Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 8:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ထို့နောက် ဘုရားသခင်​၏​ရှေ့​တော်​၌ ရပ်​နေ​သော​ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ သူ​တို့​အား တံပိုးခရာ​ခုနစ်​ခု​ကို​ပေး​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

2 ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ဘု ရား သ ခင့် ရှေ့ ခ စား သော စေ တ မန် တော် ခု နစ် ပါး တို့ သည် တံ ပိုး ခု နစ် လက် ရ ကြ သည် ကို ငါ မြင် ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

2 ထို့နောက် ဘုရားသခင်​၏​ရှေ့တော်​၌ ရပ်နေသော ကောင်းကင်တမန် ခုနစ်ပါး​ကို ကျွန်ုပ်​မြင်ရ၏။ ဘုရားသခင်​သည် သူတို့​အား​တံပိုးခရာ​ခုနစ်ခု​ကို ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 8:2
18 ပူးပေါင်းရင်းမြစ်များ  

သေးငယ်​သော​အမှု​များ​ပြု​သော​နေ့ရက်​ကို မည်သူ မထီမဲ့မြင်ပြု​သနည်း​။ သို့သော် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​ကြည့်ရှု​လျက်​နေ​သော ထာဝရဘုရား​၏​မျက်လုံး​တော်​ခုနစ်​လုံး​သည် ဇေရုဗဗေလ​လက်​ထဲမှ ချိန်သီးတုံး​ကို​မြင်​သောအခါ ဝမ်းမြောက်​ကြ​၏​”​ဟု မိန့်ဆို​၏​။


ဤ​ငယ်​သော​သူ​များ​ထဲမှ တစ်စုံတစ်ဦး​ကို မထီမဲ့မြင်​မ​ပြု​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား ကောင်းကင်​ဘုံ​ရှိ သူ​တို့​၏​ကောင်းကင်တမန်​တို့​သည် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော ငါ့​ခမည်းတော်​၏​မျက်နှာ​တော်​ကို အစဉ်မပြတ်​ဖူးမြင်​ရ​ကြ​သည်​ဟု သင်​တို့​အား ငါ​ဆို​၏။


ထို့နောက် လူ့သား​သည် ကျယ်လောင်​သော​တံပိုးမှုတ်သံ​နှင့်အတူ မိမိ​၏​ကောင်းကင်တမန်​တို့​ကို​စေလွှတ်​သဖြင့် သူ​တို့​သည် ကိုယ်တော်​ရွေးကောက်​ထား​သော​သူ​တို့​ကို ကောင်းကင်​အစွန်း​တစ်ဖက်​မှ အခြား​အစွန်း​တစ်ဖက်​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​ကြ​လိမ့်မည်။


ကောင်းကင်တမန်​က​လည်း “ငါ​သည် ဘုရားသခင်​ရှေ့​တော်​၌​ခစား​ရ​သော ဂါဗြေလ​ဖြစ်​၏။ သင့်​ကို​နှုတ်ဆက်​၍ ဤ​ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ပြောကြား​ရန် ငါ​သည် သင့်​ထံသို့​စေလွှတ်​ခြင်း​ခံရ​၏။


ထို့ကြောင့် သင်​တို့​သည် ဖြစ်ပျက်​တော့မည့် ဤ​အမှု​ခပ်သိမ်း​တို့​မှ လွတ်မြောက်​၍ လူ့သား​၏​ရှေ့​တော်​၌ မတ်တတ်ရပ်​နိုင်​ရန် အချိန်​ရှိသရွေ့ နိုးနိုးကြားကြား​ရှိ​လျက် ဆုတောင်း​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


သို့သော် နောက်ဆုံး​သော​တံပိုးခရာ​မှုတ်​ချိန်​၌ မျက်စိ​တစ်​မှိတ်​အတွင်း တစ်ခဏချင်း​တွင် ငါ​တို့​အားလုံး​သည် ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။ အကြောင်းမူကား တံပိုးခရာ​မှုတ်​သောအခါ သေလွန်​သော​သူ​တို့​သည် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​အဖြစ် ထမြောက်​စေခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ငါ​တို့​သည်​လည်း ပြောင်းလဲ​ခြင်း​သို့​ရောက်​ရ​ကြ​လိမ့်မည်။


အကြောင်းမူကား ကြွေးကြော်​ခြင်း​နှင့်တကွ ကောင်းကင်​တမန်​မင်း​၏​အသံ​နှင့် ဘုရားသခင်​၏​တံပိုးမှုတ်သံ​တို့​ဖြင့် သခင်​ဘုရား​ကိုယ်တော်​တိုင် ကောင်းကင်​မှ​ဆင်းသက်​တော်မူ​သောအခါ ခရစ်တော်​၌​သေလွန်​သော​သူ​တို့​သည် ဦးစွာ​ထမြောက်​ကြ​လိမ့်မည်။


ငါ​ယောဟန်​သည် အာရှ​ပြည်​ရှိ အသင်းတော်​ခုနစ်​ပါး​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်အခါ​ကြွလာ​မည့်​အရှင်​ထံမှ​လည်းကောင်း၊ ပလ္လင်​တော်​ရှေ့​၌​ရှိ​သော ဝိညာဉ်​ခုနစ်​ပါး​ထံမှ​လည်းကောင်း၊


သတ္တမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​၌ ကျယ်လောင်​သော​အသံ​ဖြစ်ပေါ်​လျက် “ကမ္ဘာ့​နိုင်ငံ​သည် ငါ​တို့​၏​ထာဝရ​အရှင်​နှင့် ကိုယ်တော်​၏​ခရစ်တော်​ပိုင်ဆိုင်​တော်မူ​ရာ​ဖြစ်​လေ​ပြီ။ ကိုယ်တော်​သည်​လည်း ကမ္ဘာ​အဆက်ဆက်​စိုးစံ​တော်မူ​လိမ့်မည်”​ဟု ဆို​၏။


ထို့နောက် ကောင်းကင်​၌ ကြီးမား​၍​အံ့သြဖွယ်​ကောင်း​သည့် အခြား​နိမိတ်​လက္ခဏာ​တည်းဟူသော နောက်ဆုံး​ဘေးဒဏ်​ခုနစ်​မျိုး​ကို​ဆောင်​ထား​သည့် ကောင်းကင်​တမန်​ခုနစ်​ပါး​ကို ငါ​မြင်​ရ​၏။ ထို​ဘေးဒဏ်​များ​အားဖြင့် ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။


ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထို့နောက် ငါ​ကြည့်​လျှင် ကောင်းကင်​အလယ်​တွင် ပျံသန်း​နေ​သော​လင်းယုန်​တစ်​ကောင်​က “ကောင်းကင်​တမန်​သုံး​ပါး​တို့​မှုတ်​တော့မည့် ကျန်​ရှိ​သော​တံပိုးခရာ​တို့​၏​အသံ​ကြောင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​တို့​သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိ​ကြ​၏”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​သည်​ကို ငါ​ကြား​ရ​၏။


ထိုအခါ တံပိုးခရာ​ခုနစ်​ခု​ရှိ​သော ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​သည် တံပိုးခရာ​ကို​မှုတ်​ရန် ပြင်ဆင်​ကြ​၏။


ပဉ္စမ​ကောင်းကင်​တမန်​သည် တံပိုးခရာ​ကို​မှုတ်​လိုက်​သောအခါ ကောင်းကင်​မှ​မြေကြီး​ပေါ်သို့​ကျ​လာ​သော ကြယ်​တစ်​လုံး​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား အတိုင်းမသိ​နက်ရှိုင်း​သော​တွင်း​၏​သော့​ကို ပေးအပ်​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ