Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 14:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 မောရှေ​ကို​လည်း “​အီဂျစ်​ပြည်​၌ သင်္ချိုင်း​မ​ရှိ​သောကြောင့် တောကန္တာရ​ထဲ၌​သေ​စေရန် ငါ​တို့​ကို​ခေါ်ဆောင်​လာ​ခဲ့​သလော​။ ငါ​တို့​အား အဘယ်ကြောင့် ဤသို့​ပြု​သနည်း​။ ငါ​တို့​ကို အီဂျစ်​ပြည်​ထဲမှ အဘယ်ကြောင့် ထုတ်ဆောင်​ခဲ့​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သူ​တို့​က​မော​ရှေ​အား``အီ​ဂျစ်​ပြည်​တွင် သင်္ချိုင်း မ​ရှိ​သော​ကြောင့် တော​ကန္တာ​ရ​ထဲ​၌​သေ​စေ ရန်​အ​ကျွန်ုပ်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ပါ​သ​လော။ အ​ကျွန်ုပ်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော​ကြောင့် ယ​ခု​မည်​ကဲ့​သို့​သော​အ​ခြေ အ​နေ​မျိုး​သို့​ဆိုက်​ရောက်​ကာ​နေ​သည်​ကို ကြည့်​ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 အိ ဂျစ် ပြည် တွင် သင်္ချိုင်း မ ရှိ သော ကြောင့် တော၌ သေ စေ ရန် ငါ တို့ ကို ဆောင် ခဲ့ သ လော။ အိ ဂျစ် ပြည် မှ ထုတ် ဆောင်၍ မည် သို့ ပြု ဘိ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 မော​ရှေ​ကို​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​သင်္ချိုင်း​မ​ရှိ​သော​ကြောင့်၊ ဤ​တော၌ သေ​စေ​ခြင်း​ငှာ ငါ​တို့​ကို​ဆောင်​ခဲ့​သ​လော။ ငါ​တို့​ကို ဤ​သို့​ပြု၍၊ အဲ​ဂု​တ္တု​ပြည်​မှ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 14:11
14 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​က​လည်း “​သင်​တို့​သည် သင်​တို့​၌​ညီ​နောက်တစ်ယောက်​ရှိ​သေး​ကြောင်း ထို​သူ​အား​ပြော​ပြီး အဘယ်ကြောင့် ငါ့​ကို​ဒုက္ခရောက်​စေ​သနည်း​”​ဟု ဆို​၏​။


အစ္စရေး​လူမျိုး​တို့​ကို ဖာရော​မင်းကြီး​လွှတ်ပေး​သောအခါ ဘုရားသခင်​က “ဤ​လူမျိုး​သည် စစ်မှု​နှင့်​တွေ့​လျှင် စိတ်ပြောင်းသွား​၍ အီဂျစ်​ပြည်​သို့ ပြန်သွား​လိမ့်မည်”​ဟု ဆို​ပြီး ဖိလိတ္တိ​ပြည်​ဘက်​သွား​သော​လမ်း​သည် နီး​သော်လည်း သူ​တို့​အား ထို​လမ်း​ဖြင့်​ပို့ဆောင်​တော်​မ​မူ​ပေ​။


မောရှေ​သည် တောင်​ပေါ်မှ​မ​ဆင်းလာ​သေး​ဘဲ ကြန့်ကြာ​နေ​သည်​ကို လူ​တို့​သိ​သောအခါ အာရုန်​ထံသို့​စုရုံး​လာ​၍ “​ထ​ပါ​။ ငါ​တို့​ရှေ့​မှ​ကြွ​မည့်​ဘုရား​ကို ငါ​တို့​အဖို့ လုပ်ပေး​ပါ​။ အီဂျစ်​ပြည်​မှ ငါ​တို့​ကို ထုတ်ဆောင်​လာ​သော ထို​မောရှေ​ဆို​သူ​၌ မည်သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​”​ဟု ဆို​ကြ​၏​။


“​သင်​တို့​သည် ဖာရော​မင်းကြီး​နှင့်​သူ​၏​အမှုထမ်း​တို့​ရှေ့​တွင် ငါ​တို့​ကို စက်ဆုပ်ရွံရှာဖွယ်​အပုပ်ကောင်​ဖြစ်​စေ​ပြီး ငါ​တို့​ကို​သတ်​ရန် သူ​တို့​လက်​ထဲသို့ ဓား​ထည့်ပေး​သောကြောင့် ထာဝရဘုရား​သည် သင်​တို့​ကို​ကြည့်​၍ တရားစီရင်​တော်မူ​ပါစေသော​”​ဟု သူ​တို့​အား ဆို​၏​။


မောရှေ​သည် ထာဝရဘုရား​ထံသို့​ပြန်လာ​၍ “​အို ဘုရားရှင်​၊ ကိုယ်တော်​သည် ဤ​လူမျိုး​ကို အဘယ်ကြောင့် ဒုက္ခရောက်​စေ​တော်မူ​သနည်း​။ အကျွန်ုပ်​ကို အဘယ်ကြောင့် စေလွှတ်​တော်မူ​သနည်း​။


လူ​တို့​သည် မိမိ​တို့​ခံရ​သော​ဆင်းရဲဒုက္ခ​အကြောင်း​ကို ထာဝရဘုရား​ကြားသိ​အောင် ညည်းညူ​ကြ​၏​။ ထာဝရဘုရား​ကြား​တော်မူ​သောအခါ အမျက်ထွက်​၍ သူ​တို့​အလယ်​တွင် ထာဝရဘုရား​၏​မီး​တောက်လောင်​လေ​၏​။ ထို​မီး​သည် တပ်စခန်း​၏​အစွန်အဖျား​ကို လောင်ကျွမ်း​သဖြင့်


ကိုယ်တော်​သည် အကျွန်ုပ်​အား ဤသို့​ပြု​တော်မူ​မည်​ဆိုလျှင် ယခုပင် အကျွန်ုပ်​ကို ကွပ်မျက်​တော်မူ​ပါ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​မျက်မှောက်​၌ မျက်နှာရ​မည်​ဆိုလျှင် အကျွန်ုပ်​သည် ဆင်းရဲဒုက္ခ​နှင့် မ​ကြုံတွေ့​ပါရစေ​နှင့်​”​ဟု လျှောက်ဆို​လေ​၏​။


အီဂျစ်​ပြည်​၌​လည်းကောင်း​၊ တောကန္တာရ​၌​လည်းကောင်း ငါ​ပြ​ခဲ့​သော​နိမိတ်လက္ခဏာ​များ​နှင့် ငါ​၏​ဘုန်းအသရေ​ကို လူ​အပေါင်း​တို့​သည် တွေ့မြင်​လျက်​နှင့် ငါ့​ကို​ဆယ်​ကြိမ်​တိုင်အောင်​အကဲစမ်း​၍ ငါ့​စကား​ကို နား​မ​ထောင်​ကြ​သောကြောင့်


နောက်တစ်နေ့​တွင် အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​က မောရှေ​နှင့်​အာရုန်​အား “​သင်​တို့​သည် ထာဝရဘုရား​၏​လူ​တို့​ကို သတ်​ကြ​ပြီ​”​ဟု အပြစ်တင်​ပြောဆို​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ