လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ထွက်မြောက် 32:1 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် တောင်ပေါ်မှမဆင်းလာသေးဘဲ ကြန့်ကြာနေသည်ကို လူတို့သိသောအခါ အာရုန်ထံသို့စုရုံးလာ၍ “ထပါ။ ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့ လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ”ဟု ဆိုကြ၏။ Common Language Bible မောရှေသည်တောင်အောက်သို့မဆင်းဘဲ တောင် ပေါ်တွင်ကြာမြင့်စွာနေသောအခါ၊ လူတို့ သည်အာရုန်ထံသို့စုရုံးရောက်ရှိလာပြီး လျှင်``အကျွန်ုပ်တို့အားအီဂျစ်ပြည်မှထုတ် ဆောင်ခဲ့သောမောရှေအဘယ်သို့ဖြစ်သည် ကို အကျွန်ုပ်တို့မသိရသဖြင့်အကျွန်ုပ်တို့ ကိုရှေ့ဆောင်မည့်ဘုရားတစ်ဆူကိုသွန်း လုပ်ပေးပါလော့'' ဟုတောင်းဆိုကြ၏။ Garrad Bible မော ရှေ သည် တောင် ပေါ် မှ ဆင်း လာ ရန် ဖင့် နွှဲ ကြောင်း ထို လူ မျိုး သိ သော အ ခါ အာ ရုန့် ထံ စု ရုံး ကြ ပြီး လျှင် ထ ပါ၊ ငါ တို့ ရှေ့ က ကြွ သွား မည့် ဘု ရား များ ကို လုပ် ပေး ပါ။ ငါ တို့ ကို အိ ဂျစ် ပြည် မှ ဆောင် ခဲ့ သော မော ရှေ ဆို သူ၌ မည် သို့ ဖြစ် သည် ကို မ သိ ပါ ဟု လျှောက် ကြ လျှင်၊ Judson Bible မောရှေသည် တောင်ပေါ်မှာ ကြာမြင့်စွာရှိနေကြောင်းကို လူများတို့သည် သိမြင်သောအခါ၊ အာရုန်ထံသို့စည်းဝေးကြ၍၊ ထပါ။ ငါတို့ရှေ့မှာသွားရသော ဘုရားတို့ကို ငါတို့အဖို့လုပ်ပါ။ ငါတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်သော ထိုမောရှေ၌ အဘယ်သို့ဖြစ်သည်ကို ငါတို့မသိပါဟု ပြောဆိုကြ၏။ |
လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
အဘိမလက်မင်းကြီးကလည်း “ဤအမှုကို မည်သူပြုသည်ကို ငါမသိ။ သင်သည်လည်း ငါ့ကိုမပြော။ ငါသည်လည်း ယနေ့တိုင်အောင် မကြား”ဟု ဆို၏။
ယောသပ်သည် ငြင်းဆန်၍ သူ့သခင်၏မယားအား “အကျွန်ုပ်၏သခင်သည် အိမ်၌ရှိသောအရာတို့ကိုမသိမမှတ်ပါ။ သူ၌ရှိသမျှသောအရာတို့ကို အကျွန်ုပ်လက်သို့အပ်ပါပြီ။
ယောသပ်က သူတို့အား “သင်တို့ပြုသောဤအမှုကား မည်သို့နည်း။ ငါကဲ့သို့သောလူသည် နိမိတ်ဖတ်တတ်ကြောင်းကို သင်တို့မသိကြသလော”ဟု ဆိုလေ၏။
သူတို့သည် မြို့မှထွက်၍ အဝေးသို့မရောက်သေးမီ ယောသပ်သည် မိမိ၏အိမ်ထိန်းအား “ထလော့။ သူတို့နောက်သို့လိုက်လော့။ သူတို့ကိုမီသောအခါ ‘သင်တို့သည် အဘယ်ကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်ရသနည်း။
သူတို့သည် ဟောရပ်တောင်နားတွင် နွားသငယ်ရုပ်ကို သွန်းလုပ်၍ ထိုသွန်းလုပ်သောရုပ်တုကို ရှိခိုးကိုးကွယ်ကြ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
မောရှေကိုလည်း “အီဂျစ်ပြည်၌ သင်္ချိုင်းမရှိသောကြောင့် တောကန္တာရထဲ၌သေစေရန် ငါတို့ကိုခေါ်ဆောင်လာခဲ့သလော။ ငါတို့အား အဘယ်ကြောင့် ဤသို့ပြုသနည်း။ ငါတို့ကို အီဂျစ်ပြည်ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်ခဲ့သနည်း။
အစ္စရေးအမျိုးသားတို့က မောရှေနှင့်အာရုန်အား “ငါတို့သည် အီဂျစ်ပြည်တွင် အသားဟင်းအိုးဘေး၌ထိုင်၍ မုန့်ကိုဝစွာစားလျက်နေစဉ် ထာဝရဘုရား၏လက်တော်ဖြင့် ငါတို့သေရလျှင်ကောင်း၏။ ယခုမူကား သင်တို့သည် ဤလူအစုအဝေးအပေါင်းတို့ကို ငတ်မွတ်၍ သေစေရန် ဤတောကန္တာရထဲသို့ ခေါ်ဆောင်ခဲ့ကြသည်တကား”ဟု ညည်းညူပြကြ၏။
သင်တို့သည် ငါနှင့်ယှဉ်၍ သင်တို့အဖို့ ရွှေဘုရားငွေဘုရားများကိုလည်း မပြုလုပ်ရ။
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
မောရှေသည် တိမ်တိုက်ထဲသို့ဝင်၍ တောင်ပေါ်သို့တက်သွားပြီးလျှင် ထိုတောင်ပေါ်၌ ရက်ပေါင်းလေးဆယ်နေလေ၏။
ထိုအခါ မောရှေက မိမိ၏ဘုရားသခင် ထာဝရဘုရားအား “အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမားသောတန်ခိုး၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့သော ကိုယ်တော်၏လူမျိုးတော်ကို အဘယ်ကြောင့် အမျက်ထွက်တော်မူပါသနည်း။
အာရုန်က “အကျွန်ုပ်၏သခင်၊ အမျက်ထွက်တော်မမူပါနှင့်။ ဤလူတို့သည် မကောင်းမှုကိုပြုတတ်ကြောင်း သခင်သိပါ၏။
သူတို့က အကျွန်ုပ်အား ‘ငါတို့ရှေ့မှကြွမည့်ဘုရားကို ငါတို့အဖို့လုပ်ပေးပါ။ အီဂျစ်ပြည်မှ ငါတို့ကို ထုတ်ဆောင်လာသော ထိုမောရှေဆိုသူ၌ မည်သို့ဖြစ်သည်ကို ငါတို့မသိပါ’ဟု ဆိုကြ၏။
ထာဝရဘုရားက မောရှေအား “ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်ခဲ့သော သင်၏လူတို့သည် ဖောက်ပြန်ကြလေပြီ။
နို့နှင့်ပျားရည်စီးသောပြည်သို့ သွားလော့။ သို့သော် သင်နှင့်အတူ ငါမသွား။ အကြောင်းမူကား သင်သည် ခေါင်းမာသောလူမျိုးဖြစ်၏။ လမ်းခရီး၌ သင့်ကို ငါဖျက်ဆီးမိမည်စိုး၏”ဟု မိန့်တော်မူ၏။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
ထာဝရဘုရားသည် ပရောဖက်အားဖြင့် အစ္စရေးကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ ပရောဖက်အားဖြင့် စောင့်ရှောက်တော်မူခဲ့၏။
ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ရွေးနုတ်ခေါ်ဆောင်ခဲ့ပြီ။ သင့်ကိုဦးဆောင်မည့် မောရှေ၊ အာရုန်နှင့်မိရိအံတို့ကို စေလွှတ်ပေးခဲ့ပြီ။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် သတိနှင့်စောင့်နေလျက် မိမိအိမ်ကိုဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။
သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာနေ၏’ဟု ဆိုလျက်
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်ကို လူ၏အတတ်ပညာနှင့်စဉ်းစားဆင်ခြင်မှုတို့ဖြင့် ရွှေ၊ ငွေ၊ ကျောက်တုံးတို့ကိုထွင်းထုပြုလုပ်ထားသည့် ရုပ်တုနှင့်တူသည်ဟုမထင်မှတ်သင့်ပေ။
သို့သော် သင်တို့မြင်ရ၊ ကြားရသည့်အတိုင်း ဤပေါလုဆိုသူက လူ့လက်ဖြင့်လုပ်သောအရာများသည် ဘုရားမဟုတ်ဟုဆိုလျက် ဧဖက်မြို့သာမကအာရှပြည်တစ်ပြည်လုံးနီးပါး၌ များစွာသောလူတို့ကို စည်းရုံးပြီး လမ်းလွဲစေခဲ့၏။
အာရုန်အား ‘ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော ထိုမောရှေသည် မည်သို့ဖြစ်သွားသည်ကို ငါတို့မသိကြသည်ဖြစ်၍ ငါတို့ရှေ့မှကြွသွားမည့်ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ’ဟု တောင်းဆိုကြ၏။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ယနေ့ သင်သည် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကိုသွား၍နှင်ထုတ်ရန် ဂျော်ဒန်မြစ်ကိုကူးသွားရတော့မည်။ မြို့များသည် ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။
ထလော့။ လူတို့ကို သန့်ရှင်းစေလော့။ သူတို့အား ‘မနက်ဖြန်အတွက် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက “အို အစ္စရေးလူမျိုးတို့၊ သင်တို့အလယ်၌ ကျိန်ခြင်းခံရသောအရာရှိ၏။ ထိုကျိန်ခြင်းခံရသောအရာကို သင်တို့ထဲမှမဖယ်ရှားမချင်း သင်တို့သည် ရန်သူတို့ကို ရင်ဆိုင်နိုင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။