ဘုရားသခင်သည် အာဗြဟံနှင့်စကားပြောတော်မူပြီးနောက် သူ့ထံမှ အထက်သို့တက်သွားတော်မူ၏။
ထွက်မြောက် 33:9 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် တဲတော်ထဲသို့ဝင်သွားသောအခါ မိုးတိမ်တိုင်သည်ဆင်းလာ၍ တဲတော်အဝင်ဝ၌ တည်နေ၏။ ထို့နောက် ထာဝရဘုရားသည် မောရှေနှင့်စကားပြောတော်မူ၏။ Common Language Bible မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။- Garrad Bible တဲ တော် တွင်း သို့ မော ရှေ ဝင် ရာ တိမ် တိုင် သက် ရောက်၍ တဲ တော် မုတ် ဝ၌ တည် လျက် မော ရှေ အား မိန့် မြွက် တော် မူ ၏။ Judson Bible မောရှေသည် တဲတော်အထဲသို့ဝင်ပြီးမှ၊ မိုးတိမ်တိုင်ဆင်းသက်၍ တဲတော်တံခါးဝ၌ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။ |
ဘုရားသခင်သည် အာဗြဟံနှင့်စကားပြောတော်မူပြီးနောက် သူ့ထံမှ အထက်သို့တက်သွားတော်မူ၏။
ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောတော်မူပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံသည်လည်း မိမိနေရပ်သို့ပြန်သွားလေ၏။
ကိုယ်တော်သည် သူတို့ကို မိုးတိမ်တိုင်ထဲမှ မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏ သက်သေခံချက်များကိုလည်းကောင်း၊ သူတို့အား ကိုယ်တော်ပေးတော်မူသော ပြဋ္ဌာန်းချက်ကိုလည်းကောင်း စောင့်ထိန်းကြ၏။
ငါသည် ထိုနေရာ၌ သင်နှင့်တွေ့ဆုံမည်။ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ခေရုဗိမ်နှစ်ပါးအကြား ကရုဏာတော်ပလ္လင်အထက်မှနေ၍ အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုရမည့်စကားအလုံးစုံကို ငါမှာကြားမည်။
ဤသို့ သိနာတောင်ပေါ်၌ ဘုရားသခင်သည် မောရှေအား မိန့်ဆိုတော်မူပြီးနောက် လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောသက်သေခံချက်ကျောက်ပြားနှစ်ချပ်ကို သူ့အား ပေးအပ်တော်မူ၏။
တဲတော်အဝင်ဝ၌တည်နေသော မိုးတိမ်တိုင်ကို မြင်သည်နှင့် လူအပေါင်းတို့သည် မိမိတဲအဝင်ဝ၌ ရှိခိုးကိုးကွယ်ကြလေ၏။
ထာဝရဘုရားသည် မိတ်ဆွေချင်းစကားပြောသကဲ့သို့ မောရှေနှင့် မျက်နှာချင်းဆိုင်စကားပြောတော်မူ၏။ ထို့နောက် မောရှေသည် တပ်စခန်းသို့ ပြန်လာ၏။ သူ၏လက်ထောက်လူငယ်တစ်ဦးဖြစ်သည့် နုန်၏သားယောရှုမူကား တဲတော်ထဲမှ မထွက်ဘဲနေရစ်ခဲ့၏။
မောရှေသည် တဲတော်သို့ သွားသောအခါ လူအပေါင်းတို့သည်ထ၍ မိမိတို့၏တဲအဝင်ဝတွင် အသီးသီးရပ်လျက် တဲတော်ထဲသို့ မောရှေဝင်သွားသည့်တိုင်အောင် သူ၏နောက်မှ ကြည့်နေကြ၏။
သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။
ငါဆင်းလာ၍ ထိုနေရာ၌ သင်နှင့်စကားပြောမည်။ ငါသည် သင်၌ရှိသည့်ဝိညာဉ်တော်ကိုနုတ်ယူ၍ ထိုသူတို့ထဲသို့ သွင်းပေးမည်။ သူတို့သည် သင်နှင့်အတူ ထိုလူမျိုး၏ဝန်ကို ထမ်းကြရလိမ့်မည်။ သို့ဖြစ်၍ သင်တစ်ယောက်တည်း ထမ်းရတော့မည်မဟုတ်။
မောရှေသည် ထာဝရဘုရားနှင့်စကားပြောရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ သက်သေခံချက်သေတ္တာတော်ပေါ်ရှိ ကရုဏာတော်ပလ္လင်အထက် ခေရုဗိမ်နှစ်ပါးအကြားမှ သူ့အား ပြောသောစကားသံကို ကြားရ၏။ ထာဝရဘုရားသည် သူနှင့်စကားပြောတော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်သေရမည့်အချိန်နီးပြီ။ ယောရှုအား ငါတာဝန်ပေးအပ်မည်ဖြစ်၍ သူ့ကိုခေါ်ပြီး တွေ့ဆုံစည်းဝေးရာတဲတော်၌ ရပ်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် မောရှေနှင့်ယောရှုတို့သွား၍ တွေ့ဆုံစည်းဝေးရာတဲတော်၌ရပ်နေကြ၏။
ထိုအခါ ထာဝရဘုရားသည် တဲတော်တွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၍ မိုးတိမ်တိုင်သည် တဲတော်အဝင်ဝအထက်၌ တည်နေလေ၏။