ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ဗျာဒိတ် 8:3 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် နံ့သာပူဇော်ရာရွှေခွက်ကိုကိုင်လျက် ယဇ်ပလ္လင်အနားသို့လာ၍ရပ်လေရာ သန့်ရှင်းသူအပေါင်းတို့၏ဆုတောင်းချက်များနှင့်ပေါင်းစပ်၍ ပလ္လင်တော်ရှေ့၌ရှိသည့် ရွှေယဇ်ပလ္လင်ပေါ်တွင်ဆက်ကပ်ရန် များစွာသောနံ့သာပေါင်းကို သူ့အားပေးလေ၏။ Common Language Bible ထိုနောက်အခြားကောင်းကင်တမန်တစ်ပါး သည်ပလ္လင်တော်အနားသို့လာ၍ရပ်၏။ သူ သည်ရွှေလင်ပန်းကိုကိုင်ထား၏။ ပလ္လင်တော် ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်မှာဘုရား သခင်၏လူစုတော်ဝင်အပေါင်းတို့၏ဆု တောင်းပတ္ထနာများနှင့်အတူ ပူဇော်မီးရှို့ ရန်များစွာသောနံ့သာပေါင်းကိုသူ့အား ပေးအပ်ထားသည်။- Garrad Bible ရွှေ မီး ကျီး ခံ ကိုင် စေ တ မန် တော် တစ် ပါး လည်း ပူ ဇော် ရာ ပ လ္လင် တော့် အ နီး ရပ် လာ လျက် ရာ ဇ ပ လ္လင့် ရှေ့ တည် သော ပူ ဇော် ရာ ထို ရွှေ ပ လ္လင့် အ ထက် သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ ပ ဌ နာ များ တွင် ထပ် လောင်း ရန် နံ့ သာ ပေါင်း အ များ ကို ခံ ယူ ပြီး လျှင်၊ Judson Bible ကောင်းကင်တမန်တစ်ပါးသည် လာ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူအပေါင်းတို့၏ ပတ္ထနာနှင့်အတူ ဆက်ကပ်ခြင်းငှာ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ပေး၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်တမန်တစ်ပါးသည် ရွှေလင်ပန်းကို ကိုင်လျက် ရှေ့သို့လာ၍ ယဇ်ပလ္လင်နားမှာ ရပ်နေ၏။ ရာဇပလ္လင်တော်ရှေ့၌ရှိသော ရွှေယဇ်ပလ္လင်ပေါ်တွင် သန့်ရှင်းသူတို့၏ ဆုတောင်းချက်များနှင့်အတူ ပူဇော်ဆက်ကပ်ရန် သူ့အား အမွှေးနံ့သာများစွာကို ပေးအပ်ထား၏။ |
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
အကျွန်ုပ်၏ဆုတောင်းချက်သည် ကိုယ်တော်၏ရှေ့တော်၌ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ အကျွန်ုပ်လက်ကိုမြှောက်ချီခြင်းသည် နေဝင်ချိန်၏ပူဇော်သက္ကာကဲ့သို့လည်းကောင်း မှတ်ယူခြင်းခံရပါစေသော။
မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ရွှေယဇ်ပလ္လင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကန့်လန့်ကာရှေ့၌ထား၍
ထို့နောက် သရပ်တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။
ယဇ်ပလ္လင်ကို သစ်သားနှင့်ပြုလုပ်ထားပြီး အမြင့်သုံးတောင်၊ အလျားနှစ်တောင်ရှိ၏။ ပလ္လင်၏ထောင့်ချိုးများ၊ အောက်ခြေနှင့် ဘေးနံရံတို့ကို သစ်သားနှင့်ပြုလုပ်ထား၏။ ထိုသူက “ဤသည်ကား ထာဝရဘုရား၏ ရှေ့တော်စားပွဲဖြစ်၏”ဟု ပြောပြ၏။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
“အကယ်စင်စစ် နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် လူမျိုးတကာတို့တွင် ငါ့နာမသည် ဘုန်းကြီးလိမ့်မည်။ ငါ့နာမသည် လူမျိုးတကာတို့တွင် ဘုန်းကြီးသောကြောင့်ငါ့နာမအဖို့ အရပ်ရပ်မှ နံ့သာပေါင်းများ၊ သန့်ရှင်းသောပူဇော်သက္ကာများကို ယူဆောင်လာကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ရွှေယဇ်ပလ္လင်ပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအဝတ်ကို တဟာရှသားရေဖုံးဖြင့် ဖုံးအုပ်ပြီးလျှင် ရွှေယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ထိုသို့ နံ့သာပေါင်းမီးရှို့ပူဇော်သည့်အချိန်တွင် လူအစုအဝေးအပေါင်းတို့သည် အပြင်၌ဆုတောင်းနေကြ၏။
မည်သူသည် ပြစ်ဒဏ်စီရင်မည်နည်း။ အသေခံတော်မူသည်သာမက ထမြောက်တော်မူသော ခရစ်တော်ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌နေ၍ ငါတို့အတွက် အသနားခံပေးတော်မူ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
ထိုသို့ စာလိပ်ကိုယူလိုက်သောအခါ သတ္တဝါလေးပါးတို့နှင့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် စောင်းများကိုလည်းကောင်း၊ သန့်ရှင်းသူတို့၏ဆုတောင်းချက်များဖြစ်ကြသော နံ့သာပေါင်းနှင့်ပြည့်နေသည့် ရွှေဖလားများကိုလည်းကောင်း အသီးသီးကိုင်ဆောင်လျက် သိုးသငယ်တော်ရှေ့၌ ပျပ်ဝပ်ကြ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် အသက်ရှင်တော်မူသောဘုရားသခင်၏တံဆိပ်တော်ကို ကိုင်ဆောင်လျက် နေထွက်ရာအရပ်မှတက်လာသည်ကို ငါမြင်ရ၏။ ထိုကောင်းကင်တမန်သည် မြေကြီးနှင့်ပင်လယ်တို့ကို ဘေးသင့်စေနိုင်သောအခွင့်ရရှိထားသည့် ကောင်းကင်တမန်လေးပါးတို့အား
ထိုအခါ နံ့သာပေါင်း၏အခိုးအငွေ့သည် သန့်ရှင်းသူတို့၏ဆုတောင်းချက်များနှင့်အတူ ကောင်းကင်တမန်၏လက်ထဲမှ ဘုရားသခင်၏ရှေ့တော်သို့တက်သွားလေ၏။
ထို့နောက် ထိုကောင်းကင်တမန်သည် နံ့သာပူဇော်ရာခွက်ကိုယူ၍ ၎င်းကို ယဇ်ပလ္လင်၏မီးနှင့်ပြည့်စေပြီးလျှင် မြေကြီးပေါ်သို့ပစ်ချလိုက်ရာ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်လေ၏။
ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ဘုရားသခင်၏ရှေ့တော်၌ရှိသော ရွှေယဇ်ပလ္လင်၏ဦးချိုလေးချောင်းထံမှ ထွက်လာသောအသံက