Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ဗြဲ 9:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ၎င်း​ထဲတွင် နံ့သာပေါင်း​မီးရှို့​ရာ​ရွှေ​ယဇ်ပလ္လင်​နှင့် မျက်နှာပြင်​အဘက်ဘက်​၌ ရွှေ​ဖြင့်​မွမ်းမံ​ထား​သော​ပဋိညာဉ်​သေတ္တာ​ရှိ​၏။ ထို​သေတ္တာ​၌ မန္န​မုန့်​ထည့်​ထား​သည့်​ရွှေ​အိုး၊ အဖူး​ထွက်​သော​အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​တို့​ရှိ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ထို​ဌာ​န​တော်​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ရွှေ ပလ္လင်​နှင့်​ရွှေ​ဖြင့်​မွမ်း​မံ​ထား​သည့်​ပ​ဋိ​ညာဉ်​သေတ္တာ တော်​ရှိ​၏။ ထို​သေတ္တာ​တော်​အ​တွင်း​၌​မန္န​မုန့်​ထည့် ထား​သည့်​ရွှေ​အိုး၊ အ​ဖူး​အ​ညွှန့်​ထွက်​သည့်​အာ​ရုန် ၏​လှံ​တံ​နှင့်​ပ​ညတ်​တော်​များ​ရေး​ထား​သည့် ကျောက်​ပြား​နှစ်​ပြား​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​တဲ​တော်၌ ရွှေ​လင်​ပန်း​နှင့် ရွှေ​ဖြင့်​မွမ်း​မံ​သော ပ​ဋိ​ညာဉ်​တ​ရား​သေ​တ္တာ​ရှိ၏။ ထို​သေ​တ္တာ၌ မ​န္န​ကို ထား​သော​ရွှေ​အိုး၊ အ​ပွင့်​ပွင့်​သော အာ​ရုန်၏​လှံ​တံ၊ ပ​ဋိ​ညာဉ်​တ​ရား​ကို ရေး​ထား​သော ကျောက်​ပြား​တို့​သည် ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို​အခန်း​အတွင်း​၌ နံ့သာပေါင်း​ကို မီးရှို့ရာ ရွှေ​ယဇ်ပလ္လင်​နှင့် ရွှေ​ဖြင့်​မွမ်းမံထားသော ပဋိညာဉ်​သေတ္တာ​ရှိ၏။ ထို​သေတ္တာ​အတွင်း​၌ မန္နမုန့်​ထည့်ထားသော ရွှေအိုး၊ အဖူး​အညွှန့်​ထွက်နေသော အာရုန်​၏​တောင်ဝှေး​နှင့် ပဋိညာဉ်​ကျောက်ပြား​နှစ်ပြား ပါရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 9:4
26 ပူးပေါင်းရင်းမြစ်များ  

ခွက်​များ​၊ မီးညှပ်​များ​၊ ဇလုံ​များ​၊ ဇွန်း​များ​၊ မီးကျီးခံဗန်း​များ​ကို​လည်း ရွှေ​စင်​ဖြင့်​သွန်းလုပ်​၏​။ အတွင်းဆုံး​အခန်း အသန့်ရှင်းဆုံးဌာန​၏​တံခါး​များ​နှင့် အိမ်​တော်​ပင်မဆောင်​၏​တံခါး​များ​၏​ပတ္တာ​များ​ကို​လည်း ရွှေ​ဖြင့်​သွန်းလုပ်​၏​။


ငါ​တို့​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ထား​မည့်​နေရာ​ကို ငါ​ပြင်ဆင်​ထား​ပြီ​”​ဟု မြွက်ဆို​လေ​၏​။


သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။


သေတ္တာ​တော်​ထဲတွင် ကျောက်ပြား​နှစ်​ချပ်​မှလွဲ၍ မည်သည့်​အရာ​မျှ​မ​ရှိ​။ ထို​ကျောက်ပြား​တို့​သည် အစ္စရေး​အမျိုးသား​တို့ အီဂျစ်​ပြည်​မှ​ထွက်လာ​ပြီး ဟောရပ်​အရပ်​၌ ထာဝရဘုရား​နှင့်​ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​စဉ် မောရှေ​ထည့်သွင်း​ထား​သော​ကျောက်ပြား​များ ဖြစ်​ကြ​၏​။


ကန့်လန့်ကာ​ကို ချိတ်​များ​၌​ချိတ်ဆွဲ​ထား​၍ သက်သေခံချက်​သေတ္တာ​တော်​ကို ကန့်လန့်ကာ​၏​အတွင်း​ဘက်​နေရာ​၌ သွင်း​ထား​ရ​မည်​။ ကန့်လန့်ကာ​သည် သန့်ရှင်းရာဌာန​နှင့်​အသန့်ရှင်းဆုံးဌာန​ကို ပိုင်းခြား​ပေး​ထား​မည်​။


ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။


မောရှေ​သည် သူ​၏​လက်​ထဲ၌ ဟိုဘက်​၊ သည်ဘက် မျက်နှာပြင်​နှစ်ဖက်စလုံး အက္ခရာတင်​ထား​သည့်​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို​ကိုင်​လျက် လှည့်​၍ တောင်​ပေါ်မှ​ဆင်းသွား​လေ​၏​။


ထို့နောက် မောရှေ​သည် သိနာ​တောင်​ပေါ်မှ ဆင်းလာ​၏​။ တောင်​ပေါ်မှ ဆင်းလာ​သောအခါ မောရှေ​၏​လက်​ထဲ၌ သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ပါ​၏​။ မောရှေ​သည် ထာဝရဘုရား​နှင့်​စကားပြော​ခဲ့​ရ​သဖြင့် သူ​၏​မျက်နှာ​ထွန်းပ​သည်​ကို သူ​မ​သိ​။


နံ့သာပေါင်း​ရှို့​ရာ​ယဇ်ပလ္လင်​ကို အကေရှား​သစ်သား​ဖြင့်​လုပ်ထား​၏​။ ထို​ယဇ်ပလ္လင်​သည် အလျား​တစ်တောင်​၊ အနံ​တစ်တောင် စတုရန်း​ပုံ​ဖြစ်၍ အမြင့်​နှစ်တောင်​ရှိ​၏​။ ယဇ်ပလ္လင်​၏​ချို​များ​သည် ယဇ်ပလ္လင်​နှင့်​တစ်ဆက်တည်း​ဖြစ်​၏​။


သက်သေခံချက်​သေတ္တာ​တော်​နှင့် သေတ္တာ​တော်​၏​ထမ်းပိုး​များ​ကို​လည်းကောင်း​၊ ကရုဏာ​တော်​ပလ္လင်​ကို​လည်းကောင်း​၊


ကိန်းဝပ်​တော်မူ​ရာ​ဌာန​ထဲ၌ သက်သေခံချက်​သေတ္တာ​တော်​ကို ထား​ပြီးလျှင် ထို​သေတ္တာ​တော်​ကို ကန့်လန့်ကာ​ဖြင့် ကာ​ရ​မည်​။


ထာဝရဘုရား​ရှေ့​တော်​ရှိ ယဇ်ပလ္လင်​ပေါ်​မှ မီးခဲ​များ​ကို မီးကျီးခံဗန်း​နှင့်​အပြည့်​၊ အမွှေးနံ့သာပေါင်း​အမှုန့်​ကို လက်ခုပ်​နှင့်​အပြည့်​ယူ​၍ ကန့်လန့်ကာ​၏​အတွင်း​ဘက်​သို့ ယူဆောင်​လာ​ရ​မည်​။


ထာဝရဘုရား​က မောရှေ​အား “​အာရုန်​၏​တောင်ဝှေး​ကို သူ​တို့​အတွက် အမှတ်လက္ခဏာ​အဖြစ် သက်သေခံချက်​ရှေ့​၌ ပြန်ထား​လော့​။ သို့ပြုလျှင် ပုန်ကန်သူ​တို့​မြည်တွန်တောက်တီး​သော​အသံ​ရပ်စဲ​၍ သူ​တို့​သည် သေဘေး​နှင့်​ကင်းလွတ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​ရွေးချယ်​သော​သူ​၏​တောင်ဝှေး​သည် အတက်ပေါက်​လိမ့်မည်​။ ဤသို့ဖြင့် သင်​တို့​ကို အပြစ်တင်​နေ​ကြ​သော အစ္စရေး​အမျိုးသား​တို့​မြည်တွန်တောက်တီး​သော​အသံ​ကို ငါ​ရပ်စဲ​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။


နောက်တစ်နေ့​၌ မောရှေ​သည် သက်သေခံချက်​တဲ​တော်​ထဲသို့ ဝင်​သောအခါ လေဝိ​အမျိုးအနွယ်​၊ အာရုန်​၏​တောင်ဝှေး​သည် အတက်ပေါက်​လျက်​၊ အဖူး​ဖူး​လျက်​၊ အပွင့်​ပွင့်​လျက်​၊ ဗာဒံသီး​သီး​လျက်​ရှိ​သည်​ကို တွေ့​လေ​၏​။


အရက်​လေးဆယ်​ပြည့်​သောအခါ ထာဝရဘုရား​သည် ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကို ငါ့​အား ပေးအပ်​တော်မူ​ပြီး


သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​ပါရှိ​သည့်​ကျောက်ပြား​တို့​ကို ခံယူ​ရန် တောင်​ပေါ်သို့​ငါ​တက်သွား​သောအခါ ငါ​သည် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ ထို​တောင်​ပေါ်၌ အရက်​လေးဆယ်​ပတ်လုံး နေ​ခဲ့​၏​။


ထို့နောက် ကောင်းကင်​၌​ရှိ​သော ဘုရားသခင်​၏​ဗိမာန်​တော်​သည်​ပွင့်​၍ ထို​ဗိမာန်​တော်​ထဲတွင် ကိုယ်တော်​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို တွေ့မြင်​ရ​၏။ လျှပ်စီးလက်​ခြင်း၊ အသံ​မြည်ဟည်း​ခြင်း၊ မိုးချုန်း​ခြင်း၊ ငလျင်​လှုပ်​ခြင်း​နှင့် ကြီးမား​သော​မိုးသီး​ကျ​ခြင်း​တို့​လည်း ဖြစ်ပေါ်​လေ​၏။


တစ်ဖန် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​သည် နံ့သာ​ပူဇော်​ရာ​ရွှေ​ခွက်​ကို​ကိုင်​လျက် ယဇ်ပလ္လင်​အနား​သို့​လာ​၍​ရပ်​လေ​ရာ သန့်ရှင်း​သူ​အပေါင်း​တို့​၏​ဆုတောင်း​ချက်​များ​နှင့်​ပေါင်းစပ်၍ ပလ္လင်​တော်​ရှေ့​၌​ရှိ​သည့် ရွှေ​ယဇ်ပလ္လင်​ပေါ်တွင်​ဆက်ကပ်​ရန် များစွာ​သော​နံ့သာပေါင်း​ကို သူ့​အား​ပေး​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ