ဗျာဒိတ် 8 - Garrad Bible1 သ တ္တ မ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ ကောင်း ကင် ဘုံ တွင် နာ ရီ ဝက် မျှ ဆိတ် ဆိတ် နေ ပြီး နောက်၊ 2 ဘု ရား သ ခင့် ရှေ့ ခ စား သော စေ တ မန် တော် ခု နစ် ပါး တို့ သည် တံ ပိုး ခု နစ် လက် ရ ကြ သည် ကို ငါ မြင် ရ၏။ 3 ရွှေ မီး ကျီး ခံ ကိုင် စေ တ မန် တော် တစ် ပါး လည်း ပူ ဇော် ရာ ပ လ္လင် တော့် အ နီး ရပ် လာ လျက် ရာ ဇ ပ လ္လင့် ရှေ့ တည် သော ပူ ဇော် ရာ ထို ရွှေ ပ လ္လင့် အ ထက် သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ ပ ဌ နာ များ တွင် ထပ် လောင်း ရန် နံ့ သာ ပေါင်း အ များ ကို ခံ ယူ ပြီး လျှင်၊ 4 နံ့ သာ ပေါင်း ငွေ့ သည် သီး သန့် ထား တော် မူ သူ တို့ ပ ဌ နာ အ ကျိုး အ လို့ ငှါ ထို စေ တ မန် တော့် လက် မှ ဘု ရား သ ခင့် ရှေ့ တော် သို့ တက် ရောက် သော်၊ 5 စေ တ မန် တော် သည် မီး ကျီး ခံ ကိုင် လျက် ပူ ဇော် ရာ ပ လ္လင် တော် ရှိ မီ ကျီး အ ပြည့် ထည့် သည့် ပြင် မြေ ပေါ် သို့ ပစ် လိုက် သ ဖြင့် မိုး ချုန်း ခြင်း၊ ထစ် ခြင်း၊ လျှပ် ပျက် ခြင်း၊ င လျင် လှုပ် ခြင်း များ ဖြစ် လေ ၏။ 6 ထို အ ခါ တံ ပိုး ခု နစ် လက် ရှိ သော စေ တ မန် တော် ခု နစ် ပါး တို့ သည် တံ ပိုး မှုတ် ရန် ပြင် ဆင် ကြ ပြီး လျှင်၊ 7 ပ ထ မ တံ ပိုး မှုတ် သော် သွေး ရော သော မိုး သီး နှင့် လောင် မီး သည် မြေ ပေါ် သို့ ကျ၍ မြေ သုံး ပိုင်း တစ် ပိုင်း၊ သစ် ပင် များ သုံး စု တစ် စု နှင့် စိမ်း လန်း သော ကောက် ပဲ ရှိ သ မျှ ကျွမ်း လောင် လျက် ကုန် ၏။ 8 ဒု တိ ယ စေ တ မန် တော် တံ ပိုး မှုတ် သော် တောင် ကြီး ခန့် လောင် မီး သည် သ မု ဒ္ဒ ရာ ထဲ သို့ ကျ၍ သုံး ပိုင်း တစ် ပိုင်း သွေး ဖြစ် သ ဖြင့်၊ 9 သက် ရှိ ရေ သ တ္တ ဝါ သုံး စု တစ် စု သေ လျက် သင်္ဘော များ သုံး စု တစ် စု ပျက်၏။ 10 တ တိ ယ စေ တ မန် တော် တံ ပိုး မှုတ် သော် မီး ရှူး သ ဖွယ် တောက် လောင် သော ဒေါ န ခေါ် ကြယ် ကြီး တစ် လုံး သည် မြစ် သုံး စု တစ် စု နှင့် စမ်း ပေါက် များ ပေါ် သို့ ကောင်း ကင် မှ ကျ ၍၊ 11 ရေ သုံး စု တစ် စု သည် ဒေါ န ရည် ဖြစ် သ ဖြင့် ထို ရေ ခါး ကြောင့် လူ အ များ တို့ သေ ကြ ၏။ 12 စ တု တ္ထ စေ တ မန် တော် တံ ပိုး မှုတ် သော် နေ သုံး ပိုင်း တစ် ပိုင်း၊ လ သုံး ပိုင်း တစ် ပိုင်း၊ ကြယ် များ သုံး စု တစ် စု ကို၊ မှောင် မိုက် ဒဏ် ထိ ခိုက် ၍ နေ့ သုံး ပိုင်း တစ် ပိုင်း၊ ညဥ့် သုံး ပိုင်း တစ် ပိုင်း အ လင်း ကွယ် ၏။ 13 ထို အ ခါ ငါ မျှော် ကြည့် ရာ ရွှေ လင်း တ တစ် ကောင် သည် ကောင်း ကင့် အ လယ် တွင် ပျံ ဝဲ လျက် ကြွင်း သော စေ တ မန် တော် သုံး ပါး တို့ မှုတ် ရ ဦး မည့် တံ ပိုး သံ များ ကြောင့် မြေ ကြီး ပေါ် တွင် နေ ထိုင် သူ တို့၌ အ မင်္ဂ လာ၊ အ မင်္ဂ လာ၊ အ မင်္ဂ လာ ရှိ သည် ဟု၊ ကျယ် သော အ သံ နှင့် မြည် ကြွေး သည် ကို ကြား ရ ၏။ |
Garrad Holy Bible © Bible Society of Myanmar, 1928.
Bible Society of Myanmar