တရားဟော 31:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက် ထာဝရဘုရားက မောရှေအား “ကြည့်ရှုလော့။ သင်သေရမည့်အချိန်နီးပြီ။ ယောရှုအား ငါတာဝန်ပေးအပ်မည်ဖြစ်၍ သူ့ကိုခေါ်ပြီး တွေ့ဆုံစည်းဝေးရာတဲတော်၌ ရပ်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် မောရှေနှင့်ယောရှုတို့သွား၍ တွေ့ဆုံစည်းဝေးရာတဲတော်၌ရပ်နေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊- အခန်းကိုကြည့်ပါ။Garrad Bible14 ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ သင် သေ ချိန် နီး ပြီ ဖြစ် သော ကြောင့်၊ ငါ ခန့် ထား အံ့ သော ငှါ ယော ရှု ကို ခေါ်၍၊ တွေ့ ဆုံ ရာ တဲ တော် အ တွင်း နှစ် ဦး လုံး ခ စား ကြ လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ မော ရှေ နှင့် ယော ရှု တို့ သည် တွေ့ ဆုံ ရာ တဲ တော် တွင်း သို့ ဝင် ရောက် ခ စား ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
မြေကြီးသားတို့သွားရာလမ်းအတိုင်း ယနေ့ ငါလည်း သွားရတော့မည်။ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောကောင်းကျိုးချမ်းသာဆိုင်ရာကတိတော်ဟူသမျှ တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာကြောင်းကို သင်တို့၏စိတ်နှလုံး၊ စိတ်ဝိညာဉ်ထဲမှ အကြွင်းမဲ့သိကြ၏။ သင်တို့အဖို့ ထိုကတိတော်တို့သည် တစ်စုံတစ်ခုမျှမပျက်၊ အလုံးစုံပြည့်စုံလာ၏။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။