တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
မြည်တမ်းစကား 2:10 - မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။ Common Language Bible ယေရုရှလင်မြို့၏အသက်ကြီးသူတို့သည် လျှော်တေကိုဝတ်၍ မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့်များတင် ပြီးလျှင် မြေပေါ်၌ဆိတ်ငြိမ်စွာထိုင်နေကြ၏။ မြို့သူကညာများသည်လည်းခေါင်းကို ငိုက်စိုက်ညွှတ်လျက်နေကြလေသည်။ Garrad Bible ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။ Judson Bible ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ်စွာနေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်းကို ငိုက်ဆိုက်ညွှတ်လျက် နေကြ၏။ |
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
ပြည်သားရှိသမျှတို့သည် လျှော်တေအဝတ်ကိုဝတ်၍ လမ်းများ၊ ခေါင်မိုးပြင်များ၊ လူစည်ကားရာအရပ်များ၌ ညည်းတွားငိုကြွေး၍ မျက်ရည်ချောင်းစီးလေ၏။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
အို ခါလဒဲသမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ အမှောင်ထဲသို့ သွားလော့။ သင့်ကို တိုင်းနိုင်ငံတို့၏ဘုရင်မဟု ခေါ်တော့မည်မဟုတ်။
ငါတို့ အဘယ်ကြောင့်ထိုင်နေကြသနည်း။ အတူတကွစုဝေးလျက် ခံတပ်မြို့များထဲသို့ဝင်၍ သေကျေပျက်စီးကြကုန်စို့။ ထာဝရဘုရားကို ငါတို့ပြစ်မှားကြသောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို သေကျေပျက်စီးစေတော်မူပြီ။ အဆိပ်ရေကိုသောက်စေတော်မူပြီ။
လူစည်ကားခဲ့သောမြို့ကြီး အထီးကျန်နေပါပြီတကား။ တိုင်းနိုင်ငံတို့၏ အထွတ်ရောက်ခဲ့ဖူးသောမြို့ကြီး မုဆိုးမဘဝသို့ရောက်ရပါပြီတကား။ ပြည်တကာတို့၏ဘုရင်မကြီး အစေခံဘဝသို့ရောက်ရပါပြီတကား။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။
မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
သူတို့သည် သင့်အတွက် ခါးသီးစွာအော်ဟစ်ငိုကြွေးကြလေပြီ။ မြေမှုန့်ကို ခေါင်းပေါ်ပစ်တင်ကြလေပြီ။ ပြာ၌ လူးကြလေပြီ။
ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
လျှော်တေအဝတ်ကိုဝတ်လျက် ခေါင်းတုံးတုံးကြရလိမ့်မည်။ ကြောက်ရွံ့စိတ်တို့ကြီးစိုးလျက် အရှက်ကွဲရလိမ့်မည်။
လျှော်တေအဝတ်ကိုဝတ်ပြီး ခင်ပွန်းလောင်းအတွက် ငိုကြွေးမြည်တမ်းနေသောအပျိုကညာကဲ့သို့ ငိုကြွေးမြည်တမ်းလော့။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
ထိုနေ့ရက်တွင် လှပသောအပျိုကညာများနှင့် လူပျိုများ ရေငတ်သောကြောင့် အားယုတ်ကြလိမ့်မည်။
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
နိနေဝေဘုရင်သည် ထိုအကြောင်းကိုကြားသောအခါ ရာဇပလ္လင်ပေါ်မှဆင်းပြီး မင်းဝတ်တန်ဆာကိုချွတ်ကာ လျှော်တေအဝတ်ကိုခြုံ၍ ပြာပုံတွင် ထိုင်လေ၏။
ထိုအခါ ယောရှုသည် မိမိအဝတ်ကိုဆုတ်၍ အစ္စရေးသက်ကြီးဝါကြီးတို့နှင့်တကွ နေဝင်ချိန်တိုင်အောင် ထာဝရဘုရား၏သေတ္တာတော်ရှေ့၊ မြေပေါ်မှာပျပ်ဝပ်လျက်၊ ခေါင်းပေါ်၌ မြေမှုန့်ကိုတင်လျက်နေကြ၏။
သူတို့သည် မြေမှုန့်ကို မိမိတို့ခေါင်းပေါ်သို့ပစ်တင်၍ ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြကာ ‘မိမိ၏အဖိုးတန်ပစ္စည်းများကြောင့် ပင်လယ်ထဲရှိသင်္ဘောများကို ပိုင်ဆိုင်သူရှိသမျှတို့အား ချမ်းသာစေခဲ့သည့် ကြီးမားသောမြို့၊ သင်သည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ လုံးလုံးဖျက်ဆီးခြင်းခံရသည်ဖြစ်၍ စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား’ဟု အော်ဟစ်ပြောဆိုကြ၏။