တရားဟော 9:1 - မြန်မာ့စံမီသမ္မာကျမ်း1 အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ယနေ့ သင်သည် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကိုသွား၍နှင်ထုတ်ရန် ဂျော်ဒန်မြစ်ကိုကူးသွားရတော့မည်။ မြို့များသည် ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ``ဣသရေလအမျိုးသားတို့နားထောင်ကြ လော့။ သင်တို့သည်ယနေ့ယော်ဒန်မြစ်တစ်ဘက် သို့ကူးပြီးလျှင် သင်တို့ထက်များပြား၍အင် အားကြီးသောလူမျိုးများ၏ပြည်ကိုသိမ်း ယူရတော့မည်။ သူတို့၏မြို့တို့သည်ကြီး၍ မိုးထိမြင့်သောမြို့ရိုးဖြင့်ကာကွယ်ထား၏။- အခန်းကိုကြည့်ပါ။Garrad Bible1-2 အို ဣ သ ရေ လ လူ မျိုး၊ နား ထောင် ကြ ဦး။ အာ န က အ မျိုး သား တို့ ရှေ့ မည် သူ ခံ ရပ် နိုင် သ နည်း ဟူ သော အ ကြောင်း သ တင်း ကို ကြား ရ သည့် အ တိုင်း၊ သင် တို့ ထက် ခွန် အား တန် ခိုး ကြီး သော လူ မျိုး၊ အ ရပ် အ မောင်း ကြီး မြင့် သော လူ မျိုး၊ သင် တို့ သိ သော အာ န က လူ မျိုး နှင့်၊ ကောင်း ကင် အ ထိ မြင့် သော ခံ မြို့ ကြီး များ ကို တိုက် ယူ ခြင်း ငှါ၊ ယ ခု ပင် ယော် ဒန် မြစ် ကို ကူး ချီ၍ ဝင် ရောက် ကြ တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible1 အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ကိုထိသောမြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။ |
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
ထာဝရဘုရားသည် သင်တို့ကဲ့သို့ သင်တို့၏အမျိုးသားချင်းတို့ကို အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ပေးသည်အထိ၊ သူတို့အား ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ကို အပိုင်ရသည်အထိ သူတို့ကို ကူညီရမည်။ ပြီးမှ သင်တို့ပြန်လာ၍ သင်တို့အားထာဝရဘုရား၏အစေအပါးမောရှေ ပေးခဲ့သော ဂျော်ဒန်မြစ်တစ်ဖက်၊ နေထွက်ရာအရပ်ကို သင်တို့ပိုင်ဆိုင်ရမည်”ဟု ဆိုလေ၏။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။