Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 2:10 - Garrad Bible

10 ဦး ခေါင်း ထက် မြေ မှုန့် ကို ကြဲ၍၊ လျှော် တေ ဝတ် ဆင် သော သ တို့ သ မီး ဇိ အုန်၏ လူ ကြီး တို့ သည်၊ မြေ ပေါ် တွင် ဆိတ် ဆိတ် ထိုင် လျက်၊ ယေ ရု ရှ လင် မြို့ သူ အ ပျို တို့ လည်း၊ မြေ သို့ ဦး စိုက် လျက် နေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ဇိ​အုန်​သ​တို့​သ​မီး၏ အ​သက်​ကြီး​သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ​ပစ်​တင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ မြေ​ပေါ်​မှာ​ထိုင်၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သူ​က​ညာ​တို့​သည် ခေါင်း​ကို ငိုက်​ဆိုက်​ညွှတ်​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ဇိအုန်​သမီးပျို​၏​သက်ကြီးဝါကြီး​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ မြေကြီး​ပေါ်၌ တိတ်ဆိတ်​စွာ​ထိုင်​လျက်​၊ မိမိ​တို့​ခေါင်း​ပေါ်သို့ မြေမှုန့်​ကို​ပစ်တင်​ကြ​ပြီ​။ ဂျေရုဆလင်​အပျိုကညာ​တို့​သည် မြေကြီး​သို့ ခေါင်း​ငိုက်စိုက်ကျ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 2:10
26 ပူးပေါင်းရင်းမြစ်များ  

မြို့ တံ ခါး များ သည် ငို ကြွေး မြည် တမ်း ရာ၊ မြို့ လည်း လူ ဆိတ် ညံ၍၊ မြေ ပေါ် တွင် ထိုင် ဖွယ် ရာ ရောက် လ တ္တံ့။


လမ်း ပေါ် တွင် လျှော် တေ ဝတ်၍၊ အိမ် မိုး ပျဉ် ပေါ်၌ လည်း‌ ကောင်း၊ လမ်း ဆုံ၌ လည်း‌ ကောင်း၊ ရှိ သ မျှ တို့ သည် အော် ဟစ် လျက် သည်း စွာ ငို ကြွေး ကြ လေ ၏။


ထို နေ့ ရက် ကာ လ၌၊ အ သေ ကောင် များ ပြား၍၊ အ ရပ် ရပ် မှ တိတ် တ ဆိတ် ထုတ် ပစ် ရ သည့် အ လျောက်၊ ဗိ မာန် တော် ဆိုင် ရာ ကျူး ဧ သံ များ အ စား အော် ဟစ် သံ ဖြစ် လ တ္တံ့ ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။


တစ် ကိုယ် လုံး တုန် လှုပ် လျက်၊ မျက် နှာ ရှက် လျက်၊ လျှော် တေ ဝတ်၍၊ ဦး ဆံ ပယ် ကြ လိမ့် မည်။


ထမ်း ပိုး တင် တော် မူ သည့် အ တိုင်း၊ တစ် ယောက် တည်း ဆိတ် ဆိတ် နေ ခြင်း၊


ပြု မြဲ ပွဲ သို့ လာ ရောက် သူ မ ရှိ သည့် အ တွက်၊ ဇိ အုန် မြို့ လမ်း များ သည် ခြောက် လျက်၊ တံ ခါး များ သည် ခေါင် လျက်၊ ပ ရော ဟိတ် တို့ သည် ညည်း တွား လျက်၊ အ ပျို တို့ သည် လွမ်း ဆွတ် လျက်၊ မြို့ တော် သည် နစ် နာ လျက် နေ ရှာ လေ၏။


စည် ပင် ခဲ့ သော မြို့ တော် သည်၊ ဆိတ် ညံ စွာ နေ လျက်၊ လူ မျိုး ခြား တို့ တွင် ပြန့် ပြော ခဲ့ သော မြို့ သည်၊ မု ဆိုး မ သ ဖွယ် ဖြစ် လျက်၊ ပြည် ထောင် တ ကာ အ ထွဋ် တင် ခဲ့ သော မြို့ သည်၊ လ မိုင်း အ ဖြစ် ရောက် လေ စွ တ ကား။


အို သ တို့ သ မီး က ညာ ဗာ ဗု လုန်၊ ဆင်း ကျ လျက် မြေ မုန့် တွင် ထိုင် နေ လော့။ အို သ တို့ သ မီး ခါ လ ဒဲ လူ မျိုး၊ နန်း ကျ လျက် မြေ ပေါ် တွင် ထိုင် နေ လော့။ နောက် တစ် ဖန် နူး ညံ့ ပျော် မွေ့ သူ ဟူ ၍ အ ခေါ် မ ခံ ရ။


ယော ရှု လည်း၊ ဣ သ ရေ လ လူ ကြီး တို့ နှင့် တ ကွ အ ဝတ် ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မှုန့် ကြဲ ခြင်း များ ကို ပြု လျက်၊ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ ညဉ့် ဦး တိုင် အောင် ပျပ် ဝပ် ကြ ပြီး မှ


ဦး ခေါင်း ထက် မြေ မှုန့် ကြဲ လျက် စည်း စိမ် ကြောင့် ပင် လယ် သွား သင်္ဘော ရှင် ရှိ သ မျှ ကို ကြွယ် ဝ စေ ခဲ့ ရာ ထို မြို့ ကြီး သည် အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ လေ စွ။ တစ် နာ ရီ ချင်း တွင် မြို့ ဆိုး ကုန်း ဖြစ် ပြီ တ ကား ဟု အော် ဟစ် ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။


အို ဒန် မြို့၊ သင်၌ ရှိ သော ဘု ရား အ သက် ရှင် သည် ဟူ ၍ လည်း ကောင်း၊ ဗေ ရ ရှေ ဘ မြို့ လမ်း တည် ရှိ သည် ဟူ၍ လည်း ကောင်း၊ ဆို လျက်၊ ရှ မာ ရိ နိုင် ငံ ပြစ် မှား ရာ ပြစ် မှား ကြောင်း ကို တိုင် တည်၍၊ သ စ္စာ ဆို သူ အ ဆင်း လှ သော အ ပျို က ညာ နှင့် လူ ပျို တို့ သည်၊ ထို ကာ လ အ မြိုက် ရေ ငတ်၍ မူး မော် လျက်၊ နောင် မ ထ ရ ဘဲ လဲ ကျ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။


ယ ခု ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ သ တိ ပ ညာ ရှိ သူ သည် ဆိတ် ဆိတ် နေ ရ ၏။


ကြောင်း လမ်း ပြီး ရည်း စား အ တွက်၊ လျှော် တေ ဝတ် နေ သော အ ပျို က ညာ ကဲ့ သို့ ငို ကြွေး လော့။


ဦး ဆံ ပယ် ခြင်း၊ လျှော် တေ ဝတ် ခြင်း များ ကို ပြု လျက်၊ နစ် နာ သော စိတ် နှင့် ပြင်း ထန် စွာ ငို ကြွေး မြည် တမ်း ကြ လိမ့် မည်။


လူ အို တို့ သည် မြို့ တံ ခါး၌ ထိုင် ခြင်း။ လူ ပျို တို့ သည် တီး မှုတ် သီ ဆို ခြင်း ကို မ ပြု ရ ကြ။


မှူး မတ် တို့ သည် လက် ကို ချည် ဆွဲ ခြင်း။ လူ ကြီး တို့ သည် မ ထီ လေး စား ပြု ခြင်း များ ကို ခံ ရ ကြ လေ စွ။


မြိန် မြိန် ရှက် ရှက် စား ခဲ့ သူ တို့ သည်၊ လမ်း များ တွင် ခို ကိုး ရာ မဲ့ လျက်၊ က မ္ပ လာ နီ ၀တ် ဆင် ခဲ့ သူ တို့ သည် အ မှိုက် ပုံ ၀ပ် လျက်၊ နေ ရှာ ရ ကြ လေ စွ။


ငါ တို့ သည် အ ဘယ့် ကြောင့် ထိုင် နေ ကြ သ နည်း။ ခံ မြို့ များ ထဲ သို့ စု ရုံး ခို ဝင် လျက်၊ ပယ် ရှား ခံ ရ လျှင်၊ ခံ ကြ ကုန် အံ့။ ငါ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ပြစ် မှား မိ သော ကြောင့်၊ ခါး သော အ ရည် ကို တိုက်၍ ပယ် ရှား တော် မူ လေ ပြီ။


အို သ တို့ သ မီး ခါ လ ဒဲ လူ မျိုး၊ မှောင် ကျ ရာ သို့ ဝင် သွား ၍ တိတ် ဆိတ် စွာ ထိုင် နေ လော့။ နောက် တစ် ဖန် နိုင် ငံ များ ၏ အ ရှင် မ ဟူ ၍ အ ခေါ် မ ခံ ရ။


ဟိ လ ခိ သား၊ လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေ ဗ န၊ အာ သပ် သား၊ အ တွင်း ဝန် ယော အာ တို့ မူ ကား၊ ကိုယ့် အ ဝတ် ကို ဆုတ် လျက်၊ ဟေ ဇ ကိ မင်း ထံ ဝင်၍၊ ရာ ဗ ရှ ခ စ ကား ကို ပြန် ကြား တင် လျှောက် ကြ ၏။


တာ မာ သည် ရှည် လျား သော အ ဆင် တန် ဆာ ကို ဆုတ် ခြင်း၊ ဦး ခေါင်း ပေါ် တွင် ပြာ တင် ခြင်း များ ကို ပြု ပြီး လျှင် ထိပ် ထက် လက် တင်၍ အော် ဟစ် ငို ကြွေး လျက် ပြန် သွား လေ ၏။


အ မွှေး အ ကြိုင် အ စား၊ အ နံ အ စော်၊ ခါး စည်း အ စား လျှော် ကြိုး၊ ဆံ ထုံး အ စား၊ ခေါင်း တုံး၊ ကိုယ် ဝတ် အ စား၊ လျှော် တေ၊ တင့် တယ် ခြင်း အ စား၊ သံ ပူ ကပ် ခြင်း ဖြစ် လိမ့် မည်။


သင့် အ တွက် အော် ၍ နစ် နာ စွာ ဟစ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် ကြဲ ခြင်း၊ ပြာ လူး ခြင်း၊


နိ န ဝေ ဘု ရင် မင်း သည် ထို သ တင်း ကို ကြား သော အ ခါ၊ ရာ ဇ ပ လ္လင် တော် မှ ဆင်း၍ ဝတ် လဲ တော် ကို ချွတ် ပြီး လျှင်၊ လျှော် တေ ကို ဝတ် ခြုံ၍ ပြာ ထဲ တွင် ထိုင် နေ လေ ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ