ထွက်မြောက် 24:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ထာဝရဘုရားကမောရှေအား``ငါရှိရာ တောင်ပေါ်သို့တက်လာလော့။ လူတို့ကိုသွန် သင်ရန်အတွက် ငါရေးထားသောပညတ်အား လုံးပါရှိသည့်ကျောက်ပြားနှစ်ပြားကိုသင့် အားငါအပ်ပေးမည်'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား က လည်း ငါ ရှိ ရာ တောင် ပေါ် သို့ တက်၍ နေ လော့။ သွန် သင် ပေး ရန် ငါ ရေး ထား သော ပ ညတ် တော်၊ တ ရား တော်၊ ကျောက် ပြား များ ကို သင်၌ ငါ အပ် မည် ဟု မော ရှေ အား မိန့် တော် မူ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible12 ထာဝရဘုရားကလည်း၊ ငါရှိရာတောင်ပေါ်သို့ တက်၍နေလော့။ လူများတို့အား သွန်သင်ဖို့ရာ ကျောက်ပြားပေါ်မှာ ငါရေးထားသောပညတ်တရားများကို သင်၌ ငါအပ်ပေးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က “တောင်ပေါ်သို့သွား၍ ထာဝရဘုရားရှေ့တော်တွင် ရပ်နေလော့”ဟု သူ့အား မိန့်တော်မူ၏။ ထာဝရဘုရားဖြတ်လျှောက်တော်မူလျှင် ပြင်းထန်သောလေအဟုန်ကြောင့် တောင်များအက်ကွဲကုန်၏။ ထာဝရဘုရားရှေ့မှောက်တွင် ကျောက်များကျိုးပဲ့ကုန်၏။ သို့သော် ထာဝရဘုရားသည် လေထဲ၌ ရှိတော်မမူ။ လေတိုက်ပြီးမှ ငလျင်လှုပ်၏။ သို့သော် ထာဝရဘုရားသည် ငလျင်ထဲတွင်လည်း ရှိတော်မမူ။