Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 37:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထာဝရဘုရား​ကို​စောင့်မျှော်​၍ ကိုယ်တော်​၏​လမ်း​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ရန် ကိုယ်တော်​သည် သင့်​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်​။ ဆိုးယုတ်​သော​သူ​တို့​ဖယ်ရှား​ခြင်း​ခံရ​သည်​ကို သင်​မြင်​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 ထာ​ဝ​ရ​ဘု​ရား​ကို​မျှော်​ကိုး​လျက်​ပ​ညတ်​တော် တို့​ကို စောင့်​ထိန်း​လော့။ ကိုယ်​တော်​သည်​သင့်​အား​ပြည်​တော်​ကို ပိုင်​ဆိုင်​ရ​သော​အ​ခွင့်​နှင့်​ချီး​မြှင့်​တော်​မူ လိမ့်​မည်။ သင်​သည်​သူ​ယုတ်​မာ​တို့​ပြည်​နှင်​ဒဏ် သင့်​ကြ​သည်​ကို​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

34 ထာ ဝ ရ ဘု ရား ကို စောင့် မျှော် ၍၊ နည်း လမ်း တော် ကို စောင့် ရှောက် လော့။ နေ ပြည် ကို အ ပိုင် ရ စေ ခြင်း ငှာ၊ သင့် ကို ချီး မြှောက် တော် မူ လိမ့် မည်။ လူ ဆိုး တို့ ပယ် ရှား ရာ ခံ ရ သည် ကို သင် သိ မြင် ရ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 37:34
23 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်မတ်​သော​သူ​မူကား မိမိ​လမ်း​အတိုင်း တည်ကြည်​စွာ​လျှောက်လှမ်း​၍ လက်​စင်ကြယ်​သော​သူ​သည်​လည်း ပို၍​ပို၍​အားကြီး​လာ​လိမ့်မည်​။


သူ​၏​စိတ်နှလုံး​သည် တည်ငြိမ်​သည်​ဖြစ်၍ သူ​သည် မိမိ​၏​ရန်သူ​တို့​ကို အပေါ်စီး​မှ​ကြည့်မြင်​ရ​သည်​အထိ ကြောက်ရွံ့​ခြင်း​ရှိ​လိမ့်မည်​မ​ဟုတ်​။


သူ​သည်​စွန့်ကြဲ​၍ နွမ်းပါး​သော​သူ​တို့​အား ပေးကမ်း​၏​။ သူ​၏​ဖြောင့်မတ်​ခြင်း​သည် ထာဝရ​တည်​၏​။ သူ​၏​ဦးချို​သည် ဘုန်းအသရေ​ရှိ​စွာ ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်​။


သူ​၏​စိတ်ဝိညာဉ်​သည် ကောင်းမွန်​စွာ​နေထိုင်​ရ​၍ သူ​၏​သားစဉ်မြေးဆက်​တို့​သည် ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​ကို စောင့်မျှော်​လော့​။ အားယူ​၍ သင်​၏​စိတ်နှလုံး​ကို​ရဲရင့်​စေ​လော့​။ ထာဝရဘုရား​ကို စောင့်မျှော်​လော့​။


ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​လျက် ကောင်း​သော​အမှု​ကို​ပြု​လော့​။ ပြည်​တော်​၌​နေထိုင်​၍ သစ္စာတရား​၌​ကျက်စား​လော့​။


ထာဝရဘုရား​ရှေ့​တော်​၌ တိတ်ဆိတ်​စွာ​နေ​၍ ကိုယ်တော်​ကို​ငံ့လင့်​လော့​။ မိမိ​ပြု​သော​အမှု​၌ အောင်မြင်​သော​သူ​ကြောင့်​လည်းကောင်း​၊ ကောက်ကျစ်​သော​အကြံအစည်​များ​ကို ကြံစည်​သော​သူ​ကြောင့်​လည်းကောင်း စိတ်အနှောင့်အယှက်​မ​ဖြစ်​နှင့်​။


အကြောင်းမူကား ဆိုးညစ်​သော​အမှု​ကို​ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​ကို​စောင့်မျှော်​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​ကြ​လိမ့်မည်​။


သင်​သည် ဆိုးယုတ်​သော​သူ​တို့​အပေါ် ကျရောက်​သည့်​ပြစ်ဒဏ်​ကို သင့်​မျက်စိ​ဖြင့်​ကြည့်​၍ မြင်ရုံ​မျှသာ​ဖြစ်​လိမ့်မည်​။


ဖြောင့်မတ်​သော​သူ​သည် စွန်ပလွံပင်​ကဲ့သို့ ပွင့်လန်းဝေဆာ​၍ လက်ဘနွန်​တောင်​မှ သစ်ကတိုးပင်​ကဲ့သို့​ကြီးထွား​လိမ့်မည်​။


ဖြောင့်မှန်​သော​သူ​တို့​၏​လမ်း​သည် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​ဖြစ်​၏​။ မိမိ​သွား​ရာ​လမ်း​ကို ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။


“​မကောင်းမှု​ကို​ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။ ထာဝရဘုရား​ကို​သာ စောင့်မျှော်​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​တို့​များပြား​လာ​သောအခါ အပြစ်​ကျူးလွန်​ခြင်း​သည်​လည်း များပြား​လာ​၏​။ သို့သော် သူ​တို့​၏​ပြိုလဲ​ခြင်း​ကို ဖြောင့်မတ်​သော​သူ​တို့​သည် တွေ့မြင်​ရ​ကြ​လိမ့်မည်​။


သင်​အော်ဟစ်​သောအခါ ရုပ်တု​တို့​သည် သင့်​ကို​ကယ်နုတ်​ပါစေ​။ သို့သော် ထို​အရာ​အားလုံး​ကို လေ​တိုက်သွား​မည်​။ ထွက်သက်လေ​တစ်​ချက်​က လွင့်သွား​စေ​မည်​။ ငါ​၌​ခိုလှုံ​သော​သူ​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​မည်​။ ငါ​၏​သန့်ရှင်း​သော​တောင်​ကို ပိုင်ဆိုင်​ရ​မည်​။


သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သင်​တို့​အား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သော​လမ်း​ရှိသမျှ​အတိုင်း လိုက်လျှောက်​လော့​။ သို့ပြုလျှင် သင်​တို့​ပိုင်ဆိုင်​ရ​မည့်​ပြည်​၌ သင်​တို့​သည် အသက်ချမ်းသာ​ရာ​ရ​မည်​။ ကောင်းစား​၍ အသက်​ရှည်​မည်​။


ဤသည်ကား မီး​ဖြင့်​စစ်ဆေး​ခြင်း​ခံရ​ပြီ​ဖြစ်​သော်လည်း ပျက်စီး​တတ်​သည့်​ရွှေ​ထက် များစွာ​အဖိုးတန်​သော သင်​တို့​၏​ယုံကြည်​ခြင်း​ကို စစ်ကြော​စုံစမ်း​ခြင်း​သည် ယေရှု​ခရစ်တော်​ပေါ်ထွန်း​တော်မူ​သော​အချိန်​၌ ချီးမွမ်း​ခြင်း၊ ဘုန်း​အသရေ​နှင့် ဂုဏ်သရေ​အဖြစ်​သို့​ရောက်​မည့်​အကြောင်း​တည်း။


ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ