Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 34:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ ထို​အရပ်​၌ သူ​နှင့်အတူ​ရပ်​လျက် ထာဝရဘုရား​ဟူသော​နာမ​တော်​ကို ထုတ်ဖော်​ပြသ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုက်​ဖြင့်​ကြွ ဆင်း​လာ​၍၊ မော​ရှေ​အ​နီး​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ဟူ​သော​နာ​မ​တော်​ကို ထုတ်​ဖော်​မြွက်​ကြား​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ထို အ ရပ်၌ တိမ် တိုက် ဖြင့် ဆင်း သက် တော် မူ သော ထာ ဝ ရ ဘု ရား အ ပါး တော် တွင် ခ စား စဉ် ထာ ဝ ရ ဘု ရား၏ နာ မ တော်၌ ပ ဌ နာ ပြု လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထာ​ဝ​ရ​ဘု​ရား​သည် မိုး​တိမ်​ဖြင့်​ဆင်း​သက်၍၊ ထို​အ​ရပ်၌ မော​ရှေ​အ​နား​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ကြွေး​ကြော်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 34:5
16 ပူးပေါင်းရင်းမြစ်များ  

တိုင်းနိုင်ငံ​တို့​နှင့်​လူမျိုးတကာ​တို့​သည် ထာဝရဘုရား​ကို​ဝတ်ပြု​ရန် အတူတကွ​စုဝေး​ကြ​သောအခါ ထာဝရဘုရား​၏​နာမ​တော်​ကို ဇိအုန်​တောင်​၌​လည်းကောင်း​၊ ကိုယ်တော်​၏​ဂုဏ်ကျေးဇူး​တော်​ကို ဂျေရုဆလင်​မြို့​၌​လည်းကောင်း ပြောကြား​ကြ​ရန်​အတွက်​ဖြစ်​၏​။


ထာဝရဘုရား​သည် သိနာ​တောင်​ပေါ်သို့ မီး​ဖြင့်​ကြွဆင်း​တော်မူ​သောကြောင့် တစ်တောင်လုံး​မီးခိုး​ထွက်​လေ​၏​။ မီးခိုး​သည် မီးပြင်းဖို​၏​မီးခိုး​ကဲ့သို့​တက်​၏​။ တောင်​တစ်တောင်လုံး​သည်​လည်း ပြင်းထန်​စွာ​တုန်လှုပ်​လေ​၏​။


ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့်​ငါ​ပြော​သော​စကား​ကို လူ​တို့​ကြား​၍ သင့်​ကို အစဉ်အမြဲ​ယုံ​ကြ​စေရန် ငါ​သည် သင့်​ထံသို့​မိုးတိမ်​တိုက်​ဖြင့်​ကြွလာ​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည်​လည်း လူ​တို့​၏​စကား​များ​ကို ထာဝရဘုရား​ထံ ကြားလျှောက်​လေ​၏​။


သူ့​ကို​အလေးထား​လော့​။ သူ​၏​စကား​ကို နားထောင်​လော့​။ သူ​သည် သင်​တို့​ကျူးလွန်​သော​အပြစ်​ကို ခွင့်လွှတ်​မည်​မ​ဟုတ်​သောကြောင့် သူ့​ကို​မ​ဆန့်ကျင်​နှင့်​။ အကြောင်းမူကား ငါ့​နာမ​သည် သူ​၌​တည်​၏​။


ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။


မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။


ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။


သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။


ငါ​ဆင်းလာ​၍ ထို​နေရာ​၌ သင်​နှင့်​စကားပြော​မည်​။ ငါ​သည် သင်​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ ထို​သူ​တို့​ထဲသို့ သွင်းပေး​မည်​။ သူ​တို့​သည် သင်​နှင့်အတူ ထို​လူမျိုး​၏​ဝန်​ကို ထမ်း​ကြ​ရ​လိမ့်မည်​။ သို့ဖြစ်၍ သင်​တစ်ယောက်တည်း ထမ်း​ရ​တော့​မည်​မ​ဟုတ်​။


ထိုအခါ ထာဝရဘုရား​သည် မိုးတိမ်​ဖြင့် ဆင်းသက်​တော်မူ​၍ မောရှေ​နှင့်​စကားပြော​လေ​၏​။ ကိုယ်တော်​သည် မောရှေ​၌​ရှိ​သည့်​ဝိညာဉ်​တော်​ကို​နုတ်ယူ​၍ သက်ကြီးဝါကြီး​များ​ဖြစ်​သော လူ​အယောက်​ခုနစ်ဆယ်​တို့​ထဲသို့ သွင်းပေး​လေ​၏​။ ဝိညာဉ်​တော်​သည် သူ​တို့​၌​ကိန်းဝပ်​တော်မူ​သောအခါ သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လေ​၏​။ သို့သော် နောက်တစ်ဖန် ထပ်၍​မ​ဟောပြော​ကြ​တော့​ပေ​။


ထာဝရဘုရား​သည်​လည်း မိုးတိမ်​တိုင်​အားဖြင့် ကြွဆင်း​၍ တဲ​တော်​အဝင်ဝ​၌​ရပ်​လျက် အာရုန်​နှင့်​မိရိအံ​ကို​ခေါ်​သဖြင့် သူ​တို့​နှစ်ဦးစလုံး ရှေ့​တော်​သို့​လာ​ကြ​၏​။


သို့ဖြစ်၍ အကျွန်ုပ်​ဘုရားရှင်​၊ ယခုမှာ ကိုယ်တော်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​သည် ထင်ရှား​ပါစေသော​။


ထာဝရဘုရား​၏​နာမ​တော်​ကို ငါ​ကြေညာ​မည်​ဖြစ်၍ ငါ​တို့​၏​ဘုရားသခင် ကြီးမြတ်​တော်မူ​ကြောင်း​ကို သိမှတ်ဝန်ခံ​ကြ​လော့​။


ထို့ကြောင့် ရှမွေလ​သည် မိန့်​တော်မူ​သော​အရာ​အားလုံး​ကို မ​ထိမ်ဝှက်​ဘဲ သူ့​အား ပြောပြ​လေ​၏​။ ထိုအခါ ဧလိ​က “​ဤသည်ကား ထာဝရဘုရား​မိန့်​တော်မူ​သော​အမှု​ဖြစ်​၏​။ ကိုယ်တော်​အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါစေသော​”​ဟု ဆို​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ