မဿဲ 5:5 - Common Language Bible5 ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။ အခန်းကိုကြည့်ပါ။Garrad Bible5 စိတ် သိမ် မွေ့ သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် မြေ ကြီး ကို အ ပိုင် ရ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible5 စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ကမ္ဘာလောကတစ်ခုလုံးကို အမွေခံကြရမည်ဖြစ်သောကြောင့်ပင်။ အခန်းကိုကြည့်ပါ။မြန်မာ5 စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- အခန်းကိုကြည့်ပါ။ |
ထာဝရအရှင်ဘုရားသခင်သည် ငါ့ကိုတန်ခိုးနှင့်ပြည့်ဝစေတော်မူပြီ။ ဆင်းရဲသူတို့အတွက်သတင်းကောင်းကို ယူဆောင်ကာ၊စိတ်နှလုံးကြေကွဲသူတို့၏ အနာ ရောဂါကိုပျောက်ကင်းစေ၍၊ ပြည်နှင်ဒဏ်ခံရသူများနှင့်အချုပ်အနှောင်ခံရ သူတို့အားလွတ်ငြိမ်းချမ်းသာခွင့်ကိုကြေညာရန်၊ ကိုယ်တော်သည်ငါ့ကိုရွေးချယ်စေလွှတ်တော် မူလေပြီ။
ကိုယ်တော်၏အမိန့်တော်တို့ကိုလိုက်နာ လျက် စိတ်နှလုံးနှိမ့်ချသူပြည်သူပြည် သားအပေါင်းတို့၊ ထာဝရဘုရား၏ထံ တော်သို့လာကြလော့။ ဖြောင့်မှန်ရာကိုပြု ကျင့်လျက်ထာဝရဘုရား၏ရှေ့တော်၌ မိမိတို့ကိုယ်ကိုနှိမ့်ချကြလော့။ ထာဝရ ဘုရားအမျက်တော်ထွက်ရာကာလ၌ သင်တို့သည်အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
ဘုရားသခင်သည် အာဗြဟံနှင့်သားမြေးတို့ အားကမ္ဘာလောကကို ပိုင်စေတော်မူမည်ဟုကတိ ထားတော်မူခဲ့၏။ ဤသို့ကတိထားတော်မူခြင်း မှာအာဗြဟံသည်ပညတ်တရားကိုစောင့်ထိန်း သောကြောင့်မဟုတ်၊ ဘုရားသခင်ကိုယုံကြည် သဖြင့်သူ့အားဖြောင့်မတ်သူအဖြစ်ကိုယ်တော် လက်ခံတော်မူသောကြောင့်ဖြစ်၏။-