Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 147:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထာဝရဘုရား​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို စောင်မ​တော်မူ​၏​။ ဆိုးယုတ်​သော​သူ​တို့​ကို မြေပြင်​အထိ​နိမ့်ကျ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ကိုယ်​တော်​သည်​နိမ့်​ကျ​သူ​တို့​ကို​ထူ​ပင့်​တော် မူ​၍ ယုတ်​မာ​သူ​တို့​ကို​မူ​မြေ​သို့​တိုင်​အောင်​လဲ​ကျ စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထာ ဝ ရ ဘု ရား သည်၊ သိမ် မွေ့ သော သူ တို့ ကို ထောက် မ၍၊ လူ ဆိုး တို့ ကို မြေ တိုင် အောင် ရှုတ် ချ တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထာ​ဝ​ရ​ဘု​ရား​သည် စိတ်​နှိမ့်​ချ​သော​သူ​တို့​ကို ကြွ​ပင့်၍၊ မ​တ​ရား​သော သူ​တို့​ကို​ကား၊ မြေ​ပေါ်​မှာ​လှဲ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 147:6
16 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် လဲကျ​သော​သူ​ရှိသမျှ​တို့​ကို ထောက်မ​၍ ကိုင်းညွတ်​နိမ့်ကျ​နေ​သော​သူ​အပေါင်း​တို့​ကို ထူမ​တော်မူ​၏​။


အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​လူမျိုး​တော်​ကို နှစ်သက်​တော်မူ​၏​။ ကိုယ်တော်​သည် စိတ်နှိမ့်ချ​သော​သူ​တို့​ကို ကယ်တင်​ခြင်း​နှင့်​တင့်တယ်​စေ​တော်မူ​၏​။


စိတ်နှိမ့်ချ​သော​သူ​တို့​ကို တရားမျှတ​ခြင်း​ထဲ၌ ဦးဆောင်​လမ်းပြ​တော်မူ​၏​။ မိမိ​၏​လမ်း​တော်​ကို​လည်း စိတ်နှိမ့်ချ​သော​သူ​တို့​အား သင်ကြား​ပေး​တော်မူ​၏​။


စိတ်နှိမ့်ချ​သော​သူ​တို့​မူကား ပြည်​တော်​ကို​အမွေဆက်ခံ​ရ​၍ ကြွယ်ဝ​သော​ငြိမ်းချမ်း​ခြင်း​၌ မွေ့လျော်​ရ​ကြ​လိမ့်မည်​။


အစ္စရေး​လူမျိုး​၏​ဘုရားသခင် ထာဝရဘုရား​သည် ထာဝရ​ကာလ​မှ ထာဝရ​ကာလ​တိုင်အောင် မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။


သို့သော် အို ဘုရားသခင်​၊ ကိုယ်တော်​သည် ထို​သူ​တို့​ကို ပုပ်ပျက်ရာ​တွင်း​ထဲသို့​ဆင်းသွား​စေ​တော်မူ​၏​။ သွေးဆာ​သော​သူ​နှင့် လိမ်လည်လှည့်ဖြား​သော သူ​တို့​သည် မိမိ​တို့​နေ့ရက်​ကာလ​၏​ထက်ဝက်​မျှပင် အသက်ရှင်​ရ​မည်​မ​ဟုတ်​။ အကျွန်ုပ်​မူကား ကိုယ်တော်​ကို​ယုံကြည်ကိုးစား​ပါ​မည်​။


စိတ်နှလုံး​နှိမ့်ချ​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​သော​ပြည်သူပြည်သား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ ထာဝရဘုရား အမျက်​တော်​ကျရောက်​သော​နေ့​တွင် အကွယ်အကာ​ရ​ကောင်း​ရ​နိုင်​သည်​ဖြစ်၍ ဖြောင့်မတ်​ခြင်း​ကို​ရှာ​ကြ​လော့​။ စိတ်နှိမ့်ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့​။


သင်​တို့​သည် ဆိုးယုတ်​သော​သူ​တို့​ကို နင်းချေ​လိမ့်မည်​။ အကြောင်းမူကား ငါ​စီရင်​ရာ​နေ့ရက်​၌ သူ​တို့​သည် သင်​တို့​၏​ခြေဖဝါး​အောက်​သို့​ရောက်​သော ပြာမှုန့်​ဖြစ်​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


နူးညံ့​သိမ်မွေ့​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ကမ္ဘာ​မြေ​ကို အမွေ​ဆက်ခံ​ရ​ကြ​လိမ့်မည်။


ထာဝရ​ဘုရား​ရှေ့​တော်​၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ကို​ချီးမြှောက်​တော်မူ​လိမ့်မည်။


နူးညံ့​သိမ်မွေ့​၍ တည်ငြိမ်​သည့်​စိတ်သဘော​တည်းဟူသော ယိုယွင်း​ပျက်စီး​ခြင်း​နှင့်​ကင်း​သည့် စိတ်နှလုံး​နှင့်ဆိုင်သော အတွင်း​ဝိညာဉ်​လူ​၏​တန်ဆာဆင်​ခြင်း​ဖြစ်​စေ​ကြ​လော့။ ဤသည်ကား ဘုရားသခင်​ရှေ့​တော်​၌ အလွန်​အဖိုးထိုက်​သော​အရာ​ဖြစ်​၏။


ထို့ကြောင့် အချိန်တန်​သောအခါ သင်​တို့​ကို ချီးမြှောက်​တော်မူ​မည့်​အကြောင်း ဘုရားသခင်​၏​တန်ခိုး​ကြီး​သော​လက်​တော်​အောက်၌ မိမိ​ကိုယ်​ကို​နှိမ့်ချ​ကြ​လော့။


ဆင်းရဲသား​ကို မြေမှုန့်​ထဲမှ ဆွဲထူ​၍ နွမ်းပါး​သူ​ကို ပြာပုံ​ထဲမှ​ချီမ​တော်မူ​ပြီး မင်းသား​တို့​နှင့်အတူ​ထိုင်​စေ​တော်မူ​၏​။ ဘုန်းကြီး​သော​ပလ္လင်​ကို အမွေဆက်ခံ​စေ​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​၏​အုတ်မြစ်​ကို ပိုင်​တော်မူ​၍ ကမ္ဘာလောက​ကို ထို​အုတ်မြစ်​ပေါ်တွင် ချထား​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ