ဟေရှာယ 60:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်ကြလိမ့်မည်။ ပြည်တော်ကို အစဉ်အမြဲပိုင်ဆိုင်ကြရလိမ့်မည်။ ငါစိုက်သောအကိုင်း၊ ငါ့လက်ဖြင့်ပြုသောအရာဖြစ်၍ ငါ၏ဘုန်းကိုထင်ရှားစေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်၏လူအပေါင်းတို့သည်မှန်ရာကိုပြုကျင့် ကြလျက်၊ ပြည်တော်ကိုအစဉ်အမြဲပိုင်ဆိုင်ရကြလိမ့်မည်။ လူအပေါင်းတို့ရှေ့တွင်ငါ၏ဘုန်းတော်ကို ထင်ရှားစေရန်၊ ငါသည်သူတို့ကိုပြုစုပျိုးထောင်ခဲ့ပြီ။ အခန်းကိုကြည့်ပါ။Garrad Bible21 မြို့ သူ မြို့ သား အ ပေါင်း တို့ သည် ဖြောင့် မတ် စွာ နေ သ ဖြင့်၊ ဘုန်း တော် ထင် ရှား စေ ရန် ငါ စိုက် ပျိုး သော ပျိုး ပင်၊ ငါ၏ လက် မှု အ ဖြစ်၊ နေ ပြည် ကို ထာ ဝ ရ ပိုင် ခွင့် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်းငှာ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင် ဖြစ်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
သင့်ကို “စွန့်ပစ်ခံရသူ”ဟု ခေါ်တော့မည်မဟုတ်။ သင်၏မြေကိုလည်း “လူသူကင်းမဲ့ရာအရပ်”ဟု ခေါ်တော့မည်မဟုတ်။ သင့်ကို “ငါနှစ်သက်မြတ်နိုးသူ”ဟူ၍လည်းကောင်း၊ သင်၏မြေကို “လက်ထပ်ပြီးသူ”ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရားသည် သင့်ကိုနှစ်သက်မြတ်နိုးတော်မူ၏။ သင်၏မြေသည်လည်း လက်ထပ်ခွင့်ရလိမ့်မည်။