Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ထွက်​မြောက် 31 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​


ကျွမ်းကျင်ပညာရှင်များပေးတော်မူခြင်း

1 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

2 “​ကြည့်​လော့​။ ငါ​သည် ယုဒ​အမျိုးအနွယ်​မှ ဟုရ​၏​မြေး​၊ ဥရိ​၏​သား​ဗေဇလေလ​ကို အမည်​နှင့်တကွ​ခေါ်​လေ​ပြီ​။

3 သူ့​ကို ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဉာဏ်ပညာ​နှင့်​ပြည့်ဝ​စေ​၍ တီထွင်နိုင်စွမ်း​၊ သိမြင်နိုင်စွမ်း​ရှိ​စေ​၏​။ လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို တတ်မြောက်​စေ​၏​။

4 ထို့ကြောင့် သူ​သည် ရွှေ​၊ ငွေ​၊ ကြေးနီ​သွန်းလုပ်​ရာ​တွင်​လည်း အနုပညာလက်ရာ​မြောက်​စွာ သွန်းလုပ်​နိုင်​၏​။

5 ကျောက်​ကို​ထုဆစ်ပုံဖော်​ခြင်း​၊ သစ်သား​ကို​ထွင်းထုပုံဖော်​ခြင်း​စသော လက်မှုအတတ်ပညာ​အမျိုးမျိုး​တို့​ကို​လည်း တတ်မြောက်​၏​။

6 သူ​နှင့်အတူ ဒန်​အမျိုးအနွယ်​မှ အဟိသမတ်​၏​သား အဟောလျဘ​ကို​လည်း ခန့်ထား​ပြီ​။ လက်မှုအတတ်​ကျွမ်းကျင်သူ​အပေါင်း​တို့​ထဲတွင် သူ​တို့​အား ဉာဏ်ပညာ​ကို​သွင်းပေး​ပြီ​ဖြစ်၍ သူ​တို့​သည် သင့်​အား ငါ​မိန့်မှာ​သော​အရာ​အားလုံး​ကို ပြုလုပ်​ပေး​နိုင်​လိမ့်မည်​။

7 ထို​သူ​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို​လည်းကောင်း​၊ သက်သေခံချက်​သေတ္တာ​တော်​နှင့် ထို​သေတ္တာ​တော်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ကို​လည်းကောင်း​၊ တဲ​တော်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊

8 စားပွဲ​နှင့် ထို​စားပွဲ​၏​တန်ဆာပလာ​များ​ကို​လည်းကောင်း​၊ ရွှေ​စင်​ဆီမီးခုံ​နှင့် ထို​ဆီမီးခုံ​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ နံ့သာပေါင်း​ယဇ်ပလ္လင်​ကို​လည်းကောင်း​၊

9 မီးရှို့​ရာ​ယဇ်ပလ္လင်​နှင့် ထို​ယဇ်ပလ္လင်​၏​တန်ဆာပလာ​ရှိသမျှ​တို့​ကို​လည်းကောင်း​၊ အင်တုံ​နှင့် ထို​အင်တုံ​၏​ခြေတိုင်​ကို​လည်းကောင်း​၊

10 ယဇ်ပုရောဟိတ်​အာရုန်​အတွက်​ရက်ထည်​အဝတ်တန်ဆာ​၊ သန့်ရှင်း​သော​အဝတ်တန်ဆာ​နှင့် ယဇ်ပုရောဟိတ်​အဖြစ်​အမှု​တော်​ဆောင်ရွက်​မည့် သူ့​သား​တို့​အတွက် အဝတ်တန်ဆာ​ကို​လည်းကောင်း​၊

11 ဘိသိက်​ဆီ​ကို​လည်းကောင်း​၊ သန့်ရှင်းရာဌာန​တော်​အတွက် အမွှေးနံ့သာပေါင်း​ကို​လည်းကောင်း သင့်​အား​ငါ​မိန့်မှာ​သမျှ​အတိုင်း ပြုလုပ်​ကြ​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဥပုသ်နေ့ကိုစောင့်ထိန်းခြင်း

12 တစ်ဖန် ထာဝရဘုရား​က မောရှေ​အား

13 “​သင်​သည် အစ္စရေး​အမျိုးသား​တို့​အား ‘​ငါ​ထာဝရဘုရား​သည် သင်​တို့​ကို သန့်ရှင်း​စေ​သော​အရှင်​ဖြစ်ကြောင်း​သိမြင်​စေရန် ငါ​၏​ဥပုသ်နေ့​ကို သင်​တို့ ဧကန်အမှန် စောင့်ထိန်း​ရ​မည်​။ ဤ​အမှု​သည် သင်​တို့​၏​မျိုးဆက်​အစဉ်အဆက်​တိုင်အောင် ငါ​နှင့်​သင်​တို့​ကြားတွင် အမှတ်လက္ခဏာ​ဖြစ်​၏​။

14 ဥပုသ်နေ့​သည် သင်​တို့​အတွက် သန့်ရှင်း​သောကြောင့် သင်​တို့​သည် ထို​နေ့​ကို​စောင့်ထိန်း​ရ​မည်​။ ဥပုသ်နေ့​ကို​ညစ်ညူး​စေ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ တစ်စုံတစ်ယောက်​သည် ဥပုသ်နေ့​၌​အလုပ်​လုပ်​လျှင် ထို​သူ​သည် မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။

15 ခြောက်​ရက်​ပတ်လုံး​အလုပ်​လုပ်​ရ​မည်​။ သတ္တမ​နေ့​သည် ငြိမ်ဝပ်​စွာ​နေ​ရ​သော​ဥပုသ်နေ့​၊ ထာဝရဘုရား​အတွက် သန့်ရှင်း​သော​နေ့​ဖြစ်​၏​။ ဥပုသ်နေ့​၌​အလုပ်​လုပ်​သော​သူ​မည်သူမဆို မုချ​အသတ်​ခံရ​မည်​။

16 အစ္စရေး​အမျိုးသား​တို့​သည် ဥပုသ်နေ့​ကို​အလေးထား​ရ​မည်​။ ထာဝရ​ပဋိညာဉ်​အဖြစ် သူ​တို့​၏​မျိုးဆက်​အစဉ်အဆက် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရ​မည်​။

17 ဤ​အမှု​သည် ငါ​နှင့်​အစ္စရေး​အမျိုးသား​တို့​ကြား ထာဝရ​အမှတ်လက္ခဏာ​ဖြစ်​၏​။ အကြောင်းမူကား ထာဝရဘုရား​သည် ခြောက်​ရက်​ပတ်လုံး ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​ပြီး သတ္တမ​နေ့​၌ ငြိမ်ဝပ်​စွာ​နေ​၍ အနားယူ​တော်မူ​သောကြောင့်​ဖြစ်​သည်​’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်​တော်မူ​၏​။


ကျောက်ပြားနှစ်ချပ်

18 ဤသို့ သိနာ​တောင်​ပေါ်၌ ဘုရားသခင်​သည် မောရှေ​အား မိန့်ဆို​တော်မူ​ပြီးနောက် လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​သက်သေခံချက်​ကျောက်ပြား​နှစ်​ချပ်​ကို သူ့​အား ပေးအပ်​တော်မူ​၏​။

MYANMAR STANDARD BIBLE©

Copyright © 2012, 2014, 2017, 2021 by Global Bible Initiative

Global Bible Initiative
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ