဖြောင့်မတ်ခြင်းကိုထောက်၍ ပေးတော်မူ၏။
နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းပေတည်း။ ဤအရာများကို ဆန့်ကျင်သောတရားမရှိ။
အရာရာ၌ စိတ်နှိမ့်ချခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းအပြည့်အဝရှိလျက် စိတ်ရှည်စွာဖြင့် ချစ်ခြင်းမေတ္တာ၌ တစ်ဦးကိုတစ်ဦးသည်းခံကာ
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
အို ဘုရားသခင်၏လူ၊ သင်မူကား ထိုအရာများကိုရှောင်၍ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို လက်ကိုင်ပြုလော့။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
မည်သူ့ကိုမျှ စော်ကားပြောဆိုခြင်း၊ ရန်တွေ့ခြင်းမပြုဘဲ ညင်သာသောသဘောရှိလျက် လူအပေါင်းတို့အပေါ် နူးညံ့သိမ်မွေ့ခြင်းကိုပြသရန်လည်းကောင်း သူတို့အား သတိပေးနှိုးဆော်လော့။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။
သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်ကို အရှင်သခင်အဖြစ် ရိုသေလေးမြတ်ကြလော့။ သင်တို့၌ရှိသည့် မျှော်လင့်ခြင်းအကြောင်းနှင့်ပတ်သက်၍ သင်တို့အား မေးမြန်းသောသူအားလုံးတို့ကို ဖြေရှင်းပြောဆိုနိုင်ရန် အမြဲတမ်းအသင့်ရှိကြလော့။
နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။