Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 27:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 သူ​တို့​သည် သင့်​အတွက် ခါးသီး​စွာ​အော်ဟစ်​ငိုကြွေး​ကြ​လေ​ပြီ​။ မြေမှုန့်​ကို ခေါင်း​ပေါ်​ပစ်တင်​ကြ​လေ​ပြီ​။ ပြာ​၌ လူး​ကြ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သူ​တို့​သည်​မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့် များ​ကို မြှောက်​ကြဲ​၍​ပြာ​ထဲ​တွင်​လူး​လှိမ့်​လျက် သင်​၏​အ​တွက်​ပြင်း​ပြ​စွာ​ငို​ကြွေး​မြည် တမ်း​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 သင့် အ တွက် အော် ၍ နစ် နာ စွာ ဟစ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် ကြဲ ခြင်း၊ ပြာ လူး ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 27:30
15 ပူးပေါင်းရင်းမြစ်များ  

သုံး​ရက်​မြောက်​သော​နေ့​တွင် ရှောလု​မင်းကြီး​၏​တပ်စခန်း​မှ လူ​တစ်ဦး​သည် အဝတ်​ကို​ဆုတ်​လျက်​၊ ခေါင်း​ပေါ်​မြေမှုန့်​တင်​လျက် ဒါဝိဒ်​ထံ ရောက်လာ​၍ မြေ​ပေါ်တွင်​ပျပ်ဝပ်​ရှိခိုး​လေ​၏​။


သူ​တို့​သည် အဝေး​မှ​လှမ်းကြည့်​၍ ယောဘ​ကို​မ​မှတ်မိ​သောအခါ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ မိမိ​တို့​ဝတ်လုံ​ကို​ဆုတ်​၍ မြေမှုန့်​ကို​လည်း မိုး​ပေါ်​ပစ်တင်​ကာ ခေါင်း​ပေါ်သို့​ကျ​စေ​ကြ​၏​။


ယောဘ​သည် အိုးခြမ်းပဲ့​တစ်​ခု​ကို​ယူ​၍ ပြာ​ထဲ​တွင် ထိုင်​လျက် မိမိကိုယ်ကို​ကုတ်ခြစ်​နေ​ရ​လေ​၏​။


ထို့ကြောင့် ကိုယ့်ကိုယ်ကို ရွံရှာ​မိ​ပါ​၏​။ နောင်တရ​လျက် မြေမှုန့်​ထဲ​၊ ပြာပုံ​ထဲမှာ ထိုင်​နေ​ရ​ပါ​၏”​ဟု လျှောက်​လေ​၏​။


အို သိုးထိန်း​တို့​၊ ညည်းတွားငိုကြွေး​ကြ​လော့​။ အော်ဟစ်​ကြ​လော့​။ အို သိုးစု​ခေါင်းဆောင်​တို့​၊ ပြာ​၌​လူး​ကြ​လော့​။ သင်​တို့​ကို​သတ်ဖြတ်​မည့်​နေ့ရက်​၊ တကွဲတပြား​ဖြစ်​စေ​မည့်​နေ့ရက် ရောက်လာ​ပြီ​။ အဖိုးတန်​ပစ္စည်း​ပျက်စီး​သကဲ့သို့ သင်​တို့​ပျက်စီး​ကြ​လိမ့်မည်​။


အို ငါ့​လူမျိုး​သမီးပျို​၊ ပျက်စီး​ခြင်း​သည် ငါ​တို့​ထံ ရုတ်တရက်​ရောက်လာ​မည်​ဖြစ်၍ လျှော်တေအဝတ်​ကို​ဝတ်​ပြီး ပြာ​၌​လူး​လော့​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​သကဲ့သို့ ခါးသီး​စွာ​ငိုကြွေး​လော့​။


ဇိအုန်​သမီးပျို​၏​သက်ကြီးဝါကြီး​တို့​သည် လျှော်တေအဝတ်​ကို​ဝတ်​လျက်​၊ မြေကြီး​ပေါ်၌ တိတ်ဆိတ်​စွာ​ထိုင်​လျက်​၊ မိမိ​တို့​ခေါင်း​ပေါ်သို့ မြေမှုန့်​ကို​ပစ်တင်​ကြ​ပြီ​။ ဂျေရုဆလင်​အပျိုကညာ​တို့​သည် မြေကြီး​သို့ ခေါင်း​ငိုက်စိုက်ကျ​လေ​ပြီ​။


သူ​တို့​သည် သင့်​ကြောင့်​ငိုကြွေး​လျက် အို ပင်လယ်သား​နေ​သော​မြို့​၊ ပင်လယ်ပြင်​မှာ​အားကြီး​သော​မြို့​၊ ကျော်စော​သော​မြို့​၊ သင်​သည် ပျက်စီး​လေ​ပြီ​တကား​။ မြို့သား​တို့​သည် ပင်လယ်သား​အားလုံး​ကို ကြောက်ရွံ့တုန်လှုပ်​စေ​ခဲ့​၏​။


နိနေဝေ​ဘုရင်​သည် ထို​အကြောင်း​ကို​ကြား​သောအခါ ရာဇပလ္လင်​ပေါ်မှ​ဆင်း​ပြီး မင်းဝတ်တန်ဆာ​ကို​ချွတ်​ကာ လျှော်တေအဝတ်​ကို​ခြုံ​၍ ပြာပုံ​တွင် ထိုင်​လေ​၏​။


ဤ​အကြောင်း​ကို ဂါသ​မြို့​၌ မ​ပြောကြား​ကြ​နှင့်​။ လုံးဝ​မ​ငိုကြွေး​ကြ​နှင့်​။ ဗေသောဖရာ​မြို့​တွင် မြေမှုန့်​၌ လူးလှိမ့်​နေ​ကြ​လော့​။


ထို​နေ့​တွင်ပင် ဗင်္ယာမိန်​အမျိုးသား​တစ်​ဦး​သည် မိမိ​အဝတ်​ကို​ဆုတ်​လျက်​၊ မိမိ​ခေါင်း​ပေါ်တွင်​မြေမှုန့်​ကို တင်​လျက် စစ်မြေပြင်​မှ ရှိလော​မြို့​သို့ အပြေးအလွှား​ရောက်လာ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ